အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာစေတီတော်ကြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးကူညီမှုများပြုလုပ်


မေ ၂၆၊ စစ်တွေ
အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်မှ (၁၀၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၀၀)ဦး၊ စုစုပေါင်း အင်အား(၂၀၅)ဦးပါဝင်သော လုပ်အားပေးအဖွဲ့သည် ကူညီကယ်ဆယ်ရေး လုပ်အားပေးလုပ်ငန်းများကို ၂၃-၅-၂၀၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ ၂၆-၅-၂၀၂၃ ရက်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ကြီး နှင့် ပုရဝုဏ်အတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦအပိုင်းအစများနှင့် အမှိုက်သရိုက်များအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

Read more

? 2022/23 ရာသီ Premier League အနှစ်ချုပ်

ချန်ပီယံ – မန်ချက်စတာစီးတီး
ချန်ပီယံလိဂ်ဝင်ခွင့် – မန်စီးတီး ၊ အာဆင်နယ်၊ မန်ယူ၊ နယူးကာဆယ်
ယူရိုပါလိဂ်ဝင်ခွင့် – လီဗာပူးလ် ၊ ဘရိုက်တန်
ယူရိုပါကွန်းဖရန့်လိဂ်ဝင်ခွင့် – အက်စတွန်ဗီလာ
တန်းဆင်း – လက်စတာ ၊ လိဒ်စ်၊ ဆောက်သမ်တန်
တန်းတက် – ဘန်လေ၊ ရှက်ဖီးလ်၊ လူတန်တောင်
သွင်းဂိုးအများဆုံး ကစားသမား- ဟာလန်း (36) ဂိုး
ရွှေလက်အိတ်ဆု – ဒီဂီယာ
ဂိုးဖန်တီးမှုအများဆုံး – ဒီဘရိုင်း (16) ကြိမ်

Read more

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး 7 နှစ်အကြာမှာ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတဲ့ လက်စတာ

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ၇ နှစ်အကြာမှာ ချန်ပီယံရှစ်ဆီကို တန်းဆင်းသွားခဲ့ရပါတယ်။
မနေ့ညက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ လက်စတာအသင်းက ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ တဖက်ပွဲစဉ်မှာ အဲဗာတန်အသင်းက ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ လက်စတာအသင်း တန်းဆင်းသွားခဲ့ရတာပါ။
၂၀၁၅-၂၀၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းဟာ နောက်တစ်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်အထိ တက်လှမ်းခဲ့ဖူးပါတယ်။
အင်္ဂလန်မီဒီယာတချို့ကတော့ လက်စတာအသင်းတန်းဆင်းသွားခဲ့ရတဲ့အပေါ် ချန်ပီယံလိဂ်ကနေ ချန်ပီယံရှစ်သို့ ဆိုပြီး ရေးသားခဲ့ကြပါတယ်။
လက်စတာအသင်းနဲ့အတူ လိဒ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတို့လည်း တန်းဆင်းသွားခဲ့ရပါတယ်။ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်တောင်းအသင်းတွေကတော့ ချန်ပီယံရှစ်ကနေ တန်းတက်ခွင့် ရရှိခဲ့ကြပါတယ်။

Read more

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသည့် ဒေသများတွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးကူညီမှုများပြုလုပ်

Read more

နိုင်ငံ၏ ချေးငွေဆိုင်ရာအဆိုပြုချက်များသည် အမေရိကန် အထက်လွှတ်တော်မှာ ချောမွေ့စွာ ဖြတ်သန်းနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ လွှတ်တော်အမတ်

Read more

ချောင်းဆိုးပျောက်ဆေးများ မတင်ပို့မီ နမူနာများကို မဖြစ်မနေစမ်းသပ်စစ်ဆေးရန် ကုမ္ပဏီများကို အိန္ဒိယအစိုးရ ညွှန်ကြား

အိန္ဒိယဆေးကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ချောင်းဆိုးပျောက်ဆေးရည်များကို ဈေးကွက်သို့ မတင်ပို့မီတွင် ဆေးနမူနာများကို မဖြစ်မနေစမ်းသပ်စစ်ဆေးရန် အိန္ဒိယအစိုးရကညွှန်ကြားလိုက်သည်။
ဆေးကုမ္ပဏီများ အနေဖြင့် တင်ပို့မည့်ဆေးနမူနာများကို အစိုးရက ခွင့်ပြုထားသော ဓာတ်ခွဲခန်းများတွင် ဇွန် ၁ ရက်မှစ၍ စစ်ဆေးမှုပြုလုပ်ရမည်ဖြစ်ပြီး စစ်ဆေးမှုလက်မှတ်ရရှိမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်သည်။
အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးအချို့ကြောင့် ဂမ်ဘီယာနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကလေးငယ်များ သေဆုံးမှုဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုသို့ ကလေးငယ်များသေဆုံးခဲ့ခြင်းကြောင့် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှု၏ သုံးပုံတစ်ပုံရှိသော အိန္ဒိယနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအပေါ်သက်ရောက်မှုများရှိခဲ့ပြီး မူဝါဒပြောင်းလဲရန် စဉ်းစားနေကြောင်း အစိုးရတာဝန် ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
ဂမ်ဘီယာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့၌ ကလေးငယ်များသေဆုံးမှုနှင့် ဆက်နွှယ်နေသည့် အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
-Ref:BBC

Read more

ယူရိုခြေစစ်ပွဲကစားမယ့် အင်္ဂလန်အသင်းလူစာရင်းကို နည်းပြဆောက်ဂိတ်ရွေးချယ်

လာမယ့်ဇွန်လမှာ ကစားမယ့် ၂၀၂၄ ယူရိုခြေစစ်ပွဲ ပွဲစဉ်နှစ်ပွဲအတွက် လူစာရင်းကို အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြဆောက်ဂိတ်က ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဇွန်လမှာ မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ယူရိုခြေစစ်ပွဲကစားရတော့မှာဖြစ်ပါတယ်။
-Ref: Sky sports


Read more