ကမ္ဘာ့စံချိန်တင် ဆုတစ်ခုနဲ့ ရော်နယ်လ်ဒို

ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာတော့ အသက် ၃၈ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့ ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံတကာပွဲ ၂၀၀ အထိ ကစားနိုင်တဲ့ ပထမဆုံးလူသားအဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်စေခဲ့တာပါ။
ရော်နယ်ဒိုဟာ အဲဒီလို အမှတ်တရပွဲမျိုးမှာပဲ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်အရောက်မှာ သွင်းယူပေးနိုင်ခဲ့လို့ သူ့အတွက် ပိုပြီးချိုမြိန်တယ်လို့ ဆိုနိုင်ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိနေခဲ့ပြီဖြစ်ပါတယ်။

Read more

ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပြ (ဆင့်ပွား)သင်တန်း (၁/၂၀၂၃) သို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း တက်ရောက်၍ သင်ခန်းစာပို့ချ

Read more

ကရင်ပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ဆက်ဆံရေး အထောက်အကူပြုဆင့်ပွား သင်တန်းဖွင့်ပွဲကျင်းပ


ဘားအံ ဇွန် ၁၉
၂၀၂၃ ခုနှစ် ဇွန်လ ၁၉ရက်နေ့ နံနက် ၈း၀၀ အချိန်ခန့်တွင် ကရင်ပြည်နယ်ပြည်ထောင်စုကြံခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီမှပြည်သူ့ဆက်ဆံရေးအထောက်အကူပြုဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် သဘာပတိအဖြစ် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဒေါ်နန်းနီနီအေး၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးသက်နိုင်ဦးတိုမှ ဆောင်ရွက်ခဲ့ကြပါသည်။
ပထမဦးစွာသင်တန်းကို နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပါသည်။ ပြည်နယ်ပါတီဥက္ကဌ မှ သင်တန်းဖွင့်ပွဲနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲကို ပြည်နယ်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘားအံခရိုင်/မြိုနယ် ပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ဘားအံ၊ မြ၀တီ၊ ကော့ကရိတ်၊ လှိင်းဘွဲ၊ဖာပွန် မြိုနယ်မှ သင်တန်းသူ သင်တန်းသား (၂၁)ဦး၊ စုစုပေါင်း ( ၅၅)ဦး တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

Read more

အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ အတွင်း ဘီနင်-ဆီနီဂေါ နှစ်နိုင်ငံ ဘောလုံးပြိုင်ပွဲ အတွင်း လူ ၂ဦး သေဆုံးခဲ့ရပြီး လူ ၁၀ဦးထိ ဒဏ်ရာများရရှိခဲ့ကြ

Read more

မေဆန်မောင့်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် မန်ယူ စီစဉ်

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူရန်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲရန် လိုလားနေသည့် မေဆန်မောင့်ကို ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ပထမအကြိမ်ကမ်းလှမ်းမှုကို ပေါင်သန်း(၄၀)ဖြင့် ပြုလုပ်ခဲ့သောကြောင့် ချက်ချင်းပယ်ချခံခဲ့ရသည်။
ထို့ကြောင့် ပေါင်သန်း(၅၀)ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကမူ အနည်းဆုံး ပေါင်သန်း(၇၀)ရရှိမှသာ လက်ခံဖွယ်ရှိကြောင်း သိရသည်။
မေဆန်မောင့်ကလည်း လစာနှုန်းထားကို တစ်ပတ်ပေါင်(၂၅၀၀၀၀)ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

Read more

ခရိုင်/မြို့နယ်ကော်မတီဝင်၊ ရပ်ကျေးလုပ်ငန်းအစည်းအဝေးနှင့် ပြည့်မဏ္ဍိုင်၊ နိုင်ငံရေးစကားဝိုင်း ပြုလုပ်ခြင်း

တာချီလတ် ဇွန် ၁၈

၁၈.၆.၂၀၂၃ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ လုပ်ငန်းညိုနှိင်း အစည်းအဝေး ပြုလုပ်ရာသို ခရိုင်/မြိုနယ်ဥက္ကဌ နှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲဝင်များ၊ အမျိုးသမီးရေးရာအဖွဲဝင်များ စုစုပေါင်းအင်အား (၃၅)ဦးတိုမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား နံနက်(၁၀)နာရီတွင် စတင်ခဲ့ပြီး နေ့လည်(၁၁း၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးအား ရုပ်သိမ်းပြီးသည့်နှင့် တစ်ဆက်တည်းတွင် မြိုနယ်ဥက္ကဌဦးကျော်ငြိမ်းအောင်မှ ဦးဆောင်၍ ပါတီကော်မတီဝင်များ၊ ရပ်ကျေးအဖွဲဝင်များ၊အမျိုးသမီးရေးရာအဖွဲဝင်များ
ဖြင့် ပြည့်မဏ္ဍိုင်၊ နိုင်ငံရေးစကားဝိုင်းကို နေ့လည်(၁၂)နာရီအချိန်ထိ ပြုလုပ်ခဲ့ပါသည်။ ထိုနောက် အစည်းအဝေးသို တက်ရောက်လာသည့် ခရိုင်/မြိုနယ်အဖွဲဝင်များအား ခရိုင်/မြိုနယ်ပါတီမှနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

မင်္ဂတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြိုနယ်တွင်းရှိ ရပ်ကွက် ပါတီကော်မတီဝင် မိသားစုများအား ပညာရေးထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

Read more

အထကကျောင်းအတွက် လုပ်ငန်းညှိနိုင်းပွဲ တက်ရောက်ပြီး အလှူငွေလှူဒါန်း

လားရှိး ဇွန် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို၊ ရပ်ကွက်(၅)၊အထက(၆)၊ အခြေခံပညာအထက် တန်းကျောင်း၏ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ တွေ့ဆုံလုပ်ငန်းညှိနိုင်းအစည်း အဝေးကို၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့၊ နေ့လည်(၂)နာရီတွင် ကျင်းပရာ လားရှိးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ပြီး လားရှိးခရိုင်ဘဏ္ဍာရေးမှူးဦးခင်အောင်ဆွေမှ ကျောင်းရံပုံငွေအတွက် အလှူငွေကျပ်(၁)သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရပါသည်။
အဆိုပါ လားရှိးမြို၊ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက်ရောက်၍ ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူ (၂၃၈၈)ဦး ရှိကြောင်း သိရပါသည်။

Read more