Author: USDP 2016
UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရ ချင်းတိုင်းရင်းသား ဂျိုရွှာဗန် ပြိုင်ဘက်ကစားသမားအားအမှတ်ဖြင့်အနိုင်ရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗလ်မြို့မှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီကျင်းပတဲ့ UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်က ကာဇက်စတန်က ဇဟယ်ဂတ်စ် ဇူမာဂူလာ့ဗ်ကို ၁၉ မှတ်အသာဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ ဂျိုရွှာဗန်အတွက်တော့ UFC မှာ ပထမဆုံး ပွဲဦးထွက်ထိုးသတ်ခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ ကာဇက်စတန်နိုင်ငံသား ပြိုင်ဖက်ကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ MMA ကစားသမားဘဝကို ၂၀၂၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်ထဲမှာ UFC အဖွဲ့ချုပ်မှ ကမ်းလှမ်းခံခဲ့ရကာ ပထမဆုံးပြိုင်ပွဲမှာပဲ အနိုင်ရရှိခဲ့တဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား တယောက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
Read moreဘလင်ကန်၏ ပေကျင်းခရီးစဉ်သည် တရုတ်တောင်းပန်ရေးခရီးစဉ်သာ ဖြစ်ဟု မြောက်ကိုရီးယား ဝေဖန်

ဆိုးလ်၊ဇွန် ၂၁
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ်သည် တရုတ်အပေါ်ဖိအားမပေးနိုင်သည့် အတွက် တင်းမာမှုများဖြေလျှော့ရန်တရုတ်တောင်းပန်ရေးခရီးစဉ်သာဖြစ်သည်ဟု မြောက်ကိုရီးယားက ဝေဖန်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တက်လာပြီးနောက် အရေးအပါဆုံးသော အမေရိက – တရုတ်တွေ့ဆုံမှုအနေဖြင့် ဘလင်ကန်နှင့် တရုတ်သမ္မတရှီတို့တနင်္လာနေ့ကတွေ့ဆုံခဲ့ကြပြီး ၎င်းတို့၏ ပြင်းထန်သောပြိုင်ဆိုင်မှုများကို တည်ငြိမ်အောင်ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။
တနင်္လာနေ့တွေ့ဆုံမှုအပြီး၌ မစ္စတာဘလင်ကန်က ပေကျင်းသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ ရပ်တန့်ရန်စည်းရုံးနိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သဖြင့် မြောက်ကိုရီးယားကိုဒုံးကျည်စမ်းသပ်မှုရပ်တန့်ဖို့ ပြောရန်လည်းတိုက်တွန်းခဲ့သည်ဟုသိရသည်။
KCNA သတင်းဌာန၏ဖော်ပြချက်၌ မြောက်ကိုရီးယားမှ နိုင်ငံတကာရေးရာလေ့လာသူမစ္စတာဂျုံယွန်ဟက်ခ်က အမေရိက သည် တရုတ်ဆန့်ကျင်ရေးအတွက် QUAD ကဲ့သို့သောအဖွဲ့များဖွဲ့ကာ ဒေသတွင်း တင်းမာမှုများ ဖန်တီးရာ၌ အဓိကတာဝန်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟုလည်းဆိုခဲ့သည်။
Source : Reuters
တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား ၁၄၇ ဦး ထပ်မံရောက်ရှိ

ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၇ ဦးသည် ဇွန် ၂၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ သိရသည်။
မြန်မာအလုပ်သမား ၁၄၇ ဦးအား ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီကော်မတီ ပုံမှန်အစည်း အဝေးကျင်းပ

၂၀၂၃ ဇွန်လ ၂၀ ၊ ပြည်မြို
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လစဉ်ပုံမှန် အစည်းအဝေးကို တိုင်းပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ချိုဦး နှင့်ကော်မတီဝင်များပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်ဥက္ကဌ များ၊(၁၄)မြိုနယ် ပါတီ ဥက္ကဌ များစုံညီစွာတက်ရောက် ကြပြီး တိုင်းပါတီဥက္ကဌ ဦးအောင်ချိုဦး ၊တိုင်းအတွင်းရေးမှူ ဦးကျော်ကျော် လင်း နှင့်တိုင်းပါတီကော်မတီဝင်များ က ပါတီလုပ်ငန်းဆိုင်ရာများရှင်းလင်း ဆွေးနွေးပြီးပါတီလုပ်ငန်းတာဝန်ကျေ ပြွန်မှုအတွက် ပါတီဌာနချုပ်မှ ချီးမြှင့် မှုအပေါ် တိုင်းဒေသကြီးပါတီကော်မ တီမှ မြိုနယ်ပါတီ (၁၄)ပါတီအား(၁) မြိုနယ်လျှင် (၁)သိန်းကျပ်ထပ်ဆင့် ထောက်ပံချီးမြှင့်ကြပါသည်။






