ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara – Ool အား လက်ခံတွေ့ဆုံ

Read more

ဝမ်းချုပ်နေလို့ သက်သာသွားချင်ပါသလား


ဝမ်းချုပ်ခြင်းကို လူတော်တော်များများ ကြုံတွေ့ခံစားရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါပဲ။ ဝမ်းချုပ်ခြင်းက ဗိုက်အောင့်သလို၊ ဗိုက်နာသလိုလိုခံစားရပြီး အတော်လေးခံရခက်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ မတည့်တဲ့တစ်ခုခုကို စားမိတာ (ဒါမှမဟုတ်) တစ်ခုခုကို မြန်မြန်ဆန်ဆန် စားမိတာတွေကြောင့်လည်း ဝမ်းချုပ်တာဖြစ်နိုင်ပါတယ်။ အစာအိမ်မှာ ဖိအားများလာတဲ့အခါ အစာခြေစနစ်ရဲ့ မတူတဲ့အပိုင်းတွေမှာ လေချုပ်သလိုလည်း ခံစားရနိုင်ပါတယ်။ လေတက်တာ၊ လေပွတာတွေအပါအဝင် လက္ခဏာရပ်တွေလည်း ဖြစ်စေနိုင်ပါတယ်။
အဲဒီလို ဝမ်းချုပ်တာတွေဖြစ်လာခဲ့ရင် အရမ်းရိုးရှင်းတဲ့ အိမ်တွင်းနည်းတစ်မျိုးနဲ့ သက်သာအောင် ဖြေရှင်းလို့ရပါတယ်။ အဲဒီဖြေရှင်းနည်းက အိမ်မှာတင်ပြုလုပ်လို့ရပါတယ်။ ဘာလဲဆိုတာကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ကြပေါ့နော်..။ ဝမ်းချုပ်တာကို သက်သာသွားအောင် ဖြေရှင်းပေးမှာက ဆားရည်ဖြစ်ပါတယ်။ ဆားရည်က လည်ချောင်းနာတာ၊ ပါးစပ်က ပိုးမွှားတွေကို ဖယ်ရှားပေးတဲ့နေရာမှာ အသုံးဝင်တယ်ဆိုတာ သိကြပြီးသားပါ။
အခုလည်း သင် ဝမ်းချုပ်သလိုခံစားရတဲ့အခါ ဆားရည်ဖန်ခွက်ကြီးကြီးတစ်ခွက်ကို သောက်သုံးတာက သင့်အစာခြေစနစ်ကို သန့်စင်ပေးဖို့၊ ဝမ်းချုပ်ခြင်း လက္ခဏာရပ်တွေကို သက်သာစေဖို့ လိုအပ်တဲ့ကုသနည်း ဖြစ်နိုင်ပါတယ်။ ဆားက ခန္ဓာကိုယ်ကို သဘာဝအလျောက် အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ ရေကလည်း ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် သူ့ဘာသာလုပ်ဆောင်ပေးပြီး အဆိပ်အတောက်တွေကို အဝေးကို တွန်းပို့ပေးပါတယ်။ ရေများများသောက်သုံးပေးရင်လည်း ဝမ်းချုပ်တာတွေမဖြစ်အောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။
ဆားရည်ပြုလုပ်နည်း
ဆားရည်နဲ့သန့်စင်ပေးတာက အစာအိမ်မှာ အစာမရှိခင် မနက်ခင်းပိုင်းမှာ အရင်ဆုံးလုပ်ဆောင်မယ်ဆိုရင် အထိရောက်ဆုံးပါပဲ။ သင်က မနက်ခင်းမလုပ်ဘဲ နောက်မှာလုပ်မယ်ဆိုရင် နှစ်နာရီလောက် ဘာမှမစားဘဲနေပြီးမှ သောက်ပေးသင့်ပါတယ်။ ပြုလုပ်နည်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ပုလင်းအကြီး (သို့) ခရားအကြီးထဲမှာ သန့်စင်ပြီးသားရေ (၁) လီတာ (ဆူတာမဖြစ်ရပါ၊ ဒါပေမဲ့ သင့်တင့်သလောက်တော့ အပူပေးထားပါ) ကို ထည့်လိုက်ပါ။ အဲဒီနောက် ဆား (စားပွဲတင်ဇွန်း ၂ -၃ ဇွန်းလောက်) ရောထည့်ပြီး ဆားတွေအားလုံး ပျော်ဝင်သွားတဲ့အထိ သမအောင်မွှေပေးပါ။
ဆားရည်နဲ့သန့်စင်တာကို ဘယ်လိုလုပ်မလဲ
ဆားရည်အဆင့်သင့်ဖြစ်သွားတဲ့အခါ ဆားရည်များများယူပြီး ချက်ချင်းသောက်ကြည့်ပါ။ (၁၀) မိနစ်အတွင်း ပြီးအောင် သောက်ပေးသင့်ပါတယ်။ အဲဒီနောက်မှာ အစာခြေစနစ်အတွင်း သက်တောင့်သက်သာ ဖြစ်သွားအောင် သင့်ဗိုက်နဲ့ ဝမ်းဗိုက်တို့ကိုလည်း ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးနိုင်ပါတယ်။ ဒီနည်းက မိနစ် (၃၀) လောက်မှ စအလုပ်လုပ်နိုင်ပြီး သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
#yoyarlay

