ဝုလ်ဗ်အသင်း နည်းပြသစ် ဖြစ်လာတဲ့ ဂယ်ရီ အိုနေးလ်

ဝုလ်ဗ်အသင်းဟာ စပိန်လူမျိုး နည်းပြ လိုပက်တယ်ဂီနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် ဘုန်းမောက် နည်းပြဟောင်း ဂယ်ရီ အိုနေးလ်ကို (၃)နှစ်စာချုပ်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

နည်းပြ ဂယ်ရီအိုနေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ဇွန်လ(၁၉)ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

Read more

မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့်(၁၅၀)အကြားရှိ ကတ္တရာခင်းကားလမ်းပဲ့ကျပျက်စီးမှုတွင် မော်တော်ယာဉ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားကို တစ်လအတွင်း အပြီးဆောင်ရွက်သွားမည်

ဩဂုတ် ၁၀

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဩ ဂုတ်လ ၇ ရက်နေ့က မြ၀တီ – ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့်(၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅ဝ ပေခန့် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှုယာယီရပ်ဆိုင်းထားရပြီး အဆိုပါ လမ်းပိုင်းအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကရင်ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရပါသည်။

Read more

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ယွမ်ငွေ ပေးချေမှုစနစ်များ ပိုမိုအားကောင်းလာနေသောကြောင့် ကာလကြာရှည်စွာ ကမ္ဘာကို လွှမ်းမိုးထားသော ကန်ဒေါ်လာ ငွေပေး ချေမှုစနစ်များကို မျက်ခုံးလှုပ်စေခဲ့


သြဂုတ် ၁၀
တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ယွမ်ငွေများ နှင့် တရုတ်နိုင်ငံ ဗဟိုဘဏ် ၏ အခြားသော ဒစ်ဂျစ်တယ်ငွေကြေးများကို ချဲ့ထွင်နိုင်ရန် ပလပ်ဖောင်းအသစ်သည် လက်တွေ့လုပ်ငန်းများ နှင့် ပိုမိုနီးစပ်လာကာ အမေရိကန် ဒေါ်လာဖြင့် ကာလကြာရှည်စွာ လွှမ်းမိုးထားသည့် ငွေကြေး စနစ်ကို မျက်ခုံးလှုပ်စေခဲ့ တာလည်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ဘဏ်များကို အမှီမပြုဘဲ ကမ္ဘာအနှံ့ ငွေပို့ငွေလွှဲခြင်းများအတွက် ဘေဂျင်း(တရုတ်) မှ ကျောထောက် နောက်ခံ ပြုထားသော ဒစ်ဂျစ်တယ် စနစ် ငွေကြေး ပုံစံသည် လျင်မြန်စွာ တိုးတက်နေသဖြင့် ဥရောပနိုင်ငံများ နှင့် အမေရိကန် နိုင်ငံ ငွေကြေးဆိုင်ရာ လေ့လာသူအချို့က ယခုအခါ ၎င်းအား ကမ္ဘာ့ဘဏ္ဍာရေးတွင် ဒေါ်လာငွေစုထားသော ငွေပေးချေမှုများအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားလာကြပြီလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နိုင်ငံတို့ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ တို့မှ တီထွင်ထုတ်လုပ်နေသည့် mBridge အမည်ရှိ ငွေကြေးဆိုင်ရာ ပရောဂျက်သည် ယခု နှစ်ကုန်ပိုင်းတွင် အခြေခံလုပ်ငန်းသုံး ထုတ်ကုန်တစ်ခု ငွေကြေးသုံးစွဲမှုကို အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ လုပ်ငန်းနှင့် ရင်းနှီးသူ ၄ဦးက ပြောကြား ထားပါတယ်။
mBridge ငွေကြေးဆိုင်ရာ ပရောဂျက်သည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Bank for International Settlement (BIS) ကမ္ဘာလုံး ဆိုင်ရာ ဗဟိုဘဏ်ပူးပေါင်းဆောင် ရွက်မှု၏ဗဟိုချက်လည်းဖြစ်ပြီး ငွေကြေး ဆိုင်ရာကိစ္စရပ် များက အလွန်ကြီးမားပါတယ်။
BIS နှင့် United Nations တို့မှ အချက်အလက်များအရ နှစ်စဉ်ဒေါ်လာ ၆.၆ ထရီလီယံတန်ဖိုးရှိသော နိုင်ငံခြား ငွေလဲလှယ်မှုတွင် ဒေါ်လာသည် ပါဝင်ပြီး နှစ်စဉ်ကမ္ဘာ့ကုန်သွယ်မှုတွင် ဒေါ်လာ ၃၂ ထရီလျံခန့်၏ ထက်ဝက်ကို ဒေါ်လာဖြင့် ကောက် ခံထားကြောင်း BIS နှင့် ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရပါတယ်။

