မိုင်ယာမီအိုးပင်းချန်ပီယံဆုကို မက်ဗီဒက်ဗ် ရရှိ

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အခုနှစ်အတွက် ၄ ခုမြောက် အေတီပီတိုးချန်ပီယံဆုအဖြစ် မိုင်ယာမီ အိုးပင်းချန်ပီယံဆုကို ရယူခဲ့ပါတယ်။ မိုင်ယာမီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ဟာ အီတလီတင်းနစ်သမား ဂျန်နစ်ဆင်နာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆင်နာဟာ ပထမပွဲလတ်မှာ မက်ဗီဒက်ဗ်ကို အကြိတ်အနယ်လိုက်ကစားခဲ့ပေမယ့် ပထမပွဲလတ် ရှုံးနိမ့်ပြီးနောက်ပိုင်းမှာတော့ မက်ဗီဒက်ဗ်ကို ဘယ်လိုမှမယှဉ်နိုင်တော့ပဲ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
Read more








