ကြူကုတ်-ဝမ်တိန်တံတား မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက် ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသည့် မြန်မာ-တရုတ်ကြူကုတ်-ဝမ်တိန် ချစ်ကြည်ရေးတံတား မတ် ၂၀ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးတံတားကို ကိုဗစ်(၁၉) ရောဂါကြောင့် သုံးနှစ်ကျော်ခန့် ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် မြန်မာတရုတ် နှစ်နိုင်ငံရှိ ဒေသခံပြည်သူများ၊ အပြန်အလှန် ဝင်ထွက်သွားလာနိုင်ပြီး ရင်းနှီးချစ်ကြည်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ လူမှုစီးပွားဘ၀များလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Read more

ယူကရိန်းစစ်ဖြစ်ပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံးသွားသည့် ရှီကျင့်ဖျင်

(FILES) In this file photo taken on September 11, 2018, Russia’s President Vladimir Putin (R) shakes hands with his Chinese counterpart Xi Jinping during a signing ceremony following the Russian-Chinese talks on the sidelines of the Eastern Economic Forum in Vladivostok. – Chinese President Xi Jinping begins a state visit to Russia on March 20, 2023, a trip Beijing has touted as a “visit for peace” as it seeks to play mediator in Vladimir Putin’s war in Ukraine. (Photo by SERGEI CHIRIKOV / POOL / AFP)

ဖေဖော်ဝါရီတွင် ဘေဂျင်းက ကြေညာခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်အရ မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပြန်လည်ညှိနှိုင်းဆွေးနွေး ဖျန်​ဖြေပေးဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည်သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်။

Read more

အမေရိကကို တန်ပြန်ရန်အတွက် နျူလက်နက်များ အဆင်သင့်ပြင်ထားရန် ကင်မ်ဂျုံအန်း နှိုးဆော်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ၎င်း၏နိုင်ငံအား စစ်ပွဲအတွင်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် အတွက် နျူကလီယားလက်နက်များ အဆင်သင့်ပြင်ထားရန် နှိုးဆော်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန ဖြစ်သည့် ကေအင်န်စီအေ က မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ကင်မ်၏ အဆိုပါမှတ်ချက်မှာ အမေရိကနှင့် တောင်ကိုရီးယား၏ ပူးတွဲ စစ်ရေးလေ့ကျင့်နေမှုများကို သတိပေးသည့် အနေဖြင့် မြောက်ကိုရီးယားက စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့စဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

Read more

ထိုင်းပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး လာမည့်မေလထဲတွင် ရွေးကောက်ပွဲကျင်းပမည်

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းသည် မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ပါလီမန်ကို ဖျက်သိမ်းရန် ဒီကရီအမိန့် ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖျက်သိမ်းလိုက်သဖြင့် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများကို ကျင်းပတော့မည်ဖြစ်သည်။

အဆိုပါ အတည်ပြု ဒီကရီအမိန့်ကို မတ်လ ၁၇ ရက်နေတွင် ထုတ်ပြန်ခဲ့ပြီး တနင်္လာနေ့၌ စတင် အာဏာ သက်ရောက်ခြင်းဖြစ်သည်။

Read more

Foldable iPhone နဲ့ iPad ကို ထုတ်လုပ်ရောင်းချဖို့ နီးလာပြီ

Apple ဟာ Foldable iPhone ကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပြီး အဲဒီဖုန်းအတွက် Patent တွေကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် မဝေးတော့တဲ့ အနာဂတ်မှာ Foldable iPhone ထွက်လာနိုင်ပါတယ်။

