လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၅ ခု၌ နေ့အပူချိန်များတိုးမည်

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ် ၂၄ ရက်(ယနေ့)နံနက် ၇ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် ၂ ရက်အတွင်း၌ ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း ၊ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း သိရသည်။
ထို့ပြင် ယနေ့ညနေအထိ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၃ ပေမှ ၆ ပေခန့်အထိရှိမည့် လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်ဟုလည်း မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

Read more

ရွှေ့ပြောင်းဝင်ရောက်မှုကြောင့် ကနေဒါလူဦးရေ တစ်သန်းကျော်တိုးတက်လာ

ရွှေ့ပြောင်းဝင်ရောက်သူများကြောင့် ကနေဒါနိုင်ငံရဲ့လူဦးရေမှာ တစ်သန်းကျော်အထိ ပိုများလာခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်း စစ်တမ်းများအရ ကနေဒါရဲ့ စုစုပေါင်းလူဦးရေ ၃၈ သန်းခွဲကနေ ၃၉ သန်းခွဲအထိ တိုးတက်လာခဲ့ကြောင်း ၊ ဒီပမာဏဟာ လူဦးရေတိုးတက်မှု ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၉၅၇ ခုနှစ်နောက်ပိုင်း တစ်နှစ်တာအတွင်း လူဦးရေအများဆုံးတိုးတက်မှုဖြစ်ခဲ့ပါတယ်။
အခုလို လူဦးရေတိုးတက်လာမှုရဲ့အဓိကအကြောင်းရင်းတစ်ခုက ပြည်တွင်း အလုပ်သမားလိုအပ်ချက်ကြောင့် ပြည်ပရွှေ့ပြောင်းဝင်ရောက်သူတွေကို တရားဝင်နေထိုင်ခွင့်ပြုလိုက်တဲ့ ကနေဒါအစိုးရရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ကနေဒါအစိုးရက ထုတ်ပြန်တဲ့စာရင်းစစ်တမ်းတွေအရ လူဦးရေတိုးတက်မှုရဲ့ ၉၆ ရာခိုင်နှုန်းဟာ ရွှေ့ပြောင်း ဝင်ရောက်သူတွေကြောင့်ဖြစ်ကြောင်း သိရပါတယ်။ -Ref: BBC

Read more

သေဒဏ်ပယ်ဖျက်ဖို့ မလေးရှားအစိုးရ စီစဥ်

မလေးရှားအစိုးရက သေဒဏ်ကို ဖျက်သိမ်းဖို့ စီစဉ်နေပါတယ်။ မူးယစ် မှောင်ခိုမှုကနေ လူသတ်မှုထိ ပြစ်မှုတွေကို ဘယ်လိုအပြစ်ပေးမလဲ တရားသူကြီးတွေအတွက် ဆုံးဖြတ်နိုင်ခွင့်ကို ဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
လက်နက်မှောင်ခိုမှုနဲ့ ပြန်ပေးဆွဲမှု လို ပြစ်မှုတွေမှာ ကြိုးပေးကွပ်မျက်တာကို ဒီဥပဒေနဲ့ ပယ်ဖျက်သွားမယ် ဆိုပြီး မလေးရှား ဥပဒေ ရေးရာ ဝန်ကြီး အဇာလီနာ သြသ်မန်း ဆိုက်က ပြောပါတယ်။ အဲဒီအစား ရာဇဝတ်ကောင်တွေကို ထောင် နှစ် ၄၀ ချတာနဲ့ ကြိမ်ဒဏ်ပေးတာတွေ လုပ်နိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ မလေးရှား မင်းမျိုးတွေကို ထိခိုက် အကြမ်းဖက်မှုလို ပြစ်မှုတွေမှာတော့ သေဒဏ် ပေးဖို့ တရားသူကြီးတွေကို ဆက်ခွင့်ပြုထားပါတယ်။

Read more