ဧပြီနှင့်မေလအတွင်း နေ့အပူချိန်များမြင့်တက်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်းနိုင်

မြန်မာနိုင်ငံအရပ်ရပ်မှာနွေကာလဖြစ်တဲ့ ဧပြီလနဲ့မေလတွေအတွင်း နေ့အပူချိန်တွေတဖြည်းဖြည်း မြင့်တက်လာရာ ကနေ အပူပျံတက်တိမ်တွေဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ပါတယ်။

ဧပြီလ(၁)ရက်နေ့ကထုတ်ပြန်ထားတဲ့ နွေကာလမှာဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ် သက်လို့ ကြိုတင်သတိပေးနှိုးဆော်ချက်ထုတ်ပြန်ရာမှာဖော်ပြပါရှိတာပါ။

အဲဒီမိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုး ပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာစတဲ့

Read more

မြို့နယ်ကော်မတီလစဉ်ပုံမှန် အစည်းအဝေးကျင်းပ

ကလော   မတ်  ၃၁

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)ချိန်  မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးစံဌေးမှ ဒုတိယပါတ်ရက်(၉၀)စီမံချက်ပါ အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးခြင်း၊ ပါတီဝင်အင်အား စီစစ်ခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

Read more

ချီလီ၌ ကြက်ငှက်တုပ်ကွေးရောဂါအား လူနာတစ်ဦးထံမှ ပထမဆုံးတွေ့ရှိ

ဆန်တီ‌ယေဂို၊မတ် ၃၀

ချီလီနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါအား လူနာတစ်ဦးထံမှပထမဆုံးစတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက မတ်လ ၂၉ ရက်နေ့၌သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါလူနာသည် အသက် ၅၃ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည်ပြင်းထန်တုပ်ကွေး ရောဂါလက္ခဏာများလည်း ပြသနေကြောင်းသိရသည်။ သို့သော် ၎င်းသည် ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာ ပြနေသော်လည်း လူနာအခြေနေမှာ တည်ငြိမ်နေဆဲဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

Read more

အက်ရှင်နဲ့ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့သရုပ်ဆောင်တွေရှိလားဆိုတဲ့ မေးခွန်းကို မျက်ရည်ဝဲပြီး ဖြေကြားခဲ့တဲ့ ဂျက်ကီချမ်း

ကိုယ်ခံပညာမင်းသားကြီး ဂျက်ကီချမ်းဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အက်ရှင်နဲ့ ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့ သရုပ်ဆောင်တွေရှိလားမေးတဲ့အချိန် မျက်ရည်ဝဲခဲ့ရပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း အက်ရှင်သရုပ်ဆောင်အသစ် အရေအတွက်ကျဆင်းလာတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အရင်ဆုံး မေးမြန်းခဲ့တာပါ။

အဲ့ဒါနဲ့ပတ်သက်ပြီး ဂျက်ကီချမ်းက အခုလို ထုတ်ပြောခဲ့ပါတယ်။ “ဒုတိယဂျက်ကီချမ်းကို တကယ်ရှာချင်ခဲ့ပေမဲ့ အရမ်းခက်ခဲတယ်”တဲ့။ အက်ရှင်သရုပ်ဆောင်တွေ ကိုယ်ခံပညာဘယ်လောက်ကောင်းကောင်း သူတို့ကို အားပေးကြတာ၊ တောင်းဆိုကြတာမရှိဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

Read more

အောက်ဆီဂျင်အိုင်းယွန်း ဘက်ထရီအမျိုးအစားသစ် သုတေသီတွေတီထွင်

ဩစတြီးယားနိုင်ငံ ဗီယင်နာရှိ နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေထက် ကြီးမားတဲ့ စွမ်းအင်သိုလှောင်မှုမှာ အသုံးပြုနိုင်မယ့် အောက်ဆီဂျင်အိုင်းယွန်းဘက်ထရီအမျိုး သစ်တစ်ခုကို တီထွင်ဖန်တီးလိုက်ပါတယ်။

တီထွင်လိုက်တဲ့ အောက်ဆီဂျင် အိုင်းယွန်းဘက်ထရီရဲ့စွမ်းအင် သိပ်သည်းဆဟာလစ်သီယံအိုင်ယွန်း ဘက်ထရီ တွေလောက် မမြင့်မားပေမယ့်ထုတ်လုပ်မှုမှာ သဘာ၀ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်သလို အားသာချက်တွေလည်း ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

