တအာင်းဘာသာစကားဘုရားရှိခိုး သင်းတန်းဖွင့်ပွဲသို့ တက်ရောက်၍ အလှူငွေလှူဒါန်း

နမ့်ခမ်း ဇူလိုင် ၂
၂ – ၇ – ၂၀၂၃ ရက်နေ့ နမ့်ခမ်းမြိုနယ် လွယ်ယိုင်းကျေးရွာအုပ်စု အောက်စေလုံရွာရှိ မဟာစည်ကမ္မဌာန်ကျောင်း၌ မြိုနယ်တအာင်းသံဃာအဖွဲနှင့် မြိုနယ်တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲပူးပေါင်းဖွင့်လှစ်သည့် တအာင်းဘာသာဘုရားကန်တော့ခြင်းသင်တန်းသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ၄င်းနောက် လွယ်ယိုင်ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးဥက္ကဋ္ဌနေအိမ်တွင် ပါတီဝင်ဟောင်းများ ပါတီကင်းကွာသူများ အသင်းဘဝလက်တွဲခဲ့သူများနှင့်တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပါသည်။

Read more




========================================================

လိုက်ပ်ဇစ်ကစားသမား ဆိုဘိုဆလာအီ ကို ခေါ်ယူကြောင်း လီဗာပူးလ် ကြေညာ
************************************
ဇူလိုင် ၃
လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဟန်ဂေရီကွင်းလယ်ကစားသမား ဆိုဘိုဆလာအီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၂၂)နှစ်အရွယ်ရှိ ဆိုဘိုဆလာအီ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း(၆၀)ဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် ရွှေဧည့်သည်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံးကိရိယာပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်

Read more

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်/ ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

Read more

ချဲလ်ဆီးအသင်းမှ ကိုဗာဆစ် ကို ခေါ်ယူကြောင်း မန်စီးတီးအသင်း ကြေညာ

မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းမှ ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်အားခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
မန်စီးတီးအသင်းသည် အသက် (၂၉)နှစ်အရွယ် ကိုဗာဆစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်း+add-ons (၅)သန်းပေးချေခဲ့ရပြီး ၂၀၂၇ ခုနှစ်အထိသက်တမ်းရှိမည့် (၄)နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် သဲဖြူတောရဓမ္မရိပ်သာ မဟာမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၏ ဓမ္မသဘင် ကျင်းပ

Read more

သနပ်ပင်မြို့နယ်တွင် “ပြည့်မဏ္ဍိုင်ဆုံဆည်းရာ” တွေ့ဆုံပွဲ ကျင်းပ


ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြိုနယ်တွင် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက “ပြည့်မဏ္ဍိုင်ဆုံဆည်းရာ” တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသိုပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင် နှင့်တိုင်းကော်မတီဝင်များ ပြည်မဏ္ဍိုင်အဖွဲတိုင်းတာဝန်ရှိသူများ သနပ်ပင်မြိုနယ်အတွင်းရှိ မြိုမိ/မြိုဖများ ၊ ရပ်ကွပ်/ ကျေးရွာအုပ်စုများရှိရပ်မိ/ရပ်ဖများတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင်ရှေးဦးစွာတိုင်းပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းမှ “ပြည့်မဏ္ဍိုင်”ဖွဲစည်းရခြင်း၏ရည်ရွယ်ချက်များ ၊ အဖွဲ၏လုပ်ငန်းစဉ်များ ၊ ပညာရည်ချွန်ထူးချွန်သော မျိုးဆက်သစ် လူငယ်များအား ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေး၊ သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေး၊ ထူးချွန်မျိုးဆက်သစ် လူငယ်များအား ပညာရေးဆိုင်ရာထောက်ပံ့ချီးမြှင့်နိုင်ရေးစသည်တိုကို အသေးစိတ်ပြောကြားခဲ့ပြီး၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နိုင်မှရေရှည်လုပ်ဆောင်ရမည့်အဖွဲ၏ရည်မှန်းချက်များ ၊
တိုင်းပါတီကော်မတီဝင်ဒေါက်တာသန့်ဇော်လွင်မှ လူငယ်များ၏အခန်းကဏ္ဍများ အလုပ်အကိုင်အခွင့်အလမ်းများ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးမှအဖွဲအား စနစ်တကျစည်းကမ်းသတ်မှတ်ချက်များအတိုင်း ရေရှည် ရပ်တည်နိုင်ရေးတိုကို အသီးသီးချပြ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်များအပေါ်တက်ရောက်လာကြသူများမှ ပြန်လည်မေးမြန်းခြင်း ၊ဆွေးနွေးခြင်း၊ အကြံပြုခြင်း ၊ မိမိတိုသက်ဆိုင်ရာနယ်မြေများအလိုက်” ပြည့်မဏ္ဍိုင်”အဖွဲ ဖွဲစည်းထားရှိမှုများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ဒေသဖွံဖြိုးရေးလိုအပ်ချက်များ ၊ ကျန်းမာရေး၊ ပညာရေး၊လမ်းပန်းဆက်သွယ်ရေး စသည့်ကိစ္စရပ်များအား အသီးသီးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ခြင်း ၊ ချိတ်ဆက်ကူညီပေးခြင်း ၊မှတ်တမ်းတင်ခြင်းများအားဆောင်ရွက်ခဲ့သည်။ သနပ်ပင်မြိုနယ် “ပြည့်မဏ္ဍိုင်အဖွဲ”သို တာဝန်ရှိသူများမှ ပညာရေးဆိုင်ရာပဒေသပင်ရံပုံငွေများ မတည်စိုက်ထူလှူဒါန်းခဲ့ပြီး တွေ့ဆုံပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့) “ပြည့်မဏ္ဍိုင်”တာဝန်ရှိသူများသည် တိုင်း၊ခရိုင်၊ မြိုနယ်၊ ရပ်ကွပ်/ကျေးရွာ အုပ်စုများတွင် “ပြည်မဏ္ဍိုင်အဖွဲ”များအား ဖွဲစည်းထားရှိပြီး လူမူအကျိုးပြုပရဟိတလုပ်ငန်းများတွင် စဉ်ဆက်မပြတ် တက်ကြွစွာ ပါဝင်လှုပ်ရှားလျှက်ရှိပါသည်။

Read more