နော်ဝေလက်ရွေးစင်အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဟာလန်း

မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားမယ့် နော်ဝေအသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ နော်ဝေအသင်းဟာ စပိန်၊ ဂျော်ဂျီယာတို့နဲ့ကစားရမှာဖြစ်ပြီး ဟာလန်း မပါဝင်နိုင်တဲ့အတွက် တိုက်စစ်ပိုင်းက အားနည်းသွားဖွယ်ရှိနေပါတယ်။

ဟာလန်းကတော့ ဘန်လေအသင်းကို ၆ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Read more

ပြင်သစ်လက်ရွေးစင်ရဲ့ အသင်းခေါင်းဆောင်ဖြစ်လာတဲ့ အုပ်ကြီး ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမား ဟူဂို လိုရစ်အနားယူသွားခဲ့တာကြောင့် သူ့ရဲ့နေရာကို အမ်ဘတ်ပေက ဆက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။

Read more

အိန္ဒိယဟာ 5G ရတဲ့ အမြန်ဆုံး နိုင်ငံစာရင်းမှာ ပါဝင်လာ

5G ဟာ အလွန်လျှင်မြန်ပြီး Latency နည်းတဲ့အတွက် နိုင်ငံများစွာက 5G ရအောင်ကြိုးစားနေကြပါတယ်။ အိန္ဒိယဟာ 5G ကို အရင်ဆုံးရခဲ့တာ မဟုတ်ပေမယ့် အခုတော့ 5G ရတဲ့ အမြန်ဆုံး နိုင်ငံတွေထဲမှာ ၁ နိုင်ငံ ဖြစ်လာပါပြီ။

Read more

ဒါရိုက်တာ Jordan Peele ရဲ့ ရုပ်ရှင်သစ်ကို ၂၀၂၄ မှာ ရုံတင်ပြသမယ်

◼ နာမည်ကျော် horror ရုပ်ရှင်တွေဖြစ်ကြတဲ့ Get Out, Us နဲ့ Nope တို့ရဲ့ ဒါရိုက်တာ Jordan Peele ဟာ သူ့ရဲ့ ရုပ်ရှင်ကားသစ်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

◼ Jordan Peele ဟာ Nope ရုပ်ရှင်အပြီးမှာ နောက်ထပ်ရုပ်ရှင်ကားတစ်ကားကို သူကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ နေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၄ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄) မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Read more

လက်သည်းဝါညစ်ညစ်ဖြစ်ရခြင်းအကြောင်းအရင်းနဲ့ ကုသနည်း

လက်သည်းကို အမြဲတမ်း သန့်ရှင်းနေအောင်ထားသင့်ပါတယ်။ သင့်လက်သည်းတွေက အဝါရောင်သမ်းပြီး သန့်ရှင်းမှုမရှိဘူးဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမက အခြားသူတွေနဲ့တွေ့ဆုံတဲ့အခါမျိုးလည်း ကြည့်ရဆိုးစေပါတယ်။ လူတော်တော်များများကတော့ ဘာလို့ လက်သည်းတွေ အဝါရောင်သမ်းနေရတာလဲ ဆိုတာကို နားမလည်ကြပါဘူး။ သင့်လက်သည်းက သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ အဝါရောင်သမ်းနေပြီး မသန့်ရှင်းတဲ့ လက်သည်းတွေက သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုလာပြီးလို့ ပြနေတဲ့ လက္ခဏာရပ်တွေပါပဲ။

Read more

ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း

ဘောလိဝုဒ်နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ  ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရပြန်ပါ တယ်။ မကြာသေးခင်ကဒီအဖြစ်အပျက်ကို ဘန်ဒရာရဲတပ်ဖွဲ့ဟာ မင်းသားရဲ့သူငယ်ချင်းဆီက တိုင်ကြားချက်တစ်ခု အနေနဲ့ FIR (ပထမသတင်းပေးတိုင်ချက်)မှာ ထည့်သွင်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

ဘဝရည်မှန်းချက်ဟာ ဆယ်လ်မန်ခန်းကို သတ်ဖို့ဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်း​ခေါင်းဆောင်လော့ရန်ဘစ်ချ်နွိုင်းရဲ့ အင်တာဗျူးကို ရည်ညွှန်းထားတဲ့အကြောင်းအရာနဲ့အတူ ဆယ်လ်မန်ခန်းရဲ့နာမည်ကို ဖော်ပြထားတဲ့ အီမေးလ် တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ တိုင်ကြားချက်မှာဖော်ပြပါတယ်။

Read more

အင်ဒီယန်းဝဲလ်ပြိုင်ပွဲတွင် ရိုင်ဘာကီနာ ချန်ပီယံဆုရ

အင်ဒီယန်းဝဲလ်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ ချန်ပီယံဆု ရယူခဲ့ပါတယ်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ရိုင်ဘာကီနာတို့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပထမ ပွဲလတ်ကပဲ ၇၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၂ မှာရပ်တည်နေတဲ့ ဆာဘာလန်ကာအနေနဲ့ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရပြီးနောက် အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့သလို ရိုင်ဘာကီနာကလည်း သူမရဲ့ကစားသမားဘဝ ပထမဆုံး WTA ချန်ပီယံဆုအတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။  ပွဲကစားချိန် ၂ နာရီနဲ့ ၃ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ရိုင်ဘာကီနာက (၇း၆၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရသွားခဲ့တာဖြစ်ပါတယ်။ ရိုင်ဘာကီနာအတွက်တော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

Read more

အင်္ဂလန်အသင်းလူစာရင်းမှ ရပ်ရှ်ဖို့ဒ်နှင့် မေဆန်မောင့်တို့ ထပ်မံနုတ်ထွက်

ယူရို-၂၀၂၄ ခြေစစ်ပွဲများအတွက် ရွေးချယ်ထားသော အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ မန်ယူတိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ်နှင့် ချယ်လ်ဆီးကွင်းလယ်ကစားသမား မေဆန်မောင့်တို့ တနင်္လာနေ့က ထပ်မံနုတ်ထွက်ခဲ့ ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ် မတ်(၂၃)တွင် အီတလီ၊ မတ်(၂၆) တွင် ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအတွက် ကစားသမား(၂၅)ဦးစာရင်းကို ပြီးခဲ့သည့်ကြာသပတေးနေ့တွင် နည်းပြ ဆောက်ဂိတ်က ရွေးချယ်ထုတ်ပြန်ခဲ့သည်။

Read more

ကားတစ်စီး လက်လုပ်ကားမိုင်းနင်းမိပေါက်ကွဲ၍ ပြည်သူ ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊နတ်သံကွင်း- ကျောက်ကြီးသွားကားလမ်း၏ ညောင်ကွင်းတံတားရှောင်လမ်းပေါ်၌ မတ် ၂၀ ရက်နံနက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၈ နာရီခွဲခန့်က ကျောက်ကြီးမြို့မှနတ်သံကွင်းဘက်သို့ ကျောက်ကြီးမြို့နေ ဦးကြင်ကောက် မောင်းကာ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးလိုက်လာသည့် Light Truck ကားသည် ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းအရောက်၌ KNLA အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်ကားမိုင်းအားနင်းမိခဲ့သည်။

Read more