လီဆာနှင့် ပတ်ဘိုဂမ် ဒိတ်နေသည်ဟု အွန်လိုင်းပရိသတ်များ ထင်ကြေးပေးနေ

BLACKPINK အဖွဲ့ဝင်လီဆာတွဲနေသည့် အမျိုးသားက သရုပ်ဆောင်ပတ်ဘိုဂမ်ဟု အွန်လိုင်းပရိသတ်များက ထင်ကြေးပေးနေကြသည်။ ဇွန် ၁၈ ရက်တွင် လီဆာက ဘရူနိုမားစ် ဖျော်ဖြေပွဲသို့ အမျိုးသားတစ်ဦးနှင့်တွဲတက်ခဲ့ပြီး ၎င်းအမျိုးသားဝတ်ဆင်ထားသည့် Celine ဦးထုပ်နှင့် အဝတ်အစားတို့ကိုကြည့်ပြီး ပရိသတ်က ပတ်ဘိုဂမ်ဟု ယူဆနေကြသည်။
လီဆာနှင့် ပတ်ဘိုဂမ်တို့ နှစ်ဦးစလုံးက Celine ဖက်ရှင်ကုမ္ပဏီ၏ ambassador များ ဖြစ်ကြသည်။ ရှိုးပွဲချိန် တစ်လျှောက်လုံး ၎င်းတို့နှစ်ဦးက ဘေးချင်းယှဉ်ရပ်နေခဲ့သည့်အတွက်လည်း ပရိသတ်ကို သံသယပိုစေခဲ့သည်။
သို့သော် သူငယ်ချင်းဆက်ဆံရေးဟုသာ နှစ်ဖက်စလုံးက အတည်ပြုထားသေးသည်။ ၎င်းတို့နှစ်ဦးသည် Celine ambassador ဖြစ်လာပြီးနောက် ပိုရင်းနှီးလာခဲ့ကြပြီး အခမ်းအနားအများစုတွင် တွဲတွေ့ရတတ်သည်။
ပတ်ဘိုဂမ်သည် BTS အဖွဲ့ဝင်ဗွီနှင့် သူငယ်ချင်းဖြစ်ပြီး ဗွီကလည်း လီဆာနှင့်တစ်ဖွဲ့တည်းသား ဂျန်းနီနှင့် သတင်းများထွက်ထားသူ ဖြစ်သည်။

Read more

ဂွန်ဒိုဂန် ကို ခေါ်ယူကြောင်း ဘာစီလိုနာအသင်း ကြေညာ


မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂွန်ဒိုဂန်(၃၂ နှစ်)ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
ဂွန်ဒိုဂန်၏ စာချုပ်လျော်ကြေးမှာ ယူရို သန်း ၄၀၀ ဖြစ်ပါတယ်။


Read more

တာဘောင်ဖိုရန်အတွက် သဲအိတ်(၅၀၀) လှူဒါန်း

မိုးမိတ် ဇွန် ၂၅
မိုးမိတ်ခရိုင် မိုးမိတ်မြို ကြည်တော်စုရပ်ကွက်သို့ ခရိုင်ပြည်ခိုင်ဖြိုးဥက္ကဌဦးစိုးမြင့်နှင့် မြိုနယ်ဥက္ကဌ ဦးကျော်စိန်တို့က နမ့်မောင်းချောင်းတာဘောင်ဖိုရန်အတွက် သဲအိတ်(၅၀၀) သွားရောက်လှူဒါန်းကူညီခဲ့ပါသည်။


Read more

ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

ဘိုကလေး ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြိုနယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင်(၂၅.၆.၂၀၂၃)ရက်နေ့မနက် (၀၉:၀၀)နာရီ အချိန်တွင် ပြည်သူ့ဆက်ဆံရေးအထောက်အကူပြု(ဆင့်ပွား)သင်တန်းဖွင့်လှစ်ခဲ့ပါသည်။
ယင်းသင်တန်းဖွင့်ပွဲအား ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင်ဒေါ်စိုးစိုးရီမှ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးစန်းမောင်၊ ယာယီအတွင်းရေးမှူးဦးခိုင်ဝင်းအောင်၊ ခရိုင်ပါတီကော်မတီဝင်ဦးလှမိုး၊ဦးသိန်းဇံ၊ဒေါ်တိုးတိုးလှိင်၊ ဘိုကလေးပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌဦးလှဌေးနှင့် မြိုနယ်EC၊အရံEC(၂၃)ဦး၊ရပ်ကွက်ကျေးရွာ(၈၆)အုပ်စုမှ သင်တန်းသားသင်တန်းသူ(၈၉)ဦး၊ စုစုပေါင်း(၁၁၈)ဦး တက်ရောက်ခဲ့ကြပါသည်။


Read more

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ မှ မိုးရာသီ ခြင်အန္တရယ်ကင်းဝေးစေရေး လုပ်ငန်း ဆောင်ရွက်

Read more

မင်္ဂတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွင်းရှိ ရပ်ကွက် ပါတီကော်မတီဝင် မိသားစုများအား ပညာရေးထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

Read more