နိုင်ငံရဲ့သမိုင်းကြောင်းများကို သင်ခန်းစာယူပြီးနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေတိုင်း၊ ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌပြောကြား

Read more

မြောက်ကိုရီးယားနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် မျိုးချစ် လွတ်မြောက် ရေးစစ်ပွဲ နှစ်၇၀ပြည့် အခမ်းအနား သို့ ရုရှားကာကွယ်ရေးဝန်ကြီး နှင့်အတူ ကိုယ်စားလှယ်တော်အဖွဲ့ဝင် များ ပါဝင် တက်ရောက်


ဇူလိုင် ၂၆

ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ဦးဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၅၀-၁၉၅၃ ခုနှစ် စစ်ပွဲ အောင်ပွဲနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲအတွက် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ် မှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Read more

အန်တိုနီ အီလန်ဂါကို နော်တင်ဟမ် ဖောရက်စ်အသင်း ခေါ်ယူ

ဇူလိုင် ၂၆
နော်တင်ဟမ် ဖောရက်စ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ် ကစားသမား အန်တိုနီ အီလန်ဂါ (အသက်၂၁ နှစ်)ကို ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းဖြင့်ခေါ်ယူပြီး (၅)နှစ်စာချုပ်ဖြင့် တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။
မန်ယူအသင်းအကယ်ဒမီထွက်ကစားသမား အီလန်ဂါ ဟာ ၂၀၂၁ ခုနှစ်တွင် မန်ယူအသင်းကြီးအတွက် စတင်ကစားပေးခဲ့ပြီး (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၅)ပွဲကစားရာတွင် (၄)ဂိုးသွင်းယူပေးခဲ့ပါတယ်။
Photos: Nottingham Forest

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲသို့တက်ရောက်

Read more

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ လုပ်ငန်းညှိနှိင်း အစည်းအဝေး(၁၁/၂၀၂၃)ကျင်းပ

Read more

“မွတ်ဆလင်ဘာသာ ကုရ်အာန်ကျမ်း နှင့် အီရတ်နိုင်ငံအလံတို့ကို မီးရှို့ဖျက်ဆီးခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ယီမင်နိုင်ငံ Sana’a မြို့တွင် ပြုလုပ်ခဲ့ကြ”

ဇူလိုင် ၂၅

ဆွီဒင်နှင့် ဒိန်းမတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် ကြွေးကြော်သံများ နှင့် ဆိုင်းဘုတ်များ ကို ကိုင်ဆောင်ကာ ဆန္ဒပြသူ မွတ်ဆလင်များက ၎င်းတို့၏ မွတ်ဆလင် ဘာသာကို တောင်းပန်ကြရန် ဆွီဒင် နှင့် ဒိန်မတ် နိုင်ငံများမှ အစိုးရများကို တောင်းဆိုခဲ့ ကြတာဖြစ်ပါတယ်။

Read more

Mauritius International 2023 ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့တဲ့ သက်ထားသူဇာ

 


Photos: Thet Htar Thuzar – instagram
ဇူလိုင် ၂၅
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ Mauritius International 2023 တွင် တတိယဆု ရရှိခဲ့ပါတယ်။
၎င်းပြိုင်ပွဲကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံဖြစ်သည့် မောရစ်သျှနိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာက ၃၂ ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ တတိယဆုရရှိခဲ့ခြင်းလဲဖြစ်ပါတယ်။
သက်ထားသူဇာဟာ လာမည့် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ST DENIS REUNION OPEN 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

Read more

လူနာတင်ယာဉ်ပေးအပ်ပွဲသို့ တက်ရောက်အားပေးပြီး အလှူငွေလှူဒါန်း

လားရှိး ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ နှင့် လားရှိး ခရိုင်/မြို့နယ်ကော်မတီဝင်များသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ တွင်၊ လားရှိးမြို့အမှတ်(၁၂)ရပ်ကွက်၊အောင်သစ္စာပရဟိတလူမှုကူရေးအသင်းထံ လူနာတင်ယာဉ်ပေးအပ်လှူဒါန်းသည့်အလမ်းအနားသို တက်ရောက်အားပေးခဲ့ကြပြီး ပရဟိတအသင်းအတွက် (Mask) များ၊လက်အိပ်များ၊ (PPE) ဝတ်စုံများနှင့် အလှူငွေကျပ်(၂) သိန်းကို ထပ်မံလှူဒါန်းခဲ့ကြကြောင်းသတင်းရရှိပါသည်။

Read more