Author: USDP 2016
အာဆင်နယ်က မန်စီးတီးကိုနိုင်ပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူး

ဩဂုတ် ၇
ရာသီအကြို ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မနေ့ညက အာဆင်နယ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ပုံမှန်ပွဲချိန်အတွင်း တဖက် တဂိုးစီသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ကန်ရာမှာ အာဆင်နယ်က (၄-၁) ဂိုးနဲ့ အနိုင်ရချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ (၁၇)ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။
အာဆင်နယ်ဟာ မနှစ်က ရာသီမှာ မန်စီးတီးအသင်းကို အနိုင်မရခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။
အစ္စရေးနိုင်ငံလေတပ်၏ ဆီးရီးယားနိုင်ငံအပေါ် ပိုမို ပြင်းထန်လာသော လေကြောင်း တိုက်ခိုက် မှုများကြောင့် ဆီးရီးယား စစ်သည် ၄ဦးသေ ဆုံးခဲ့ရပြီး ၄ဦးဒဏ် ရာများ ရရှိခဲ့

သြဂုတ် ၇
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ပြင်တွင် အစ္စရေးလေတပ်က ပစ်ခတ်မှုကြောင့် ဆီးရီးယားစစ်သား ၄ ဦးထိ သေဆုံးပြီး အခြား ၄ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။
Read moreသက်တမ်း(၁၂၄)နှစ်ရှိပြီဖြစ်သော မော်လမြိုင်မြို့၊ အထက(၉) သစ်သားကျောင်းဆောင်ကြီး Level 4အဆင့်ရှိ မီးလောင်မှုဖြစ်ပွား


သြဂုတ် ၎
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၉) သစ်သားကျောင်းဆောင်ကြီးတွင် ယနေ့ နံနက် (၀၀: ၁၅)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ Level 4အဆင့် ရှိ မီးသတ်ယာဉ်၎စီးမီးသတ်ရေသယ်ယာဉ်၁၀စီး၊ လူမူကယ်ဆယ်ရေးရေသယ်ယာဉ်၆စီး၊ စည်ပင်ရေသယ်ယာဉ်၎စီး၊ အပြင်ရေသယ်ယာဉ်၆စီး စုစုပေါင်းယာဉ်အစီး၃၀ ရေဂါလံ ၆၀၀၀၀ကျော်ဖြင့် အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခဲ့ရပြီး နံနက်(၅)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။
Read moreအရှေ့တောင်အရှနိုင်ငံများအသင်း မှ လူဝင်မှုကြီးကြပ်ရေး အဆင့်မြင့် အရာရှိများ ပါဝင်သော အာဆီယံနိုင်ငံများဆိုင်ရာ ဒေသဖြတ်ကျော် မှုခင်းများကို ဖြေရှင်း မှုများပြုလုပ်သွားနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိနေ

သြဂုတ် ၎
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ အဆင့်မြင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် အာဆီယံ ဒေသတွင်း ဖြတ်ကျော်မှုခင်းများကို ဖြေရှင်းမှုများ ပြုလုပ်သွားနိုင်ရန်အတွက် ယခု လာမည့် သီတင်းပတ်အတွင်း ဖူးခက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားကြရန် မျှော်လင့်ထားပြီး တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ တို့မှ အဆင့်မြင့် အရာရှိ ကိုယ်စားလှယ် များ လည်း တက်ရောက်သွားကြမှာဖြစ်ပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ “ပြည့်မဏ္ဏိုင် လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်စေရေးအတွက် သာယာကုန်းရပ်ကွက် သို့ ကွင်းဆင်း၍ တွေ့ဆုံ

သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ မှ သာယာကုန်း ရပ်ကွက်သို ကွင်းဆင်း၍ “ပြည့်မဏ္ဏိုင် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် တွေ့ဆုံ ခြင်းကိုယနေ့ (၃.၈.၂၀၂)နေ့လည် (၃:၀၀)နာရီ က ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည့်မဏ္ဍိုင် တာဝန်ရှိသူများ ဖြစ်ကြသည့် ပြည်ခိုင်ဖြိုးပါတီ မင်္ဂလာတောင်ညွန့် မြိုနယ် အတွင်းရေးမှုး ဦးတင်ရှိန်၊ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ဦးသက်ပိုင်စိုး တို့နှင့်အတူ မြိုနယ်ကော်မတီဝင် ဒေါ်စန်းကြည်၊ ဒေါ်ကြည်ကြည်မော်၊ ဦးအေးချမ်းမောင်မောင် တို့က သာယာကုန်း ရပ်ကွက် အတွင်းရှိ ရပ်ကွက် ပါတီ ကော်မတီဝင်များ ၊ အမာခံများ ၊ ပါတီဝင်ဟောင်းများ ၊ လူငယ်များ ၊ ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သိရှိရပါသည်။












