ဂျူဗင်တပ်အသင်း၏ ၁၅ မှတ်လျှော့ပြစ်ဒဏ်ကို ပယ်ပေးခဲ့သဖြင့် အဆင့် ၃ နေရာတက်ရောက်

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် (၁၅)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသော်လည်း ကြာသပတေးနေ့တွင် ပြန်လည်ရုပ်သိမ်းခံခဲ့ရကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အပြောင်းအရွှေ့လှုပ်ရှားမှုများတွင် စာရင်းဇယားလိမ်လည်မှုများရှိခဲ့ကြောင်း စွဲချက်တင် ခံခဲ့ရပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း (၁၅)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသင်းဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီနှင့် အားကစားဒါရိုက်တာဟောင်း ပါရာတီခီတို့ကိုလည်း ပွဲပယ် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

Read more

စက်ဘီးစီးအဖွဲ့တစ်ဖွဲ့က ၁၀၂၃ ကီလိုမီတာ ရှည်လျားတဲ့ GPS ဒိုင်နိုဆောပုံကို ဖန်တီး

စက်ဘီးစီးအဖွဲ့တစ်ဖွဲ့ ဖန်တီးခဲ့တဲ့ ကီလိုမီတာ ၁၀၂၅ (၆၃၅ မိုင်) ရှည်လျားတဲ့ ဒိုင်နိုဆောပုံကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အကြီးဆုံး GPS ရုပ်ပုံအဖြစ် တရားဝင်သတ်မှတ်လိုက်ပါတယ်။ ဒီဒိုင်နိုဆောပုံကို ပြင်သစ်စက်ဘီးသမားတွေဖြစ်တဲ့ ဖလောရန့် အာနက်ဒ်၊ မက်ဇီမီ ဘရုဂီရီ၊ ဖရန်ခ် ဒီလော်မီ၊ နီကိုလက်စ် မယ်အန်နီယာ နဲ့ ဂျင်း ရိုလီတို့က ဖန်တီးခဲ့တာပါ။ ဒီပုံ ပြီးမြောက်ဖို့အတွက် သူတို့က ၄၃ နာရီနဲ့ ၄၃ မိနစ်ကြာ အချိန်ယူခဲ့ရပါတယ်။

Read more

ဆူဒန်နိုင်ငံအနီး ကန်တပ်ဖွဲ့များ အသင့်ချထား

အာဖရိကတိုက် အရှေ့မြောက်ပိုင်းက ဆူဒန်နိုင်ငံမှာ စစ်ခေါင်းဆောင် ၂ ဦး တိုက်ပွဲဖြစ်ပြီး တင်းမာမှုမှုတွေ မြင့်တက်နေလို့ မြို့တော် ခါတွန်းက အမေရိကန်သံရုံးဝန်ထမ်းတွေကို လိုအပ်ရင် ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဆူဒန်အနီးမှာ စစ်အင်အားတွေ နေရာချထားပါတယ်။

အမေရိကန်အာဖရိက စစ်ဌာနချုပ်က ဆူဒန်နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဖြစ်နိုင်ခြေ အမျိုးမျိုး အတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Read more

အိန္ဒိယသည် လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မည်

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အချက်လက်တွေက ဖော်ပြနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ တရုတ်နိုင်ငံရဲ့ လူဦးရေထက် ၂.၉ သန်း ပိုများနိုင်တယ်လို့ဆိုပါတယ်။ ကိန်းဂဏန်း အတိအကျဆိုရင် အခုနှစ်ရဲ့ နှစ်လယ်ပိုင်းမှာ အိန္ဒိယရဲ့ လူဦးရေဟာ ခန့်မှန်းခြေ သန်း ၁၄,၂၈၆ အထိရှိနိုင်ပြီး တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၁၄,၂၅၇ ရှိနေနိုင်တာပါ။

Read more

ယီမင်ရှိ ပိုက်ဆံ ပေးကမ်းစွန့်ကြဲသော အလှူပွဲအတွင်း လူအုပ်ပိမှုဖြစ်ပွား, လူ ၈၅ ဦး ထက်မနည်း သေဆုံး

ယီမင်နိုင်ငံတွင် ဧပြီလ ၂၀ ရက် ကြာသပတေးနေ့က ပိုက်ဆံ ပေးကမ်းစွန့်ကြဲသော အလှူပွဲတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူအယောက် ၈၀ ကျော် သေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအာဏာပိုင်များက ပြောကြားခဲ့သည်။

