မက်ဆီရဲ့ရုပ်တုကို မာရာဒိုနာ ၊ ပီလီတို့ရဲ့ ရုပ်တုနဲ့အတူထားရှိ

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL)သည် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့သော လီယိုနယ်မက်ဆီကို ဂုဏ်ပြုသောအားဖြင့်သူ၏ပုံတူရုပ်တုကို ၎င်း၏ ပြတိုက်တွင် ဂန္တဝင်ဘောလုံးသမားများဖြစ်သော ဒီရေဂို မာရာဒိုနာနှင့် ပီလီ တို့၏ ရုပ်တုတို့နှင့်အတူ ယှဉ်တွဲထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

Read more

Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲ မအောင်မြင်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ် ၂၈ ရက်မှစတင်၍ စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသည့် Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ကြောင်း သိရသည်။

Read more

ကြီးမားတဲ့ သပိတ်ဖြစ်ပေါ်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က တရားရေးပြောင်းလဲရေးအစီအစဉ်ကို ဆိုင်းငံ့

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ သပိတ်ဖြစ်ပေါ်လာခဲ့ပြီးနောက် တရားရေးစနစ် အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟု က ပြောကြားပါတယ်။

ပြည်သူလူထုကြား ပေါက်ကွဲမှုကို တားဆီးဖို့ တရားရေးစနစ်ပြုပြင်ပြောင်းလဲရေး ဥပဒေကို ရပ်တန့်ထားမယ်လို့ နာတာညာဟု က တနင်္လာနေ့ညက ပြောပါတယ်။

Read more

ဂျပန်ကလေးများ၏ ၁၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်ဆက်စပ်ဦးနှောက်ရောဂါဖြင့်သေဆုံးနေ

ဂျပန်နိုင်ငံရှိ ကိုဗစ်ကူးစက်ခံရပြီးနောက်ဆက်တွဲအနေဖြင့် ပြင်းထန်ဦးနှောက်ရောဂါခံစားနေရသည့် ကလေးငယ်များ ၏ ၁၀ ရာခိုင်နှုန်းကျော်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သုတေသနအဖွဲ့မှမကြာသေးခင်က ထုတ်ပြန်ထားသော နိုင်ငံတစ်ဝန်းစစ်တမ်းရလာဒ်များအရသိရသည်။

အဆိုပါစစ်တမ်းအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် မေလအထိ အသက် ၁၈ နှစ်အောက် ကလေးငယ်များတွင် ကိုဗစ်ဆက်စပ်ပြင်းထန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှု ၃၄ ခုတွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါအဖွဲ့သည် ဦးနှောက်ရောဂါဖြစ်စေနိုင်သော နောက်ခံရောဂါမရှိသည့် လူနာကလေးငယ် ၃၁ ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read more

ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုတန်ဖိုး မြန်မာ တတိယနေရာသို့ရောက်ရှိ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားကွန်ဒိုအခန်းဝယ်ယူမှု တန်ဖိုးအရ မြန်မာနိုင်ငံအနေဖြင့် တတိယနေရာသို့ ရောက်ရှိလာကြောင်း ဗန်ကောက်ပို့စ်သတင်းဌာန၏ မတ် ၂၄ ရက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်း ဆဋ္ဌမ အများဆုံးဝယ်ယူသည့် နိုင်ငံသားများဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ် ၂ ဒသမ ၅၅ဘီလီယံရှိ အခန်း ၃၄၉ ခန်း ဝယ်ယူထားကြောင်း သိရသည်။

Read more

EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၅၃) ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားသစ် (၄၂) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၃၈) ဦးကိုယနေ့ (မတ်လ ၂၈)ရက်တွင် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

Read more

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ် စတင်မည်၊ စာသင်နှစ် ၁၃ နှစ်ဖြစ်မည်

လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးအတွက် KG+12 ပညာရေးစနစ် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စာသင်နှစ် ၁၃ နှစ်ဖြစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း သည် ၂၅-၃-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် First Time Voter များ၊ ပါတီဝင်ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်/အမျိုးသမီး ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၂)မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

မတ် ၂၅၊ မန္တလေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်းသည် ၂၅-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သော ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၂)မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

မတ် ၂၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more