Author: USDP 2016
သူလျှိုလုပ်မှု စွဲချက်ဖြင့် အမေရိကန်နိုင်ငံသားအား တရုတ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်
ပေကျင်း၊မေ ၁၅
သူလျှိုလုပ်မှုဖြင့် အသက် ၇၈ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသားတစ်ဦးအား တရုတ်နိုင်ငံက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း တရားရုံးက မေလ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဟောင်ကောင်၌ အမြဲတမ်းနေထိုင်သူ John Shing-wan Leung သည် သူလျှိုလုပ်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရကြောင်း ဆူကျိုးမြို့အရှေ့ပိုင်း ပြည်သူ့တရားရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဆူကျိုးအာဏာပိုင်များသည် ၎င်းအမျိုးသားအား ၂၀၂၁ ခုနှစ် ဧပြီလမှစကာအရေးယူခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်က စတင်ဖမ်းဆီးခဲ့သည်ကိုမူမဖော်ပြထားဟုဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပေကျင်းအခြေစိုက် အမေရိကန်သံရုံးက မှတ်ချက်တစ်စုံတစ်ရာမပြုသေးကြောင်းလည်း ပြောကြားခဲ့သည်။တရားရုံး၏ထုတ်ပြန်ချက်၌ စွဲချက်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြမထားပေ။
ယခုကဲ့သို့ တံခါးပိတ်စစ်ဆေးမှုများသည် အရေးကြီးသောကိစ္စများအတွက် တရုတ်နိုင်ငံတွင် ပုံမှန်ပြုလုပ်နေကျ အရာများလည်းဖြစ်သည်။ အမေရိကန်နိုင်ငံသားတစ်ဦးအား အပြင်းထန်ဆုံးထောင်သွင်းအကျဉ်းချခြင်းသည် ဝါရှင်တန်နှင့်တင်းမာနေပြီးသားဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုထိခိုက်စေနိုင်ဖွယ်ရှိသည်။
Source :AFP
ကျေးရွာတံတားဖွင့်ပွဲသို့ တက်ရောက်
နမ့်ခမ်း မေ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် အဖွဲဝင်များသည် ၁၄- ၅ -၂၀၂၃ ရက်နေ့တွင် နမ့်ခမ်းမြိုနယ် နမ့်ဆရီးအုပ်စု နမ်ဆရီး – လွယ်မွန်းကြား တံတားသစ် နှင့်လွယ်မွန်းကျေးရွာ ဇရပ်သစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
Read more
ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း ဆင်းပွဲကျင်းပ
တောင်ကြီး မေ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁) ဆင်းပွဲအခမ်းအနားကို ယနေ့ညနေ (၄:၀၀)ချိန် ပြည်နယ်ပါတီရုံးသင်တန်းခန်းမတွင် ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ပြည်နယ်ပါတီ ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်၊ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ခင်ထွေးအောင်၊ပြည်နယ်ပါတီကော်မတီဝင် ဦးစောထွန်းခိုင်၊တောင်ကြီးခရိုင်ပါတီကော်မတီဥက္ကဋ္ဌ ဦးစိုင်းတင်ထွေးနှင့် တောင်ကြီးမြိုနယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်သူရရှင်းတို တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားကို ပြည်နယ်ပါတီဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးချင်းစီသို ပေးအပ်ပြီး အခမ်းအနားကို ညနေ (၄:၃၀)တွင် ပြီးစီးခဲ့ပါသည်။
ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု (ဆင့်ပွား)သင်တန်း ဖွင့်လှစ်
တောင်ကြီး မေ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁)ကို (၁၂.၅.၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀)နာရီချိန် ပြည်နယ်ပါတီရုံး သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပါတီဥက္ကဋ္ဌဦးစိုင်းလုံကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို ပြည်နယ်ပါတီကော်မတီဝင်များ ၊ခရိုင်ကော်မတီဝင်များနှင့် တောင်ကြီးမြိုနယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်မြိုနယ်ကော်မတီဝင်များတက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို (၁၀:၀၀)ချိန်တွင်ရုတ်သိမ်းကာ အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။
အဆိုပါသင်တန်းသို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်၊မြိုနယ်များမှ မီဒီယာတာဝန်ခံများ၊လူငယ်နှင့်အမျိုးသမီးများ စုစုပေါင်းသင်တန်းသား (၂၇)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်းသိရှိရပါသည်။
ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆၈ ဦးတွေ့
ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆၈ ဦးအား ထပ်မံတွေ့ရှိခဲ့ရပြီး သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၁ ရက်ည ၈ နာရီ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၀ ရက်ည ၈ နာရီမှ ၁၁ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၀၉၃ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၆၈)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာ ခိုင်နှုန်းမှာ(၁ ဒသမ ၆၆)ရာခိုင်နှုန်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၄၈၃၄၀၆)ခုအားစစ် ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၆၃၆၈၁၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၅၆၃၀)ဦးရှိပြီဖြစ်ကာ ယနေ့အထိသေဆုံးသူ(၁၉၄၉၃)ဦးရှိကြောင်း သိရသည်။
ဆော်ဒီသို့ ပေါင် ၅၂၂ သန်းဖြင့် မက်ဆီ၏ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်သတင်းများ ဖော်ပြ

ပီအက်စ်ဂျီမှ ဆော်ဒီအာရေဗျသို့ ယခုနှစ်နွေရာသီတွင် ပြောင်းရွှေ့မည့် မက်ဆီ၏ တန်ဖိုးကြီးမားသော အပြောင်းအရွှေ့မှာ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရသည့် (၃၅) နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး မက်ဆီသည် ၎င်း၏ဇနီးဖြစ်သူ အန်တိုနီလာရိုကိုးဇို၏ စိုးရိမ်မှုများကြားမှပင် ဆော်ဒီကလပ် အယ်ဟီလာ၌ ကစားရန် ပေါင် ၅၂၂ သန်းတန်ကြေးရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မည်ဟု ပြင်သစ် အခြေစိုက်သတင်းများကဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မက်ဆီသည် အယ်ဟီလာ၏ပြိုင်ဘက် အယ်နာဆာတွင်ကစားနေသော မဟာပြိုင်ဘက်ရော်နယ်ဒိုနှင့် ၎င်း၏ ပြိုင်ဆိုင်မှုကို ပယ်လယ်ကွေ့ဒေသတွင် ပြန်လည်ကြုံဆုံရတော့မည် ဖြစ်သည်။
မက်ဆီအနေဖြင့် လာမည့်ရာသီ၌ ဆော်ဒီတွင် ကစားမည်ဖြစ်ကြောင်း ညှိနှိုင်းမှုများနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုက အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့မှာ တန်ဖိုးကြီးမားကြောင်း AFP က ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တစ်ခုကလည်း အပြောင်းအရွှေ့မှာ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပြီး ပြင်သစ်သတင်းစာ L’Equipe ကလည်း အပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး စာချုပ်တွင်မူ လက်မှတ်ရေးထိုးရခြင်း မရှိသေးကြောင်း ဖော်ပြခဲ့သည်။ သို့သော် မက်ဆီ၏ဇနီးဖြစ်သူ အန်တိုနီလာကမူ ၎င်းတို့မိသားစုအနေဖြင့် ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့ရန် စိတ်ကူးမယဉ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေ၍ အပြောင်းအရွှေ့အတွက် အတားအဆီး သဖွယ်ဖြစ်နေသည်။
အန်တိုနီလာသည် သားသုံးယောက်ဖြစ်သည့် (၁၀) နှစ်အရွယ် တီယာဂို၊ ခုနစ်နှစ်အရွယ် မတ်တီယို၊ ငါးနှစ်အရွယ် စီယိုတို့နှင့်အတူ အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ရန် ဝန်လေးနေကာ ဥရောပတွင်သာ နေထိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် မက်ဆီသည် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မိသားစုနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်ရန် ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇွန် ၃၀ ရက်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားသော်လည်း ယခုအခါ အဆိုပါစိုးရိမ်မှုများ ပြေလျော့သွားပုံရပြီး ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ဘာစီလိုနာနဲ့လမ်းခွဲတော့မယ့် ဆာဂျီယိုဘက်စကွက်
ဘာစီလိုနာအသင်းခေါင်းဆောင် ဆာဂျီယိုဘက်စကွက်ဟာ ၁၈ နှစ်ကြာအောင်ကစားလာခဲ့တဲ့အသင်းနဲ့ ရာသီကုန်ချိန်မှာ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။
စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဘက်စကွက်ဟာ အသက် ၃၄ နှစ်ရှိနေပြီး ဘာစီလိုနာအတွက် ၇၁၈ ပွဲကစားပေးထားပါတယ်။ ဒါဟာ ကလပ်သမိုင်းတလျှောက်မှာ တတိယမြောက် ပွဲအများဆုံးကစားပေးထားတဲ့ စံချိန်မှတ်တမ်းလည်းဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဘွဲ့ ၈ ကြိမ်၊ စပိန်ဘုရင့်ဖလား ၇ ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘက်စကွက်က လမ်းခွဲဖို့ ခက်ခဲစွာဆုံးဖြတ်ခဲ့ရကြောင်း၊ ဘာစီလိုနာကနေ ထွက်ခွာဖို့အချိန်တန်ပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ -Ref:Goal