မြောက်ကိုရီးယားကိုတန်ပြန်ရန် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ပြောင်းလဲလာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုကောင်းကောင်း တုံ့ပြန်ဖို့ ဧပြီ ၁၇ ရက်မှာ ပူးတွဲ ရေတပ်၊ ဒုံးကျည် ကာကွယ်ရေး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တောင်ကိုရီးယား ရေတပ်က ပြောပါတယ်။

Read more

နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဆူဒန်နိုင်ငံမှာ အရပ်သား ၁၀၀ နီးပါး သေဆုံး

ဆူဒန်စစ်တပ်နဲ့ အင်အားကြီးတဲ့ပြည်သူ့စစ်တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးမှုဟာ အနည်းဆုံး ၉၇ ဦး နဲ့ ဒဏ်ရာရရှိသူက ၃၆၅ ဦး ရှိတဲ့အကြောင်း ဆေးဖက်ဆိုင်ရာ အဖွဲ့တခုက ဒီကနေ့အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တခြားသတင်းတွေမှာတော့ လူ ၆ ရာလောက်အထိ ဒဏ်ရာရရှိကြတယ်လို့ ဆိုပါတယ်။

Read more

ရုရှားနှင့် အီစတာနေ့ အကျဉ်းသား လဲလှယ်ရာတွင် စစ်သားများအပါအဝင် နိုင်ငံသား ၁၃၀ ဦး ပြန်လည် လွတ်မြောက်လာ

ရုရှားနှင့် ယူကရိန်းတို့ကြား ယခုတစ်ကြိမ် အကျဉ်းသားလဲလှယ်မှု ပြုလုပ်ရာတွင် ယူကရိန်းနိုင်ငံသား ၁၃၀ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါလဲလှယ်မှုကို ရှေးရိုး ခရစ်ယာန် သက်ဝင်ယုံကြည်သူတို့၏ အီစတာပွဲတော်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Read more

သန်လျင်၊ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံမီးလောင်မှု Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်(A)၌ ဧပြီ ၁၇ ရက်၊ ညနေ ၅နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမီးလောင်မှုမှာ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စစ်​​ဆေးလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးကဆိုသည်။

Read more

ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဝနှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

Read more

အကျဉ်းသား/သူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကျဉ်းသား/အကျဉ်းသူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လည်းကောင်း အခုလို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၃) ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၆)ရက် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂)ရက်

 


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် မင်္ဂလာနှစ်သစ်ဦး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ညီလာခံခန်းမကြီးတွင် ၁၇-၄-၂၀၂၃ ရက်နေ့၊ ညနေ ၄ နာရီ အချိန်တွင် နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာနှစ်သစ်ဦး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ပြုခဲ့ပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များ နှင့် မိသားစုဝင်များမှ သြကာသ ကန်တော့ကျိုးဖြင့် ကန်တော့ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာကြားခဲ့ပါသည်။

Read more

သဘာဝလက်သန့်ဆေးရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်ကြမယ်

ရောဂါပိုးမွှားတွေနဲ့ ဖုံထူတဲ့ပတ်ဝန်းကျင်မှာ နေရတဲ့အတွက် ကျွန်တော်တို့ရဲ့ အိတ်ထဲမှာ အမြဲတမ်း ဆောင်ထားဖြစ်တာက လက်သန့်ဆေးရည်ပါပဲ။ ညစ်ပတ်တဲ့အရာတစ်ခုခုကိုင်လိုက်လို့ လက်ကို ရေ၊ ဆပ်ပြာတွေနဲ့ သန့်စင်တဲ့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်က ပြောင်းသွားပါပြီ။ အခုဆိုရင် အဲဒီအစား လက်သန့်ဆေးရည်ကို အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့တွေကို လက်ကနေတဆင့် ရောဂါပိုးမွှားမကူးစက်အောင်၊ ဖျားနာမှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်အများစုက လူတိုင်းရဲ့အသားရေနဲ့ မကိုက်တဲ့ အယ်လ်ကိုဟောပါဝင်ကြပါတယ်။ ဒါကြောင့် အသားရေနဲ့ ဓာတ်မတည့်မှုတွေမဖြစ်အောင် အကုန်အကျလည်း သိပ်မများတဲ့ လက်သန့်ဆေးရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်လို့ရပါတယ်။ စာဖတ်ပရိသတ်တွေလည်း အိမ်မှာ ကိုယ်တိုင်လုပ်လို့ရအောင် လက်သန့်ဆေးရည်လုပ်နည်းလေးကို မျှဝေပေးလိုက်ရပါတယ်။

Read more

Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock

Walt Disney ကုမ္ပဏီက နာမည်ကြီးမူရင်းအန်နီးမေးရှင်းဇာတ်ကား Moana ကို live action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ The Rock အဖြစ် သိကြတဲ့ မင်းသား ဒွိန်း ဂျွန်ဆင်က ဧပြီလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Read more