မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး    မတ်     ၃၀

မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို မင်းဘူးခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိင်းအစည်းအဝေးသို တိုင်းပါတီအတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြိုနယ်နှင့် မင်းလှမြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

Read more

ဂြိုဟ်တုဆက်သွယ်ရေးပါတဲ့ Mate X3 ကို ဟွာဝေးကြေညာ

တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးဟာ ဂြိုဟ်တုဆက်သွယ်ရေးပါရှိတဲ့ Mate X3 ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ကွေးညွှတ်စမတ်ဖုန်းဖြစ်တဲ့ Mate X3 ကို Snapdragon 8+ Gen 1 နဲ့ အထိုင်ချထားပြီး Ram 12G ထည့်သွင်းထားကာ ကြိုးမဲ့အားသွင်းစနစ်လည်းပါဝင်ပြီး ဘက်ထရီကတော့ ၄၈၀၀ မီလီအမ်ပီယာကို အသုံးပြုထားပါတယ်။

Read more

Redmi က 300W Super-fast Charging နည်းပညာကို အမြောက်အများ ထုတ်လုပ်မည်

နာမည်ကြီး Tipster Digital Chat Station က Xiaomi ဟာ ၅ မိနစ်ထဲနဲ့ ဖုန်း ၁ လုံးကို အားအပြည့်သွင်းပေးနိုင်တဲ့ 300W Super-fast Charging နည်းပညာကို အမြောက်အများထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ ဒီနည်းပညာ ပါတဲ့ Redmi Note 12 Pro+ Modified Version ကို မကြာခင်က သရုပ်ပြခဲ့ပါတယ်။

Read more

ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကို ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ဂုဏ်ပြု ပရီးမီးယားလိဂ်ဟာ သက်တော်ရှည်နည်းပြကြီး ၂ ဦးဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကိုပထမဆုံး ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ယနေ့တွင် ဂုဏ်ပြုလိုက်သည်။ ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးသည်။ အာဆင်၀င်းဂါး သည်လည်း အာဆင်နယ်အသင်းနှင့်အတူ ၂၀၀၃/၂၀၀၄ ဘောလုံးရာသီ၊ အင်္ဂလိပ်ဘောလုံး သမိုင်းတလျောက် ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့သူလည်းဖြစ်သည်။ Premier League Hall of Fame သည် အင်္ဂလန်၏အဆင့်အမြင့်ဆုံးထိပ်တန်းလိဂ်ဖြစ်သော ပရီးမီးယားလိဂ်တွင် ကစားပြီး စီမံခန့်ခွဲခဲ့ကြသည့်ဘောလုံးကစားသမားများနှင့်မန်နေဂျာများကို ဂုဏ်ပြုခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဟာ သက်တော်ရှည်နည်းပြကြီး ၂ ဦးဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကိုပထမဆုံး ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ယနေ့တွင် ဂုဏ်ပြုလိုက်သည်။

ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးသည်။

Read more

စပါးတိုက်စစ်မှူး ဟာရီကိန်းအား လာမည့်နွေရာသီတွင် ပေါင်သန်း (၈၀)ဖြင့် ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေကြောင်း The Mirror ဖော်ပြ

မန်ယူအသင်းသည် လာမည့် ၂၀၂၃ နွေရာသီအပြောင်း အရွှေ့ကာလတွင် စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။

စပါးအသင်းနည်းပြ ကွန်တီ ရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

Read more

၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်း

၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အစ္စရေးအသင်း ခြေစစ်ပွဲအောင်မြင်ထားပြီး အင်ဒိုနီးရှားပြည်သူများက အစ္စရေးအသင်းအား ပြိုင်ပွဲမှထုတ်ပယ်ရန် ယခုလအစောပိုင်းက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ဥက္ကဋ္ဌ အဲရစ်သိုဟာတို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပြိုင်ပွဲ အိမ်ရှင်အဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

Read more

နည်းဗျူဟာမြောက် နျူကလီးယား ထိပ်ဖူးသစ်ကို ကင်ဂျုံအန်ထုတ်ဖော်ပြသ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်း၏နျူကလီးယားလက်နက်တိုက်ကို တိုးချဲ့ရန်အတွက် လက်နက်အဆင့်သုံးပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်မည်ဟု ကတိပြုလိုက်ပြီး၊ တနင်္လာနေ့တွင် မြောက်ကိုရီးယားမှ ထုတ်လုပ်ထားသော နျူကလီးယားထိပ်ဖူးအသစ် အသေးစားကို ထုတ်ဖော်ပြသခဲ့သည်။

ကင်သည် တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံ နျူလက်နက်အင်စတီကျုသို့ သွားရောက်လည်ပတ်စဉ် Hwasan-31 ဟုခေါ်သော နည်းဗျူဟာမြောက် ထိပ်ဖူးများကို စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

Read more

ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး လမုတောမှာ ပလတ်စတစ်သုံးစွဲမှုတွေကိုပိတ်ပင်

ကမ္ဘာပေါ်က အကြီးဆုံး လမုတောကို လာရောက်ကြတဲ့ ခရီးသွားတွေက ပစ်ချခဲ့ကြတဲ့ အမှိုက်တွေက လမုတော ဂေဟစနစ်ကို ဖျက်ဆီးနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောကြားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာမှာ တစ်ခါသုံး ပလတ်စတစ်တွေကို ပိတ်ပင်လိုက်ပါတယ်။

Sundarbans သစ်တောက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကမ်းရိုးတန်း တစ်ဖက်တစ်ချက်မှာ ခွလျက်တည်ရှိနေပြီး ဘင်ဂါလီကျား နဲ့ ဧရာဝတီလင်းပိုင်တွေ အပါအဝင် ကမ္ဘာပေါ်မှာ အရှားပါးဆုံး သတ္တဝါတွေ ကျက်စားနေထိုင်ကြပါတယ်။

Read more

ယူကရိန်းသည် အမေရိကန်လုပ် တာဝေးပစ်အမြောက်ကို အသုံးပြုနေကြောင်း ရုရှား ပြောကြား

အမေရိကန်က ယူကရိန်းကို ထောက်ပံ့ ပေးခဲ့သည့် တာဝေးပစ် ရော့ကတ်တစ်စင်းကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားက မတ်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး ယင်းလက်နက်များသည် ရုရှားတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်မှုတွင် အဓိကကျသည့် လက်နက်များဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

ယူကရိန်းသည် ဂျာမနီနှင့် ဗြိတိန်ထံမှ Leopard နှင့် Challenger တိုက်ပွဲဝင်တင့်ကားများကို လက်ခံရရှိခဲ့ကြောင်း ပြောကြား ခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

Read more

မြဝတီ-ကော့ကရိတ် ဒေါန တောင်ကျော်လမ်းတွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်

မတ်လ ၂၅ ရက်မှ စတင်ကာ ယာဉ်အသွားအလာ ရပ်ဆိုင်းခဲ့ရသော မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းတွင် မတ်လ ၃၀ ရက် ၌ မော်တော်ယာဉ်များ ပုံမှန်သွားလာနေပြီဖြစ် ကြောင်းသိရသည်။

မြဝတီ ကုန်သွယ်ရေးဇုန်၌ မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊  ဒေါနတောင်ကျော်လမ်း နှင့် ကျံဒိုး နယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုနှင့် ခရီးသွား မော်တော်ယာဉ်များ သွားလာမှု ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

Read more