လည်ချောင်းနာခြင်းအတွက် အထိရောက်ဆုံးနည်းလမ်း

ရာသီဥတုအပြောင်းအလဲကြောင့်၊ လေထုညစ်ညမ်းမှုကြောင့်၊ ကျွန်တော်တို့ စားလိုက်တဲ့အစားအစာတွေကြောင့် လည်ချောင်းပိုးဝင်တာ၊ လည်ချောင်းယားတာ၊နှာခေါင်းယားတာတွေခံစားကြရပါတယ်။ လည်ချောင်းယားပြီး နာကျင်တာကို လူတော်တော်များများခံစားကြရပြီး လူကိုခံရခက်စေပါတယ်။ ကျွန်တော်တို့တွေ လည်ချောင်း နာတဲ့အခါ ဆေးဝယ်သောက်တာက လည်ချောင်းနာတဲ့လက္ခဏာရပ်တွေကို ပြေလျော့စေနိုင်ပေမဲ့ ချက်ချင်း ပျောက်ကင်းမသွားပါဘူး။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ကိုကိုးကျွန်းဒေသမှ ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံအားပေးသူများနှင့် တွေ့ဆုံ

မတ် ၂၂၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ ၂၁-၃-၂၀၂၃ ရက်နေ့တွင် ကိုကိုးကျွန်းဒေသသို့ သွားရောက်ပြီး ပါတီရုံးခန်းမတွင် ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီအား ဝန်းရံထောက်ခံအားပေးကြသူများ အင်အား (၁၂၀)ကျော်ခန့်နှင့် တွေ့ဆုံခဲ့ပါသည်။

Read more

အင်ဒီးယန်းဝဲလ်မာစတာပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည့် အယ်လ်ကာရက်ဇ် ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်လွှဲပြောင်းရယူ

အင်ဒီးယန်းဝဲလ်မာစတာဟု လူသိများသည့် ၂၀၂၃ BNP Paribas Open တင်းနစ်ပြိုင်ပွဲတွင် စပိန်ကြယ်ပွင့်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ် ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရ သည်။

အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ်သည် ယခုပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစားသမား ဂျိုကိုဗစ် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရသဖြင့် ဆီဒင် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဗိုလ်လုပွဲတွင် ရုရှားကစားသမား မက်ဗီဒက်ဗ်(ဆီဒင် ၅) နှင့် တွေ့ဆုံခဲ့သည်။

Read more

အစိုးရအရာရှိများအနေဖြင့် iPhone သုံးစွဲခြင်းရပ်တန့်ရန် ရုရှားသတိပေးဟုဆို

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းတွင် ပါဝင်တာဝန်ထမ်းဆောင် ကြရမည့် ရုရှားအစိုးရအရာရှိများအနေဖြင့် iPhone သုံးစွဲခြင်းကို ရပ်တန့်ကြရန် ကရင်မ်လင် နန်းတော်မှ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသော် ယင်းဖုန်းများသည် အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့များက ချိတ်ဆက် ဝင်ရောက်နိုင်သဖြင့်ဟုဆိုကြောင်း မော်စကိုအခြေစိုက် Kommersant သတင်းစာကရေးသားဖော်ပြထားသည်။

Read more

အမေရိကန်ကိုတိုက်ရန် မြောက်ကိုရီးယားနိုင်ငံသား တသန်းခွဲခန့် စစ်မှုထမ်းရန် ဆန္ဒရှိ

အမေရိကန်ပြည်ထောင်စုကို တိုက်ထုတ်ဖို့နိုင်ငံသား ၁ ဒသမ ၄ သန်းလောက်ဟာ နိုင်ငံရဲ့စစ်တပ်မှာ စေတနာ အလျောက် ပါဝင်ဖို့ ဒါမှမဟုတ် စာရင်းသွင်းဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

နယ်ချဲ့အမေရိကန်တွေကို တန်ပြန်ဖို့ နိုင်ငံတဝန်း စစ်မှုထမ်းဖို့၊ စာရင်းသွင်းဖို့ မြောက်ကိုရီးယားလူငယ်တွေ လက်မှတ်ထိုးနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယားရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။

Read more

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြုကြေညာ

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက မတ်လ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။

ပြဿနာပတ်လည်ဝိုင်းနေသည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး တိုင်းပြည်အာဏာချုပ်ကိုင်ထားမှုကို ထပ်မံသက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေသည်။

Read more

အောင်မြေသာစံ မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရမှု  မတ်လ၂၂ ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၊ ရလမ်းနှင့် ၈လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင်  အမရဌာနီအရှေ့ရပ်ကွက်၊ ရာအိမ်မှူးများဖြစ်ကြသော  ဦးစိုးနိုင်နှင့် ဦးဝင်းကိုတို့ နှစ်ဦးသည် လက်ဖက်ရည် ထိုင်သောက်နေကြရာ အမည်မသိလူငယ် သုံးဦးခန့်မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Read more

မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၃၆ ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာ

ကိုရီးယားနိုင်ငံရှိ Hyundai MIPO Dockyard တွင် လုပ်ကိုင်မည့် မြန်မာကျွမ်းကျင်ဂဟေလုပ်သား (၃၆) ဦးသည် မတ် ၂၁ ရက်တွင် ထပ်မံရောက်ရှိလာခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာကျွမ်းကျင်ဂဟေလုပ်သားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှအလုပ်သမားသံအရာရှိက ကြိုဆို၍ လိုအပ်သည် များကို ကူညီပံ့ပိုးပေးခဲ့သည်။

Read more

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၃၀ ကျော် FDA Myanmar ထုတ်ပြန်

ပြည်တွင်း၌သုံးစွဲရန်မသင့်သည့်အလှကုန်ပစ္စည်း ၃၀ ကျော်ကို မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA Myanmar က မတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါတားမြစ်ခံရသည့်အလှကုန်ပစ္စည်းများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံမှ အလှကုန်ပစ္စည်းများဖြစ်ပြီး အရေးပြားပေါ်တွင် လိမ်းသည့်ခရင်မ်များ၊ ဆိုးဆေးများပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

Read more