အင်စတာဂရမ်ဓာတ်ပုံတွေကို ဖုန်းကာဗာအဖြစ် ပြောင်းလဲပြီး တစ်နှစ်ဝင်ငွေ သန်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့သူ

အင်စတာဂရမ်ပေါ်က ဓာတ်ပုံတွေကို ဖုန်းကာဗာဒီဇိုင်း ဖန်တီးတဲ့ အိုင်ဒီယာကြောင့် ဟောင်ကောင် လုပ်ငန်းရှင် ဝက်စလေအင်းဟာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကို ဖန်တီးနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အင်စတာဂရမ် လူမှုကွန်ရက်ကို ကြည့်ရင်း ဝက်စလေက အခုလို အကြံရခဲ့တာပါ။

Read more

မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ

ရောဂါဖြစ်နိုင်တဲ့ ပိုးမွှားတွေက ကျွန်တော်တို့ရဲ့နေအိမ်မှာ တစ်နည်းနည်းနဲ့ ခိုအောင်းနေတယ်ဆိုတာ သိကြပါသလား။ ကြည့်ရင်တော့ ဘယ်မှမဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အိမ်သုံးပစ္စည်းတော်တော်များများက အဆိပ်သင့်စေတဲ့ဓာတုပစ္စည်းတွေ သိုလှောင်ထားနိုင်ပါတယ်။ နေအိမ်မှာ ရှိနေတဲ့ ဘယ်လိုပစ္စည်းတွေက အဆိပ်သင့်စေလဲ ဆိုတာ စာဖတ်ပရိသတ်တွေ သိချင်မိကြမှာပါ။ အဲဒါတွေကတော့

ပလတ်စတစ်ဗူး

Read more

ဂင်းနစ် ကမ္ဘာ့ စံချိန်တင်တော့မယ့် iPhone 15 Pro Max

Apple က iPhone 15 Pro Max ကို ကြေညာခြင်း မရှိသေးပေမယ့် အဲဒီဖုန်းရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပါပြီ။ iPhone 15 Pro Max ဟာ အပါးလွှာဆုံး မျက်နှာပြင်ဘေးဘောင်တွေ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်မယ်လို့ သိရပါတယ်။

Read more

ပေါ်တူဂီအသင်းတွင် ရော်နယ်ဒိုကို နည်းပြသစ် ရွေးချယ်

အခုလအတွင်း ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် ပေါ်တူဂီအသင်း လူစာရင်းကို နည်းပြသစ် ရော်ဘတ်တိုမာတီနက်ဇ်ကို ထုတ်ပြန်ခဲ့ရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတုန်းက ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းနည်းပြ ဟောင်း ဖာနန်ဒိုဆန်းတို့စ်က အရန်ခုံပါ ပို့ထားခဲ့တာပါ။ ကမ္ဘာ့ဖလား အပြီးမှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအခြေအနေတွေအရ ရော်နယ်ဒိုအနေနဲ့ အသက်အရွယ် အရရော၊ ခြေစွမ်းပါ အကောင်းဆုံး အနေအထားကို ကျော်သွားပြီဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ပေါ်တူဂီအသင်း နည်းပြသစ် မာတီနက်ဇ်ကတော့ လက်ရွေးစင် အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့တာပါ။

Read more

အင်ဒီးယန်းဝဲလ်ဖိုင်နယ်ကို မက်ဗီဒက်ဗ် တက်ရောက်

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အင်ဒီးယန်းဝဲလ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲအဖြစ် မက်ဗီဒက်ဗ်နဲ့ အမေရိကန်နိုင်ငံသား တီယာဖိုတို့ ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး လက်စွမ်းချင်းသိပ်မကွာကြလို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

Read more

စီးရီးအေတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် အီဘရာဟီမိုဗစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးကစားခွင့်ရရှိ

အေစီမီလန်အသင်းမှ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အူဒီးနီးစ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပြီးနောက်  စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းအနေဖြင့် အေစီမီလန်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခြင်းလည်းဖြစ်သည်။

Read more

အူဆိုက်ဘက်မှ ဝေဖန်လာချိန်တွင် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ထိုးသတ်မည်ဟု တိုင်ဆန်ဖျူရီ အတည်ပြု

WBA (Super) ၊ IBF နှင့် WBO ချန်ပီယံဖြစ်သူ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ပြုလုပ်သွားမည်ဟု WBC ချန်ပီယံ တိုင်ဆန်ဖျူရီက အတည်ပြုပြောကြားခဲ့သည်။

အူဆိုက်၏ပွဲစီစဉ်သူ အလက်ဇန္ဒားခရက်စ်ယူက မတ်လ(၁၃)ရက်တွင် တိုင်ဆန်ဖျူရီသည် အူဆိုက်ကို ရင်ဆိုင်ရန် ကြောက်ရွံ့နေကြောင်း စကားစစ်ထိုးပြီးနောက် တိုင်ဆန်ဖျူရီက ပွဲနေ့ကိုပါ အတည်ပြုသွားခဲ့ခြင်းဖြစ်သည်။

Read more

အမေရိကန်သမ္မတဟောင်း နပန်းပွဲ သွားရောက်ကြည့်ရှု

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ သူအဖမ်းခံရတော့မယ့်အချိန် နီးကပ်လာပြီလို့ ပြောခဲ့ပြီးနောက် မှာပဲ စနေနေ့ညက အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့မှာကျင်းပတဲ့ နပန်းပွဲတစ်ပွဲကို တက်ရောက် ကြည့်ရှု ခဲ့ပါတယ်။ သမ္မတဟောင်း ထရမ့်ဟာ သူနဲ့လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ လိင်အပျော်မယ် တစ်ယောက်ကို နှုတ်ပိတ်ခပေးခဲ့မှုအတွက် စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

Read more

ဩစတြေးလျရှိ မြစ်တစ်စင်းတွင် ငါးသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွား

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၏ မြို့တော် မန်နင်ဒီရှိ မြစ်ထဲတွင် ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းဒေသခံနှင့် တာဝန်ရှိသူများက မတ် ၁၇ ရက်တွင်ပြောသည်။

ငါးများသေဆုံးမှုကို မတ် ၁၇ ရက်တွင် ဒေသခံများက စတင်တွေ့ရှိခဲ့သည်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေသည့် အပူလှိုင်းကြောင့် ငါးများသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောသည်။

Read more

တောင်ကိုရီးယားမှာ အသက် ၆၀ ကျော် အလုပ်သမား တိုးလာ

တောင်ကိုရီးယားမှာ အသက် ၆၀ နဲ့ အထက်အသက်အရွယ်တွေ လုပ်ငန်းခွင်တွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပမာဏာဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း နှစ်ဆကျော် တိုးလာခဲ့ပါတယ်။

အခုလို အသက် ၆၀ ကျော် အရွယ် သက်ကြီးအရေအတွက် လုပ်ငန်းခွင်တွေမှာ တိုးလာတာဟာ တိုးမြင့်လာတဲ့ လူနေမှုစရိတ်တွေအတွက် လူတွေအခုလို အလုပ်ပိုလုပ်ရဖို့ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

Read more