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့သို့ ရောက်ရှိပြီး လုပ်အားပေးအဖွဲ့များအား တွေ့ဆုံအားပေး

 

Read more

ရုရှားနိုင်ငံမှ ဒီဇယ်သန်းပေါင်းများစွာမှာယူပြီး ဥရောပတိုက်ကို ပြန်လည်တင်သွင်းနေသည့် ဆော်ဒီအာရေးဗီးယား

ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အနောက်အုပ်စု ဥရောပမှ ကူးသန်းရောင်းဝယ်ခွင့်မပြုထားသော ရုရှားနိုင်ငံ၏ ဒီဇယ်စည် သန်းပေါင်းများစွာကို မှာယူနေတာဖြစ်ပြီး တစ်ချိန်တည်းတွင် ၎င်းတို့နိုင်ငံ၏ ကိုယ်ပိုင်လောင်စာသုံးပစ္စည်းများကို EUအတွင်းရှိ ဝယ်ယူသူများထံ ပြန်လည်ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
Bloombergသတင်းဌာန၏ယခုနှစ်မေလ ထုတ်ပြန်ခဲ့သောအစီအရင်ခံစာများတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ပြီးခဲ့သည့် ဧပြီလတွင် ရုရှားနိုင်ငံမှ ဒီဇယ်နှင့် ဓာတ်ဆီများကို တစ်နေ့လျှင် စည်ပေါင်း ၁၇၄,၀၀၀ ကျော်ထိ တင်သွင်းနေတာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေးဗီးယား နိုင်ငံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက ရုရှားနိုင်ငံကို ကျော်တတ်ကာ ဥရောပတိုက်၏ ထိပ်တန်း လောင်စာဆီ တင်သွင်းပေးနေသော နိုင်ငံဖြစ်လာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုများကို ဖောက်ဖျက်၍ ရုရှားနိုင်ငံမှ ရေနံများ လောင်စာဆီများကို ယခုနှစ်တွင်ပိုမို တင်သွင်းနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်လို့ ဖော်ပြပြောဆိုထားပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၅ ရက် မြောက်နေ့ လုပ်အားပေးမှုများဆက်လက်ဆောင်ရွက်


မေ ၂၇၊ စစ်တွေ
အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပါတီဝင်အင်အား ၂၀၀ ကျော်တို့သည် လုပ်အားပေးလုပ်ငန်းများကို ၂၃-၅-၂၀၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိရာ
ယနေ့ ၂၈-၅-၂၀၂၃ ရက်နေ့ ၅ ရက်မြောက်နေ့တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်အတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦအပိုင်းအစများနှင့် အမှိုက်သရိုက်များအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#USDP #Myanmar

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုပ်အားပေးမှုများ ဆက်လက်ဆောင်ရွက်

Read more