Read more

AI ဉာဏ်ရည်တု နည်းပညာကဏ္ဍ ၆ လဆိုင်းငံဖို့ ပညာရှင်တွေ တောင်းဆို

Artificial Intelligence (AI) လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ လုံခြုံ ဘေးကင်းရေး ဆိုင်ရာ အစီအမံတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ၆ လ ကြာ လုပ်ငန်းတွေ ဆိုင်းငံထားဖို့ အဆင့်မြင့် နည်းပညာကဏ္ဍက နာမည်ကျော်ကြားသူတွေနဲ့ ပညာရှင်တွေက လက်မှတ်ထိုး စာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာမှာ ကြာသပတေးနေ့ အစောပိုင်းအထိ လူပေါင်း ၁,၄၀၀ လောက် လက်မှတ်ထိုးထားပြီး အဲဒီထဲမှာ နည်းပညာ သူဌေးကြီး အီလွန်မတ်စ်၊ Apple နည်းပညာ ကုမ္ပဏီ ကို ပူးတွဲတည်ထောင်သူ စတိဗ် ဝါဇနီယာခ် တို့လို ထင်ရှားသူတွေ ပါဝင်ပါတယ်။

Read more

1TB ပါတဲ့ Redmi ဖုန်း ကို ဒေါ်လာ ၄၀၀ အောက်နဲ့ ရောင်းမယ်

Redmi ရဲ့ အသစ်ထွက် Note 12 Turbo မှာ 6.67″ မျက်နှာပြင် , 2nd Gen Snapdragon 7+ chip ,

64(OIS)+8+2MP အနောက်ဘက် ကင်မရာ နဲ့ 16MPရှေ့ဘက်ကင်မရာ , 5000mAh ဘက်ထရီ , Android 13(MIUI 14) စနစ် ပါပါမယ်။ အရောင်ကတော့ သုံးမျိုး ရှိပါမယ်။

Read more

ပရီးမီးယားလိဂ် လုပ်ခအများဆုံး ကစားသမားစာရင်းတွင် ဦးဆောင်နေတဲ့ ဒီဘရိုင်းနဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းမှာ မန်စီးတီးက ဒီဘရိုင်းနဲ့ ဟာလန်း တို့က ဦးဆောင်နေပါတယ်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၄၂၅၀၀၀  ရရှိပြီး တစ်လကို ပေါင် ၁ ဒသမ ၇သန်းရရှိနေတယ်လို့ ပြင်သစ်သတင်းဌာန L’Equipe ကဖော်ပြပါတယ်။

Read more

ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းတွင် အက်သလက်တီကိုနည်းပြ ဆီမြွန်နီဦးဆောင်

ကမ္ဘာ့လုပ်ခအများဆုံး နည်းပြစာရင်းမှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ထိပ်ဆုံးကနေဦးဆောင်ခဲ့ပါတယ်။ ပြင်သစ်သတင်းစာL’Equipe  ရဲ့ လေ့လာချက်အရ ကမ္ဘာ့လုပ်ခအများဆုံးနည်းပြ စာရင်းမှာ ဆီမြွန်နီက တစ်ပတ်လုပ်ခ ပေါင် ၅၇၀၀၀၀ ကျော်ရရှိနေတာပါ။

ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အများဆုံးလုပ်ခရရှိနေတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာထက်တောင် ပိုမိုများပြား နေတာဖြစ်ပြီး ဂွာဒီယိုလာက တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀  ကျော်ရရှိတာပါ။

Read more

မန်ယူအသင်း၌ ဆက်နေရန်အတွက် ပြီးခဲ့သည့်နွေက PSG အသင်း၏ တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀)ကျော်ဖြင့် ကမ်းလှမ်းမှုကို ရပ်ရှ်ဖို့ဒ် ငြင်းပယ်ခဲ့

အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၌ ဆက်နေရန်အတွက် ပြီးခဲ့သည့်နွေရာသီက PSG အသင်း၏ တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀) ကျော်ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင် ပွဲစုံ (၄၄) ပွဲတွင် (၂၇) ဂိုးသွင်းယူထားကာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီကို ပိုင်ဆိုင်ထားသည်။

Read more