ရာနှင့်ချီသော လူများသည် ယီမင်မြို့တော် ဆာနာရှိ ကျောင်းတစ်ကျောင်းတွင် ပေးလှူနေသော ယီမင် ရီရယ် ၅၅၀၀ (၈ ဒေါ်လာခန့်) ရှိသော ငွေသားများကို လက်ခံရယူရန်အတွက် စုဝေးခဲ့ကြရာမှ ယခုကဲ့သို့ လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Read more

ရွှေကျင်မြို့နယ် ဘောကထာ-ရွှေကျင်သွားကားလမ်းရှိ အင်္ဂနီတံတား မိုင်းဖောက်ခွဲခံရ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်၌ ဘောကထာ-ရွှေကျင်သွားကားလမ်းရှိ တံတားအမှတ်(၃/၈၆) အင်္ဂနီတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။

Read more

ပြည်တွင်း၌ COVID-19 အတည်ပြုလူနာသစ် တစ်ရက်အတွင်း ၃၉ ဦးတွေ့ရှိ

ပြည်တွင်း၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ရက်အတွင်း ၃၉ ဦးတွေ့ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဧပြီ ၁၉ ရက်) ည ၈ နာရီ သတင်းတွင်ထုတ်ပြန်ကြေညာသည်။

Read more

မွန်ပြည်နယ်ရှိ မြို့နယ်ဆေးရုံများတွင် ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး အလုံးရေ ၉၀၀၀ အခမဲ့ ထိုးနှံပေးမည်

မွန်ပြည်နယ်ရှိ မြို့နယ်ဆေးရုံများတွင် ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး(ARV) အလုံး ၉၀၀၀ အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ဧပြီ ၁၇ရက်က ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ခွေးရူးပြန် ကြိုတင်ကာကွယ်ဆေး (ARV) အလုံး ၉၀၀၀ကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တင်ပြတောင်းခံမှု၊ ပြည်နယ်အစိုးရ၏ ထောက်ခံမှုနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ စောင့်ရှောက်မှုဖြင့် ရဟန်းရှင်လူ ပြည်သူများအား နှစ်ကြိမ်ခွဲ၍ မြို့နယ်ဆေးရုံများတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးအလုံးရေ ၉၀၀၀ တစ်ကြိမ်သာရ၍ မြို့နယ်တစ်မြို့နယ်လျှင် လူဦးရေ ၄၀၀ သာ ထိုးနှံပေးနိုင်ကြောင်းသိရသည်။

Read more

စပိန်ဆေးရုံတွင် စက်ရုပ်အသုံးပြုပြီး အဆုတ်အစားထိုးကုသ

စပိန်ဆေးရုံတရုံဟာ နံရိုးတွေကိုခွဲထုတ်ပြီး ရင်ဘတ်ကိုဖွင့်ဖို့ မလိုအပ်တော့ဘဲ စက်ရုပ်နဲ့ ရှေ့ဆောင်ရှေ့ပြေး နည်းပညာကို အသုံးပြုထားတဲ့ လမ်းကြောင်းအသစ်နဲ့ အဆုတ်အစားထိုး ကုသမှု ပြုလုပ်ခဲ့ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဘာစီလိုနာမြို့ရှိ ဗားလ်ဒယ်ဘရွန်ဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ ဒါဗင်ချီလို့ အမည်ပေးထားတဲ့ လက်တံ ၄ ခုပါ စက်ရုပ်ကို အသုံးပြုပြီး ပျက်စီးနေတဲ့အဆုတ်ကို ဖယ်ရှားပြီးတော့ ရင်ဘတ်ရိုးရဲ့ အောက်ပိုင်း၊ ရင်ဝမ်းတားကြွက်သားရဲ့ အထက်ပိုင်းရှိ ၈ စင်တီမီတာ ခွဲစိတ်မှုကနေတဆင့် အဆုတ်အသစ်တခုကို ထည့်သွင်းဖို့ လူနာရဲ့ အရေပြား၊ အဆီနဲ့ ကြွက်သားတွေပါရှိတဲ့ အစိတ်အပိုင်းငယ်တခုကို ဖြတ်တောက်ခဲ့ပါတယ်။

Read more