တစ်ကမ္ဘာလုံးမှာ Redmi Note Series အလုံးရေ သန်း ၃၂၀ ရောင်းချနိုင်ခဲ့ပြီ

 

Redmi Note Series ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း Series ၁ ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ Xiaomi က Redmi Note Series အလုံးရေ သန်း ၃၀၀ ကျော် ရောင်းချထားပြီးပြီလို့ ပြောပါတယ်။

Read more

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာရန် နာဂယ်စ်မန်း ရေပန်းအစားဆုံးဖြစ်နေ

ဘိုင်နယ်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းဟာ ဗီလာကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက် ချဲလ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နာဂယ်စ်မန်းကို စပါးအသင်းကလည်း နည်းပြခန့်အပ်ဖို့ ဆန္ဒရှိနေပြီး ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ 10:11 လေးနဲ့ ရေပန်းစားနေတာပါ။ စပါးနည်းပြဟောင်း ပိုချက်တီနိုက 7:2 လေးနဲ့ ဒုတိယနေရာမှာရှိနေပြီး ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား(၃)လုံးဆွတ်ခူးခဲ့တဲ့ ဇီဒန်းကတော့ 6:1 လေးနဲ့ တတိယနေရာမှာ ရေပန်းစားနေပါတယ်။ ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးကို(၇)လကြာကိုင်တွယ်ခဲ့ရာမှာ (၃၁)ပွဲမှာ (၁၂)ပွဲသာ အနိုင်ရခဲ့ပါတယ်။ စနေနေ့က ဗီလာကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးဘုတ်အဖွဲ့က ဂရေဟမ်ပေါ်တာ

Read more

လုပ်ခလစာလျှော့ယူရန် မက်ဆီ ဆန္ဒမရှိ

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ဆက်နေခဲ့ရင်လည်း လုပ်ခလစာလျှော့ယူဖို့ ဆန္ဒမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။  အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

Read more

ကမ္ဘောဒီးယား၌ကျင်းပမည့် ၃၂ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှအားကစားသမား အယောက် ၄၀၀ ကျော်စေလွှတ်မည်

ဖနွမ်းပင်၊ဧပြီ ၂

ကမ္ဘောဒီးယား၌ကျင်းပမည့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှအားကစားသမား ၄၀၀ ကျော်စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက စနေနေ့ကထုတ်ပြန်ခဲ့သည်။

အဆိုပါပြိုင်ပွဲအတွက် အားကစားနည်း ၁၉ မျိုးအတွက် နည်းပြနှင့်ကစားသမားပေါင်း ၄၆၀ ကျော်ကို စေလွှတ်မည်ဖြစ်သည်။

ယင်းသို့ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများအနက် အယောက် ၃၀၀ ကျော်သည် နေပြည်တော်၌လေ့ကျင့်နေပြီး ကျန် ၁၀၀ ကျော်သည် ရန်ကုန်၌လေ့ကျင့်မှုများပြုလုပ်နေသည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

Read more

ပါကစ္စတန်မှာ PTI ပါတီဝင် ၃,၀၀၀ ကျော်ကိုဖမ်းဆီး (Imran Khan)

သူ့ပါတီကပါတီလှုပ်ရှားသူများနဲ့ လူမှုမီဒီယာလှုပ်ရှားသူတွေကို ပါကစ္စတန်အစိုးရက ထောင်ချီဖမ်းဆီးခဲ့တယ်လို့ ယခင်ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan က ပြောလိုက်ပါတယ်။ ဖမ်းဆီးထားသူတွေ ဘယ်မှာရောက်နေမှန်းမသိရသလို လွတ်လာသူတွေကလည်း ညှဉ်းပန်းနှိပ်စက်မှုတွေရှိတယ်လို့ ပြောကြကြောင်း စနေနေ့နှောင်းပိုင်း ရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့တဲ့မိန့်ခွန်းမှာ Imran Khan က ပြောခဲ့တာပါ။

လက်ရှိအဖမ်းခံရသူ ၃,၁၀၀ ကျော်ရှိပြီး Punjab နဲ့ Khyber Pakhtunkhwa ပြည်နယ်တွေမှာ အများဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။

Read more

အိမ်ရာအကျပ်အတည်း ပြသနာကြောင့် ပေါ်တူဂီနိုင်ငံသားများ ဆန္ဒပြ

လူတွေ တစ်လနဲ့တစ်လ အလျင်မီအောင် မနည်းရုန်းကန်ရအောင် လုပ်ဆောင်နေချိန်မှာပဲ အိမ်ရာဈေးနှုန်း နဲ့ အိမ်ငှားရမ်းခတွေ  အဆမတန် ဈေးနှုန်းမြင့်တက်နေလို့ ပေါ်တူဂီမြို့တော် လစ္စဘွန်းနဲ့ အခြားမြို့ကြီးတွေမှာ လူထောင်သောင်းချီပြီး ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

