ဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး (၇/၂၀၂၃) ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်


ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်မြိုနယ်ပြည်ခိုင်ဖြိုးခန်းမတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေး ၇/၂၀၂၃ ထပ်ဆင့်ရှင်းလင်းပွဲအခန်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။
အခမ်းအနားသိုတိုင်းပါတီဥက္ကဌဦးသိန်းထွန်း တိုင်းပါတီဘဏ္ဍာရေးမှူးဦးလှခိုင်တိုင်းပါတီတောင်သူလယ်သမားရေးရာ တာဝန်ခံဦးကျော်ဝင်းနိုင်တို့ တက်ရောက်ပါသည်။
မြိုနယ်ပါတီမှမြိုနယ်ဥက္ကဌနှင့်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်အရန်ကော်မတီဝင် ၃၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းပါတီဥက္ကဌနှင့်တိုင်းပါတီကော်မတီဝင်များကဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေးတွင် တိုင်းပါတီကတင်ပြချက်များနှင့် အစည်းအဝေးကလမ်းညွှန်ချမှတ်ခဲ့သောရှေ့လုပ်ငန်းစဉ်များကိုချပြပြီး အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ညှိနိုင်းဆွေးနွေးကြပါသည်။
မြိုနယ်ကော်မတီဝင်များကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် 12 နာရီတွင် ရုတ်သိမ်းခဲ့သည်။

















