မြန်အောင်မြို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု ၅ စု နေအိမ်များကို ဖျက်ပြီး နေရာရွှေ့ပြောင်းပေးခဲ့ရ

သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုကမ်း နားတန်း)တွင် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျခဲ့ကြောင်း၊ ထိုသိုပြိုကျမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး နေထိုင်ကြ သော အိမ်ထောင်စု ၅ စု၊ လူကြီး ၁၂ ဦး၊ ကလေး ၅ ဦးတို့သည် ၎င်းတို့၏နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဖျက်ကာ ဆည်မြောင်းဦးစီးဌာနပိုင် ယာယီရှင်းလင်းဆောင်(မကျီးစုကမ်းနားဘေးဖက်၊အမှတ်(၁)ရပ်ကွက်)သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရာအိမ်မှူးများက ပြောင်းရွှေ့ပေးထားကြောင်း သိရပါသည်။

Read more

ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး ရဟတ်ယာဉ် များသည် အထူးစစ်ဆင်ရေးများတွင် ထိရောက် မှုရှိသောကြောင့် အာဖရိကနိုင်ငံများက ဝယ်ယူသွားရန် စိတ်ဝင်စားမှုများရှိနေ


သြဂုတ် ၃
ရုရှားနိုင်ငံ သည် Mi-28NE အမျိုးအစား ရဟတ်ယာဉ်များကို ဆာဟာရ ဒေသရှိ အာဖရိကနိုင်ငံများသို့ ထောက်ပံ့ပေးပို့နိုင်ရန် ညှိနှိုင်းမှုများပြုလုပ်နေပါတယ်။

ရုရှားနိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝန်ဆောင်မှု လုပ်ငန်း ဒါရိုက်တာ Dmitry Shugaev ၏ ပြီးခဲ့သည့် သြဂုတ်လ ၂ရက်နေ့က ပြောကြားချက်များအရ Mi-28NE တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၀ယ်ယူရန် အာဖရိကနိုင်ငံများက စိတ်ဝင်စားနေကြပြီး ပို့ဆောင်မှုများ ပြုလုပ်သွားရန် လုပ်ဆောင် နေကြောင်း သိရပါတယ်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

(၁.၈.၂၀၂၃)ရက် ဝါဆိုလပြည့်နေ့ နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံး၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တယာနိကအမှူးပြုသောသံဃာတော်(၅)ပါးကြွရောက်တော်မူပြီးဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တယာနိကထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။
၎င်းနောက်ဆရာတော်၊သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဆရာတော်၊သံဃာတော်များအား တာဝန်ရှိသူများက လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
၎င်းနောက် ဆရာတော်ဘဒ္ဒန္တယာနိကထံမှရေစက်ချတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြကာ ဆရာတော်သံဃာတော်များအားနေ့ဆွမ်း၊အချိုပွဲများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးနှင့်ဇနီးဒေါ်ချယ်ရီစိုးသိန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်နှင့်ဇနီးဒေါ်မွှေးမွှေး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အောင်မြေသာစံခရိုင်၊မဟာအောင်မြေခရိုင်၊အမရပူရခရိုင်တိုမှဥက္ကဌ၊အတွင်းရေးမှုးများ၊မြိုနယ်ဥက္ကဌများ၊အတွင်းရေးမှုးများ၊တိုင်းပါတီအထောက်အကူပြုအဖွဲဝင်များ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
#သတင်းထုတ်ပြန်ရေးအဖွဲ

Read more

“မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးလုပ်ငန်းခွင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျောက်စာရုံစေတီ ၁ ဆူနှင့် နဝကမ္မသာသနိကလှူဒါန်း

သြဂုတ် ၂၊ နေပြည်တော်
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်မားဆုံးဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်ပူဇော်ပြီး ၁-၈-၂၀၂၃ ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီများ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲအခမ်းအနားကို ပြုလုပ်ပူဇော်ခဲ့ပါသည်။
ဘုရားကြီး၏ တည်ဆောက်ပူဇော်မှုလုပ်ငန်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလည်း ကျောက်စာရုံစေတီ ၁ ဆူနှင့် နဝကမ္မသာသနိက (အလှူတော်ငွေတန်ဖိုး- သိန်းခြောက်ရာ တိတိ) ကိုပါဝင်လှူဒါန်းခဲ့ပြီး ပါတီ၏ကိုယ်စား အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ ကျောက်စာရုံစေတီ၏ ရွှေထီးတော်အား တင်လှူပူဇော်ခဲ့ပါသည်။

Read more

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက် ပွဲရလဒ်ကို နှောက်ယှက်ရန် ကြိုးပမ်းမှုဖြင့် သမ္မတဟောင်း Trump အား တရားစွဲဆိုထား

သြဂုတ် ၂

အမေရိကန် သမ္မတဟောင်း Trump က ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှင့်ဆက်စပ်သောစွဲချက်များနှင့်ရင်ဆိုင်နေတာလည်းဖြစ်ပါတယ်။

U.S. သမ္မတ 2020 ရွေးကောက်ပွဲရလဒ်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုဖြင့် သမ္မတဟောင်း ကို တရားရုံမှာ စွဲချက်တင်ထား ကြတာ လည်းဖြစ်ပါတယ်။

Read more

“ထိုင်းMFPပါတီ ခေါင်းဆောင် Pita အား ထိုင်းအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ခန့်အပ် ခြင်းဆိုင်ရာ ပယ်ချမှုများ လက်ခံသွားမည်ကို စိုးရိမ်မိကြောင်း ဖြူထိုင်းပါတီ ကပြောကြားခဲ့”

သြဂုတ် ၂

ထိုင်းနိုင်ငံ Move Forward ပါတီ (MFP)၏ ခေါင်းဆောင် Pita Limjaroenrat အား ထိုင်းဝန်ကြီးချုပ် ရာထူးမှ ခန့်အပ်ခြင်းဆိုင်ရာ ပယ်ချမှုများအပေါ် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်ခံသွားမည်ကို စိုးရိမ်မိကြောင်း ဖြူးထိုင်း ပါတီ၏ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးက ယနေ့ အင်္ဂါနေ့တွင် ပြောကြားလိုက်တာဖြစ်ပါတယ်။

Read more

“ရုရှားနိုင်ငံသည် ၎င်းတို့နိုင်ငံ ၏ ရေတပ် စွမ်းအား မြှင့်တင်ခြင်းများကို ယခုနှစ် အတွင်း အဆက်မပြတ် တည်ဆောက်နေ”

ဇူလိုင် ၃၁
ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း ရုရှားနိုင်ငံထုတ် မျိုးစုံ တိုက်ခိုက် ရေးစစ်သင်္ဘော အစီး ၃၀ကျော် ကို ရုရှားရေတပ်က လက်ခံရရှိမှာဖြစ်ပြီး ၎င်းတို့နိုင်ငံ ရေတပ်၏ စွမ်းအားကို အဆက်မပြတ်တည်ဆောက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကျင်းပသည့် ရုရှားရေတပ်နေ့ အခမ်းအနားတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

Read more

“တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များက မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့ သည့် ကိုရီးယားစစ်ပွဲ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲ ကို covid ကူးစပ်ရောဂါဖြစ်ပွားမှုများအပြီးတွင် ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခဲ့”

ဇူလိုင် ၃၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က တောင်-မြောက် ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်း(မြောက်ကိုရီးယား) သို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်အသစ်တစ်ခုသို့ မြှင့်တင်သွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

Read more