Author: USDP 2016
ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တဲ့ Vero Nika

Photo : Vero Nika
ဇွန် ၁၉
မနေ့ကယှဉ်ပြိုင်တဲ့ Thai Fight ပြိုင်ပွဲမှာ Vero Nika ဟာ တတိယအချီတွင် ဗီယက်နမ်သူ ကို ထိုးချက်ပါဝါအသာကြီးနဲ့ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဗီယက်နမ်သူကို ကြိုးဝိုင်းအတွင်း ပတ်ပြေးအောင်ထိကို ထိုးခဲ့တာပါ။
Vero Nika ဟာ မနေ့ကနိုင်ပွဲအတွက် ပရိတ်သတ်တွေရဲ့ အားပေးမှုအပေါ် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကျေးဇူးတင်စကားဆိုသွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိင်းအစည်းအဝေး

(၁၃-၆-၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)မှ နေ့လည်(၁၃:၃၀)အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးပါတီကော်မတီဝင်များ ၏ (၇/၂၀၂၃)လုပ်ငန်း ညှိနှိင်းအစည်းအဝေးကို (Zoom Meeting)ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဦးမင်းမင်းဇေယျာမြင့်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးဘဏ္ဍာရေးမှုးဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။
Read more
မင်္ဂလာတောင်ညွန့်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ မှ ပုသိမ်ညွန့်ရပ်ကွက် အမှတ် (၂၄) အခြေခံပညာမူလတန်း ကျောင်း သို့ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်

တောင်ညွန့် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြိုနယ် မှ ပုသိမ်ညွန့်ရပ်ကွက်ရှိ အမှတ်(၂၄)အခြေခံပညာမူလတန်းလွန်ကျောင်း ရှိကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရန် အတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းကို ယနေ့ (၁၂.၆.၂၀၂၃) တနင်္လာ နေ့ ညနေ (5:00) ကဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်မှုကို မြိုနယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန်၊ မြိုနယ်မီဒီယာတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့် နှင့်ပါတီဝင်လူငယ်များမှ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။










