အ မေ များနေ့ကို သီတင်းတစ်ပတ်စောကျင်းပခဲ့ကြတဲ့ ကြယ်ပွင့်များ

မီရန်ဒါကား ၊ စီယာရာ နဲ့ ရေချယ်ဇိုး တို့ အပါအဝင် ဟောလိဝုဒ် ကြယ်ပွင့်တချို့က Baby2Baby လုပ်ငန်းနဲ့ ပူးပေါင်းပြီး သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills ဒေသမှာ အမေများနေ့ကို သီတင်းတစ်ပတ်စောပြီး ကျင်းပခဲ့ပါတယ်။
အခမ်းအနား တက်ရောက်လာကြတဲ့ မေမေတွေက ပွဲတက်ရုံသက်သက် မဟုတ်ဘဲ ဝင်ရောက် ကူညီလုပ်ကိုင်ပေးနေတာကိုလည်း တွေ့ရပါတယ်။
စီယာရာ က မုန့်ဆိုင်တစ်ခုကို တာဝန်ယူထားသလို ရေချယ်ကလည်း ရေခဲမုန့်တွေ ခပ်ထည့်ပေးနေပါတယ်။ မီရန်ဒါ ကလည်း ဈေးဆိုင် တစ်ခုမှာ အရုပ်လေးတွေကို နေသားတကျ ဖြစ်အောင် စီစဉ်ပေးနေခဲ့ပါတယ်။
လူတိုင်း က ပျော်ရွှင်နေပုံရပြီး မေ ၁၄ ရက်မှာ ကျရောက်မယ့် အမေများနေ့ကို ကြိုတင်ဖွင့်လှစ်ရတာကို ကျေနပ်အားရနေခဲ့ကြပါတယ်။

Read more

ခန္ဓာကိုယ်ကြွက်သားတွေ ကျစ်လျစ်သန်မာအောင် ဘယ်နှစ်ကြိမ် ဒိုက်ထိုးကြမလဲ

ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းက ခန္ဓာကိုယ် အပေါ်ပိုင်းကြွက်သားတွေကို သန်မာစေတဲ့လေ့ကျင်ခန်းပါပဲ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ပစ္စည်းကိရိယာ မလိုအပ်ပါဘူး။ ဆိုလိုတာက ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လုပ်လို့ရနိုင်ပါတယ်။ ခန္ဓာကိုယ် ကျစ်လျစ်ဖို့ လေ့ကျင့်ခန်းလုပ်ချင်ရင် ဒိုက်ထိုးတာက အကောင်းဆုံးရွေးချယ်မှုပါ။ ဒီလေ့ကျင့်ခန်းက လက်မောင်း၊ ချက်၊ ပခုံး နဲ့ ဝမ်းဗိုက်တွေလို ခန္ဓာကိုယ်ရဲ့အရေးပါတဲ့ ကြွက်သားတွေအားလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ သင် ဒိုက်ထိုးတာ အကြိမ်ရေ လုံလောက်ရဲ့လားဆိုပြီး ဇဝေဇဝါဖြစ်မိကြမှာပါ။ ဒါကြောင့် တစ်နေ့ကို ဒိုက်ဘယ်နှစ်ခါထိုးရင် ခန္ဓာကိုယ်ကြွက်သားတွေကို ထိရောက်မှုရှိလဲဆိုတာကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Read more

တောင်ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ ASTRO အဖွဲ့ဝင် မွန်ဘင်းကို သူ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ရ

ယောက်ျားလေး K-pop အဖွဲ့ Astro မှ အဖွဲ့ဝင် မွန်းဘင်သည် အသက် ၂၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီဖြစ်သည့် ဖန်တဂျီယို က ဧပြီလ ၂၀ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