“ ကြီးမားတဲ့ အိမ်ရာအကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်နေပြီး ဒါက လူမူရေးအရေးပေါ်အခြေအနေဖြစ်ပါတယ်။” လို့ Habita အိမ်ရာလုပ်ငန်းမှ အရာရှိ ရီတာဆေးလ်ဗား က လစ္စဘွန်းမြို့ ဆန္ဒပြပွဲမှာ ပြောကြားပါတယ်။

Read more

သက်ကြီးရွယ်အို များနေတဲ့ ဂျပန်မှာ ကျောင်းသား/သူ မရှိလို့ စာသင်ကျောင်းတွေ ပိတ်ပစ်နေရ

 

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို များပြားနေပြီး ကလေးမွေးဖွားနှုန်း ကျဆင်းနေကာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကျောင်းသား/သူ မရှိတော့လို့ ပိတ်ပစ်ရတဲ့ စာသင်ကျောင်းတွေ တစ်စထက်တစ်စ ပိုများလာပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း တန်အိတောင်တန်းဒေသမှာရှိတဲ့ ယူမိုတိုအလယ်တန်းကျောင်းမှာ ကျောင်းသား ၂ ယောက်ပဲ ကျန်ရှိတော့ပြီး စာသင်နှစ် နောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၃၁ ရက်နေ့လွန်ရင် ဒီကျောင်းကို ပိတ်ပစ်တော့မှာပါ။ ဒီကျောင်း သက်တမ်းက ၇၆ နှစ် ရှိပါပြီ။

Read more

ချောင်းဆုံမြို့နယ်နှင့် ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ၁၂၈ ဦး တပ်မတော်ရေမှ ဖမ်းဆီးရမိ

 

ဧပြီ ၂ ရက် နံနက် ၁ နာရီအချိန်တွင် မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်နှင့် ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အမည်မပါရှိသည့် မသင်္ကာစရာ  စက်လှေတစ်စီးအား တပ်မတော်ရေမှ  တက်ရောက်စစ်ဆေးရာ စက်လှေ ဝမ်းဗိုက်ထဲအတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ကျား ၁၀၂ ဦး၊ မ ၂၀ ဦး၊ ကလေး ကျား၁ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၂၈ ဦး အား သယ်ဆောင်လာကြောင်း စစ်ဆေးဖမ်းဆီးရမိခဲ့သဖြင့် ခိုးဝင်ဘင်္ဂါလီများအား မော်လမြိုင်မြို့ သို့ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ #pan

Read more

Online ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူက ငွေလာလွှဲသည့်အမျိုးသမီးအား သတ်ကာ ငွေကျပ်သိန်း ၂၀၀ နှင့် ဆိုင်ကယ်ကို ယူဆောင်ထွက်ပြေး

ဧပြီ ၂

မနေ့က မွန်းလွဲ ၁၂ နာရီ ၄၇ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊အကွက်(၁၄၆)၊ ၁၈×၁၉ လမ်း ကြား၊၈၀×၈၁လမ်းကြားရှိ ဒေါ်သူဇာလှိုင်၏နေ အိမ်တွင် အိမ်ငှားနေထိုင်ပြီး Online ငွေလဲလှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ အောင်နိူင်ဝေ၊ ကုန်းတန်းရပ်၊ ပုသိမ်ကြီးမြို့နယ်နေသူထံသို့ Online ငွေလဲလှယ်မည့်သူ မေသဇင်ဦး၊၃၇နှစ်၊(ဘ)ဦးဝင်းမြင့်၊ဥပုသ်တော်ရပ် ကွက်၊အောင်မြေသာစံမြို့နယ်နေသူရောက်ရှိလာပြီး ငွေလဲလှယ်ဆောင်ရွက်စဥ် အောင်နိူင်ဝေမှ မေသဇင်ဦးအား ကြိုးဖြင့်တုပ်ကာ သတ်ဖြတ်ခဲ့သည့်အတွက် မေသဇင်ဦးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ဝဲ-ပါးစောင်ပေါက်ပြဲ ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းနောက် အောင်နိူင်ဝေမှ မေသဇင်ဦး၏ ငွေသိန်း ၂၀၀ကျပ်နှင့် မေသဇင်ဦးစီးနင်းလာသော Scoopy ဆိုင်ကယ်တို့အား ယူဆောင်ထွက် ပြေးသွားကြောင်း သတင်းရရှိပါသည်။

Read more