ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ကျောင်းကုန်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့်တွေ့ဆုံ

ကျောင်းကုန်း မတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် (၂၂.၃.၂၀၂၃)နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြိုနယ်ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေး၊ ပါတီတွင်း

စည်းလုံးညီညွတ်ရေး၊ ရွေးကောက်ပွဲပြုလုပ်ကျင်းပပါက အဆင်သင့်ဖြစ်စေရန် စီမံဆောင်ရွက်ထားနိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

Read more

ကန်ကြီးထောင့်မြို့နယ်၊မြောက်ရိုးကြီးကျေးရွာရှိ ဒေသခံတောင်သူများ၊ ရပ်မိရပ်ဖများနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တွေ့ဆုံ

ကန်ကြီးထောင့် မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုး​ေဇာ်သိန်းနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် (၂၂.၃.၂၀၂၃) နေ့ နံနက် (၉)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊မြောက်ရိုးကြီးကျေးရွာရှိ ဒေသခံတောင်သူများ၊ ရပ်မိရပ်ဖများ၊ ​ကျေးရွာလူငယ်များ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပုသိမ်၊ မတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း လိုက်ပါလျှက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တိုင်းပါတီ ရုံးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပါသည်။

တွေဆုံဆွေးနွေးပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယခုမိမိလာရခြင်းမှာ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့များ၊ ဥပဒေပညာရှင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးသိန်းထွန်းတို့သည် (၂၀.၃.၂၀၂၃)ရက်နံနက် (၁၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်

ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ၏ ဥပဒေရေးရာအထောက်အကူပြုအဖွဲများ၊ ပြင်ပအထက်တန်း ရှေ့နေများ၊ တရားလွှတ်တော်ရှေ့နေများ၊ ဥပဒေပညာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Read more

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ယူကရိန်းနိုင်ငံသို့ မကြေညာဘဲသွားရောက်ခဲ့

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က အင်္ဂါနေ့မှာ ယူကရိန်းနိုင်ငံသို့ မကြေညာဘဲ ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ ယူကရိန်းအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေကို နေတိုးရဲ့ ရန်ပုံငွေအဖွဲ့တွေက တစ်ဆင့် ကန်ဒေါ်လာ သန်း ၃၀ ဖိုး အထိ ပေးအပ်သွားမယ်လို့ ကတိပြုပြောကြားပါတယ်။

Read more

အုတ်တွင်းမြို့နယ်တွင်ရန်ကုန်- မန္တလေး အဆန် လူစီးအမြန်ရထားမိုင်းခွဲတိုက်ခိုက်ခံရ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်တွင် မတ် ၂၁ ရက်ညပိုင်းက ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် လူစီးအမြန်ရထား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

မတ်လ ၂၁ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်က ရန်ကုန်ဘူတာကြီးမှမန္တလေးဘူတာသို့ ထွက်ခွာလာသည့် အမှတ်(၃) အဆန်လူစီးအမြန်ရထားသည် ည ၁ နာရီခန့်၌ အုတ်တွင်းမြို့နယ်၊ ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာကြား မိုင်တိုင်အမှတ် (၁၄၂/၉)နှင့်(၁၄၂/၁၀)အား ဖြတ်သန်းခုတ်မောင်းစဉ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

Read more

အိုဆင်မန်အတွက် နာပိုလီအသင်း ပေါင်သန်း(၁၅၀) အလိုရှိနေ

နာပိုလီအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ၎င်းတို့တိုက်စစ်မှူး အိုဆင်မန်အတွက် ပေါင်သန်း (၁၅၀)အထိ အလိုရှိနေကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့သည် အိုဆင်မန်ကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး လာမည့်အပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းဖွယ်ရှိနေသည်။

အိုဆင်မန်သည် နာပိုလီအသင်းနှင့် (၃)ရာသီမြောက်ကိုဖြတ်သန်းနေသူဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲစုံ (၉၁)ပွဲကစားကာ (၅၃)ဂိုးသွင်းယူပေးထားသည်။

Read more

အာဆင်နယ် မှ ဂျပန်နောက်ခံလူ တိုမီယာဆု ရာသီကုန်အထိ နားရမယ်

ပရီးမီးယားလိဂ်ကိုဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက ဂျပန်နောက်တန်းလူ တာကီဟီရို တိုမီယာဆု ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီကုန်အထိ အနားယူရမှာ ဖြစ်ကြောင်း အာဆင်နယ် အသင်းက ပြောကြားပါတယ်။

ညာ နောက်တန်းလူ တိုမီယာဆု က အာဆင်နယ် နဲ့ စပို့တင်း တို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်ရဲ့ အချိန် ကိုးမိနစ်မှာပဲ ပုံမကျ ပန်းမကျ ချော်လဲကျခဲ့ရာကနေ သူ့ ဒူးကို ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

Read more

10800mAh Battery နဲ့ 108MP ကင်မရာ ပါတဲ့ Doogee S100 ကို ရောင်းပြီ

Doogee က အကြမ်းခံတဲ့ S100 ကို ရောင်းချပေးလိုက်ပြီး 10800mAh Battery နဲ့ 108MP ကင်မရာ ပါလာပါတယ်။ ၂၅၀ ဒေါ်လာ သတ်မှတ်ထားပြီး 6.58 Inch မျက်နှာပြင် တပ်ဆင်ထားကာ 120Hz Refresh Rate ပါပါတယ်။ မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။

Read more