Read more

“2023 Arab Club Champions Cup” အယ်လ်နာဆာအသင်း နဲ့ အယ်လ်ဟီလာအသင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်မည်

ဩဂုတ် ၁၀
ညက အယ်လ်ဟီလာအသင်း နဲ့ အယ်လ်ရှာဘတ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဟီလာက (3-1)နဲ့ အနိုင်ရလိုက်တာကြောင့် ဗိုလ်လုပွဲစဉ်တွင် အယ်လ်နာဆာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာလဲဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းမှာ ရော်နယ်လ်ဒို မာနေးတို့ရဲ့ ပါဝင်နေသလို အယ်လ်ဟီလယ်အသင်းတွင် ကူလီဘလီ၊ နေးဗက်စ်၊ မီလင်ကိုဗစ်နှင့် မယ်လ်ကွန်တို့လဲ ပါဝင်နေပါတယ်။
ဗိုလ်လုပွဲကိုတော့ လာမယ့် (၁၂)ရက်နေ့ ည (၁၂)ခွဲအချိန်တွင် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Read more

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လပတ်ပုံမှန်အစည်းအဝေးကျင်းပခြင်း


ရနကုန် ဩဂုတ် ၉ ရက်
ယနေ့ ၉-၈-၂၀၂၃ ရက်နေ့ နံနက်(၉)နာရီက ကမာရွတ်ခရိုင်၊ကမာရွတ်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မြိုနယ်ပါတီ‌ကော်မတီဝင်များလုပ်ငန်းညှိနှိင်းစည်‌ဝေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်၊
ထိုသိုကျင်းပပြုလုပ်ရာတွင် ခရိုင်/မြိုနယ်ပါတီ ဥက္ကဌဒေါ်သီသီမွန် မှ ပါတီရှေ့လုပ်ငန်းစဉ် ရက်(၉၀) စီမံချက်ပြီးမြောက်မှုအခြေအနေများ
ပြည့်မဏ္ဍိုင်အဖွဲဝင်များနှင့်NGO အဖွဲများပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအပြင် မြိုနယ်ပါတီရုံး ဝန်ထမ်းများနှင့် မြိုနယ်ရေးရာကော်မတီအဖွဲဝင်များမှပါတီ၏ ရုံးလုပ်ငန်းစာရင်းဇယားများ/ ပါတီစည်းရုံးရေးရာမှ မိမိပါတီဝင်လူဦးရေစာရင်းဇယားများကို UEC ကော်မရှင်အဖွဲများအစစ်ဆေးခံနိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများအား အပြန်အလှန်အသေးစိတ်ဆွေးခဲ့ပြီး မြိုနယ်အတွင်းရေမှူး ဦးဗိုလ်စော မှ UEC မှစစ်ဆေးမည့်ပါတီဝင်အင်အားစာရင်းများ ပါတီဝင်ပုံစံများ အသင့်ပြင်ဆင်ထားရှိမှုအခြေ‌အနေနှင့် ရှေ့ဆက်လက်ပြီး version 2 Application အသုံးပြုရန်နှင့် ပါတီဝင်အင်အားစီစစ်ခြင်းလုပ်ဆောင်ရန်တိုကိုရှင်းလင်းတင်ပြခဲ့ပါသည် ဆက်လက်ပြီတက်ရောက်လာသော မြိုနယ်ပါတီကော်မတီဝင်များ၏ဆွေးနွေး တင်ပြခြက်များကို ခရိုင်/မြိုနယ်ပါတီ ဥက္ကဌဒေါ်သီသီမွန် မှ ရှင်းလင်းဆွေးနွေးခဲ့ပြီးအစည်းအဝေးကို နေ့လည်(၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်၊ ယနေ့ပြုလုပ်သောလုပ်ငန်းညှိနှိင်းအစည်းအဝေးတွင်မြိုနယ်ပါတီကော်မတီဝင်(၁၀)ဦ တက်ရောက်ခဲ့ကြသည်။

Read more

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေဘေးသင့်ပြည်သူများ ဆန် အိတ်ထောက်ပံ့လှူဒါန်း

