ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်း ထန်းလေး ပင် သံကူကွန်ကရစ် တံတားကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF တို့မှ ဖျက်စီး

ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာ အဝင် အလျား ၁၅ ပေ၊ အကျယ်ပေ၂၀ခန့် သံကူကွန်ကရစ် ထန်းလေးပင် တံတားအား ယမန်နေ့ ည ၉ နာရီ နှင့် ၁၀ နာရီအချိန်ခန့်တွင် NUG လက်ဝေခံ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရပါသည်။

Read more

လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့သွားတဲ့ ချာကာ


ဇူလိုင် ၇
လေဗာကူဆင်အသင်းဟာ အာဆင်နယ်ရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ချာကာကို ယူရို(၂၅)သန်းဖြင့် ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။


Read more

မော်စကိုမြို့အနီး၌ ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ အနောက်အုပ်စုကြောင့် လုပ်နိုင်ခြင်းဖြစ်သည်ဟုရုရှားဆို


ဇူလိုင် ၄ ရက် အင်္ဂါနေ့တွင် မြို့တော်အနီးရှိ ဒရုန်းငါးစင်းကိုပစ်ချခဲ့ကြောင်း မော်စကိုကပြောကြားခဲ့ပြီး အမေရိကန်နှင့်နေတိုးအဖွဲ့တို့၏အကူအညီမပါဘဲ ယူကရိန်းဘက်ကဒရုန်းဖြင့်တိုက်ခိုက်ခြင်းသည် မဖြစ်နိုင်ကြောင်းလည်းပြောဆိုခဲ့သည်။
တစ်ချိန်တည်း၌ပင် မော်စကိုက ထိန်းချုပ်ထားသောဇာပိုရီရှီအာနျူဓာတ်အားပေးစက်ရုံတွင် အန္တရာယ်ရှိသည့်ရန်စမှုများကို ရုရှားဘက်ကစီစဉ်နေသည်ဟု ယူကရိန်းကစွပ်စွဲခဲ့ပြီး ရုရှားကလည်း ကိဗ်သည် ဥရောပ၏အကြီးဆုံးစက်ရုံကို တိုက်ခိုက်ရန်စီစဉ်နေသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။
ယင်းနောက်ရုရှားက ယူကရိန်းအနေဖြင့် အနောက်အုပ်စုနှင့်နေတိုးအဖွဲ့၏ အထောက်အပံ့မပါဘဲ ဒရုန်းဖြင့်တိုက်ခိုက်မှုလုပ်နိုင်စွမ်းမရှိသဖြင့် ယခုတိုက်ခိုက်မှုသည် အနောက်အုပ်စု၏လုပ်ရပ်ဖြစ်သည်ဟုလည်းပြောနိုင်သည်ဟုဆိုခဲ့သည်။
ယခုတိုက်ခိုက်မှုသည် လတ်တလောဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုများတွင်နောက်ဆုံးပြုလုပ်ခဲ့သောတိုက်ခိုက်မှုလည်းဖြစ်ပြီး ဒရုန်းငါးစင်းလုံးအား ရုရှားကပစ်ချနိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။
Source – AFP

Read more

လူးဝစ် အန်နရီကေးကို PSGအသင်း နည်းပြသစ်အဖြစ် အတည်ပြု


ဇူလိုင် ၆
PSG အသင်းဟာ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လူးဝစ် အန်နရီကေးအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး (၂)နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။


Read more

မေဆန်မောင့် ကို တရားဝင်ခေါ်ယူကြောင်း မန်ယူအသင်း အတည်ပြုကြေညာ


ဇူလိုင် ၆
မန်ယူအသင်းဟာ ယခုရာသီ ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
မေဆန်မောင့်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လဲ ပါဝင်ခဲ့ပါတယ်။ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၅ သန်းနှင့် Add-ons ကြေး ပေါင် ၅ သန်းဖြစ်ကြောင်း သိရပါတယ်။
မေဆန်မောင့် ကို ဂန္ထဝင်နံပါတ်ဖြစ်သည့် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်းလဲ အသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။

Read more

မက်ဆီကို အပတ်တိုင်းသွားတွေ့မယ်ဟုဆိုကာ ပွဲတိုင်းအတွက် လက်မှတ်ဝယ်ပြီးပြီဆိုတဲ့ The Rock

ဟောလိဝုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်ပါလို့လဲ ဝန်ခံလိုက်တာကို Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

Read more

အမေရိကန် သမ္မတ အပါအဝင် အမေရိကန် နိုင်ငံ၏ အစိုးရအုပ်ချုပ်ရေးအဖွဲ့ဝင်များအား Covid – 19 ကပ်ရောဂါ စမ်းသပ်ကရိယာများ ဝယ်ယူမည့် ခေါင်းစဉ်ဖြင့် ကန်ဒေါ်လာ ၁.၁ဘီလီယံနီးပါး ခိုးယူးထားကြောင်း သတင်းဌာနအချို့ စွပ်စွဲပြောဆိုနေကြ


ဇူလိုင် ၅
အမေရိကန်နိုင်ငံ သမ္မတ Joe Biden အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုရိုနာဗိုင်းရပ် Covid-19 ကပ်ရောဂါကို စမ်းသပ်နိုင်သည့် ကိရိယာများ များစွာ ဝယ်ယူနိုင်ရေးခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံ၏ အခွန်ပေးဆောင်သူများထံမှ ကန်ဒေါ်လာ ၉၀၀ ကန်ဒေါ်လာ ၁.၁ ဘီလီယံထိ ခိုးယူခဲ့တာ ဖြစ်တယ် လို့သတင်းဌာနအချို့က စွပ်စွဲပြော ဆိုထားကြပါတယ်။
သတင်းများအရ Biden နှင့် သူ၏ ခရိုနီအဖွဲ့ များက အဆိုပါ စမ်းသပ်ကိရိယာ ၁၀၀,၀၀၀ ကို တစ်ခုကို ကန်ဒေါ်လာ ၁ ဒေါ်လာ စီ ဖြင့် ဝယ်ယူခဲ့ကြောင်းဖော်ပြထားပြီး ပထမဝယ်ယူမှု အသုတ် တွင် သန်း ၃၀၀ နှင့် ဒုတိယအသုတ်တွင် သန်း ၁၀၀ စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ် စမ်းသပ်ကရိယာများကို ဝယ်ယူခဲ့ကြတာဖြစ်ပြီး ကျန်ရှိသောတဲ့ငွေတွေ ဘယ်ရောက်သွားတာလဲ လို့ အမေရိကန်အခြေစိုက် သတင်းဌာနအချို့က Root For America သတင်း ဝက်ဘ်ဆိုက်၏ အစီအရင်ခံစာတစ်ခုကို ကိုးကားပြီး ပြီးခဲ့သည့် ဇူလိုင် ၄ရက်နေ့က Biden အစိုးရအား မေးခွန်းထုတ် ဖော်ပြပြော ဆိုထားကြပါတယ်။

Read more

ချောင်းဦးမြို့နယ်၊ ပြည်သူ့စစ်ဌာနေများဖြင့်သော ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာများအား အကြမ်းဖက် PDFများက သာလွန်အင်အားများဖြင့် လာရောက်တိုက်ခိုက်

Read more