Read more

Batman စီးတဲ့ Batpod ဆိုင်ကယ်ရဲ့ပုံတူကို ဖန်တီးခဲ့တဲ့ ဗီယက်နမ်ကျောင်းသား

The Dark Knight ရုပ်ရှင်ကို အလွန်နှစ်သက်တဲ့ ဗီယက်နမ် ဗိသုကာကျောင်းသားတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး Batpod ဆိုင်ကယ်ကို ၆ လအတွင်း ဖန်တီးနိုင်ခဲ့ပါတယ်။ ငုယင်ဒက်ချွန်း ကလေးဘဝမှာ ခရစ္စတိုဖာနိုလန်ရဲ့ The Dark Knight ရုပ်ရှင်က အရမ်းခေတ်စားခဲ့တာပါ။ တစ်နေ့ကျရင် ဟနွိုင်းမြို့ လမ်းတွေပေါ်မှာ သူ ကိုယ်တိုင်ဖန်တီးတဲ့ Batpod ဆိုင်ကယ်ကို မောင်းနိုင်ရမယ်လို့ ငုယင်ဒက်ချွန်းက ဆုံးဖြတ်ခဲ့သူပါ။

Read more

ဗိုလ်ချုပ်တွေကို နောက်ထပ်တစ်နှစ်ဆက်ထိန်းထားဦးမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အသင်းရဲ့ကွင်းလယ် ဗိုလ်ချုပ်တွေဖြစ်တဲ့ တိုနီခရူးစ်နဲ့ လူကာမိုဒရစ်တို့ကို နောက်ထပ်တစ်ရာသီဆက်ရှိဖို့အတွက် သက်တမ်းတိုးစာချုပ် ချုပ် ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုနီခရူးစ်ဟာ အစောပိုင်းမှာတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစားထားတာ ဖြစ်ပြီး အခုတော့ အသင်းနဲ့အတူ နောက်ထပ်ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိုဒရစ်ကလည်း အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လူငယ်တစ်ယောက်လိုပဲ အသင်းရဲ့ကွင်းလယ်ကို ထိန်းကျောင်းထားနိုင်ဆဲ ဖြစ်လို့ အသင်းဘက်က နောက်ထပ်တစ်နှစ်စာချုပ်နဲ့ ဂုဏ်ပြုခဲ့တဲ့သဘောပါပဲ။ ရီးရဲလ်မက်ဒရစ်ဟာ တိုနီခရူးစ်နဲ့ မိုဒရစ်တို့အလွန်ကို မျှော်မှန်းကာ အသင်းရဲ့ ကွင်းလယ်အတွက် ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါနဲ့ ချုအာမန်နီတို့ကို နေရာပေးကာ ဝါရင့်တွေနဲ့ တွဲဖက်ကစားစေခဲ့ပါတယ်။ အခုတော့ အဆိုပါလူငယ်တွေဟာ မိုဒရစ်နဲ့ ခရူးစ်တို့နဲ့ အတူနောက်ထပ်တစ်ရာသီဖြတ်သန်းရဦးမှာဖြစ်လို့ အတွေ့အကြုံကောင်းတွေကို ဆက်လက်သင်ယူခွင့် ရရှိဦးမှာလည်း ဖြစ်ပါတယ်။#Shwesports

Read more

ဆီဗီလာကို ၃ ဂိုးပြတ်ရှုံးပြီး မန်ယူအသင်း ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရ

ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းက ဆီဗီလာကို အဝေးကွင်းမှာ သုံးဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ ပထမအကျော့တုန်းက နှစ်ဂိုးစီသရေကျခဲ့တာ ဖြစ်ပြီး ဆီဗီလာအိမ်ကွင်းမှာ မန်ယူခံစစ်မှူး မက်ဂွဲယားနဲ့ ဂိုးသမားဒီဂီယာတို့ရဲ့ အမှားတချို့ကြောင့် သုံးဂိုးအထိပေးခဲ့ရတာပါ။ မန်ယူခံစစ်မှာ အမာခံဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ မပါဝင်နိုင်ခဲ့တာက အားနည်းချက်ဖြစ်စေခဲ့ပြီး ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာလည်း ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရတာပါ။ ယူရိုပါလိဂ်ကနေထွက်ခဲ့ရတဲ့ မန်ယူအသင်းအတွက် အက်ဖ်အေဖလား ချန်ပီယံ မျှော်လင့်ခွင့် ဆက်ရှိမှာဖြစ်ပြီး လာမယ့် ဧပြီ ၂၃ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Read more