အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ကြရသည့် ပါတီဝင်များအား ရည်စူး၍ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

မဘိမ်း ဩဂုတ် ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြိုနယ်အတွင်းရှိအကြမ်းဖက် (PDF) များ၏မတရား ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မဘိမ်းမြိုနယ် ပါ တီကော်မတီဝင်၊ အရန်ပါတီကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ၊အမာခံပါတီဝင်၊ ပါတီဝန်းရံစုစုပေါင်း သေဆုံးသူ(၂၅)ဦးတို့အား ရည်စူး၍ဝါဆိုသက်န်း ကပ်လှူခြင်း၊ ကျောင်းဆောက်ရန် အလှူငွေထည့်ဝင်လှူဒါန်းခြင်းစသော ကုသိုလ်ကောင်းမှုတို ၂၀၂၃ ခုနှစ်၊သြဂတ် လ(၈)ရက်၊ယနေ့ညနေ(၃) နာရီအချိန်တွင် မဘိမ်းမြို၊ ကုန်းခါးရပ်ကွက်ရှိ ဣစ္ဆာသယ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ရာ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူးဦးမြင့်လှိင်နှင့်ခရိုင် ကော်မတီဝင်များ၊ မြိုနယ်ပါတီဥက္ကဋ္ဌဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များတက်ရောက်ခဲ့ ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များနာယူပြီး ဝါဆိုသင်္ကန်းများနှင့်လှူဒါန်းဘွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
