Read more

တရုတ်နိုင်ငံပိုင်မီဒီယာရဲ့ မှတ်ဉာဏ်တုနည်းပညာအသုံးပြု သတင်းကြေညာသူ စက်ရုပ်

တရုတ်နိုင်ငံပိုင် မီဒီယာ People’s Daily က မှတ်ဉာဏ်တုနည်းပညာအသုံးပြုတဲ့ သတင်းကြေညာသူ စက်ရုပ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ရန်ရှောင်းရွန်လို့ အမည်ရတဲ့ chatbot ဟာ သတင်းကြေညာသူ ထောင်ပေါင်းများစွာရဲ့ နည်းနာတွေကို လေ့လာထားပြီး ပရိသတ်တွေ ရှာဖွေနေတဲ့ သတင်းတွေကို ၂၄ နာရီပတ်လုံး ကြေညာပေးနေမှာ ဖြစ်ပါတယ်။ ပညာရေး၊ ကပ်ရောဂါကာကွယ်ရေး၊ အိမ်ခြံမြေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အစရှိတဲ့ သတင်းအကြောင်းအရာ အမျိုးမျိုးအတွက် ယေဘုယျအဖြေတွေကို ဖြေဆိုပေးနိုင်စွမ်း ရှိပေမဲ့ Open AI ရဲ့ ChatGPT chatbot ရဲ့ စွမ်းဆောင်ရည်ကိုတော့ မမီသေးဘူးလို့ ဆိုပါတယ်။  Team (ရိုးရာလေး)

Read more

၅ နှစ်အတွင်း သစ်ပင် ၁ ဘီလျံအထိ စိုက်ပျိုးပေးမယ့် ဒရုန်းများ

၅ နှစ်အတွင်း သစ်ပင် ၁ ဘီလျံအထိ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ကနေဒါအခြေစိုက် တက်သစ်စကုမ္ပဏီ Flash Forest က မောင်းသူမဲ့ယာဉ်တွေကို အသုံးပြုလျက် ရှိပါတယ်။ သူတို့ကုမ္ပဏီရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းတွေဟာ သစ်ပင်စိုက်တဲ့နေရာမှာ လူသားတွေထက် ၁၀ ဆ ပိုမြန်ပြီး သမားရိုးကျ နည်းလမ်းတွေနဲ့ယှဉ်ရင်လည်း ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းလောက် သက်သာတယ်လို့ ဆိုပါတယ်။

Read more

ချစ်သူသက်တမ်း ၈ နှစ်အကြာမှာ ရွှေလက်တွဲကြတော့မယ့် အဆိုတော် ဆဲဗင်းနဲ့ မင်းသမီးလီဒါဟေး (ချိုဝမ်)

“My Girl” ဇာတ်လမ်းတွဲနဲ့ ချိုဝမ်အဖြစ် မြန်မာပရိသတ်တွေ သိထားကြတဲ့ မင်းသမီးလီဒါဟေးဟာ ၈ နှစ်တာ တွဲလာခဲ့တဲ့ သူ့ချစ်သူကောင်လေး အဆိုတော် ဆဲဗင်းနဲ့ လက်ထပ်တော့မှာပါ။ မတ်လ ၂၀ ရက်နေ့မှာ သူတို့စုံတွဲ လက်ထပ်တော့မယ့်သတင်းကို သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေကတဆင့် ပရိသတ်တွေကို အသိပေးလိုက် တာပါ။ အဆိုတော် ဆဲဗင်းက အခုလို စာရေးသားပြီး အသိပေးခဲ့တာပါ။

Read more

တစ်နေကုန်အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ

သင်က ထိုင်ခုံမှာ ကော်နဲ့ကပ်ထားသလို တစ်နေ့ကုန်ထိုင်နေပြီး ရုံးအလုပ်တွေကို အချိန်မီပြီးစီးဖို့အတွက် ကွန်ပျူတာပဲ သုံးနေရင်တော့ အဲဒီလိုအပြုအမူမျိုးက သင့်ကျန်းမာရေးအတွက် ကောင်းတဲ့ရလဒ်တော့ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ သင်က ရုံးမှာ အချိန်ကြာကြီး ထိုင်ပြီး အလုပ်လုပ်နေရတယ်ဆိုရင် တစ်နေ့ကုန် အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ မျှဝေပေးလိုက်ရပါတယ်။

နှလုံးပြဿနာများ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပညာသင်တန်း အမှတ်စဉ်(၁) စာတမ်းဖတ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မတ် ၁၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းတွင် ၆-၃-၂၀၂၃ ရက်နေ့မှ ၁၇-၃-၂၀၂၃ ရက်နေ့အထိ ရက်သတ္တ (၂)ပတ်တာ ဖွင့်လှစ်ခဲ့သည့် ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်နည်းပြသင်တန်း အမှတ်စဉ်(၁)၏ စာတမ်းဖတ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ၁၇-၃-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

Read more