ဘားအံ ဩဂုတ်၉

ကရင်ပြည်နယ်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌဒေါ်နန်းနီနီအေးသည် ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်စန္ဒာဦး၊ ပြည်နယ်ကော်မတီဝင်စောမြင့်ဝင်းအောင်၊ ဦးအောင်ကျော်သိန်း မြိုနယ်ပါတီဥက္ကဌစောစိန်ဝင်းနှင့် ပါတီဝင်များ၊ ရုံးအဖွဲများလိုက်ပါလျှက်၂၀၂၃ခုနစ် ဩဂုတ်လ၉ရက်၁၀၀၀နါရီအချိန်တွင် ရွှေယဉ်မျှော်ဘုရားရှိရေဘေးသင့်ပြည်သူအိမ်ထောင်စု ၉၈ စု ကြားတောရ ဘုန်းတော်ကြီးကျောင်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၂ စု၊ဆိုင်ကလုန်းရှာတာကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၇ စုတိုအား ဆန်အိတ်၆ပြည်ဝင်၄၈အိတ် အား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Read more


လှိင်းဘွဲဩဂုတ် ၈
၈.၈.၂၀၂၃ ရက်နေ့လှိင်းဘွဲမြိုနယ် ပါတီဥက္ကဌနှင့် ပါတီဝင်များသည် မြိုနယ်အုပ်ချုပ်ရေးအဖွဲနှင့်ပူးပေါင်းပြီးမြို့ပေါ် ရပ်ကွက် ရေကြီးနစ်မြုပ်နေသည့် ပြည်သူများနေရာရွှေ့ပြောင်းကယ်ဆယ်ခြင်း အခြေခံစားကုန်များထောက်ပံ့ ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

================================

လှိုင်းဘွဲမြို့ ရေကြီးနစ်မြုပ်နေရာများပါတီဥက္ကဌနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်

 

Read more

ပိုလန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပိုလန်-ဘီလာရု နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စစ်ကူများ စေလွှတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့


သြဂုတ် ၉
ပိုလန်နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့နိုင်ငံနှင့်ထိစပ်နေသော ဘီလာရုနိုင်ငံ နယ်စပ်ဒေသများသို့ စစ်ကူများ စေလွှတ်ရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပိုလန်-ဘီလာရုနယ်စပ်သို့ တပ်ဖွဲ့ဝင်များ ထပ်တိုးမှုပုံစံဖြင့် စစ်ကူများစေလွှတ်ရန် သဘောတူခဲ့ကြပြီး “ပိုလန်-ဘီလာရုနယ်စပ်ရှိ အခြေအနေများနှင့်စပ်လျဉ်း၍ ပိုလန်အမျိုးသား ကာကွယ်ရေးဝန်ကြီးက အဆိုပါ တောင်းဆိုချက်ကို လိုက်နာရန်နှင့် ပိုလန်-ဘီလာရုနယ်စပ်တွင် ကင်းလှည့်ရန် နောက်ထပ်စစ်သားများစေလွှတ်ရန် အမိန့်ပေး ခဲ့တာဖြစ်တယ်”လို့ ပြီးခဲ့သည့် သြဂုတ်လ ၈ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပိုလန် ကာကွယ် ရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်သို့ နောက်ထပ် တပ်ဖွဲ့ဝင် စစ်သည် ၁၀၀၀နီးပါး စေလွှတ်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို ယခင်က တောင်းဆိုထားပြီးလည်းဖြစ်ပါတယ်။
“ပိုလန်-ဘီလာရုစ်နယ်စပ်တွင် လှုပ်ရှားမှုများရှိ နေသော အခြေအနေကြောင့်” နှင့် နယ်ခြားစောင့်တပ်မှ တောင်းဆိုမှုအပြီးတွင် တပ်ဖြန့်ချထားခြင်းဖြစ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
ဘီလာရုစ်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ် ဒေသများတွင် လက်ရှိ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်က နယ်ခြားစောင့်တပ်သား ၅၀၀၀ ကို ပံ့ပိုးကူညီပေးလျက်ရှိပြီး ဘီလာရုစ်နယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်မှုများ ကြီးထွားလာနေ ကြောင်း ပိုလန်နိုင်ငံ လက်ထောက် ပြည်ထဲရေး ဝန်ကြီး Maceij Wasik က လည်း ပြောကြားခဲ့ပါသေးတယ်။
အဆိုပါ နိုင်ငံ ဖြတ်ကျော်ဝင်ရောက်မှုများကို ဘီလာရုစ်နယ်ခြားစောင့်တပ်များက ယခုလက်ရှိ စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ပြီး မည်သူမှ “ဖြတ်သန်းနိုင်မည်မဟုတ်” လို့လည်း သတင်းဌာန များ ကဖော်ပြ ပြောဆိုထား ကြပါတယ်။

Read more

အမေရိကန် သမ္မတက အာရှဒေသအတွင်းရှိ နိုင်ငံများ နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေး များ မြှင့်တင်နိုင်ရေးအစီအစဉ်များ အပါအဝင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို လျှော့ချ နိုင်ရန် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော် အဆင့် ခရီးစဉ် အဖြစ်သွားရောက် ဖွယ်ရှိနေ

Read more