Application New Version သွင်းရန်အတွက် ပြန်လည်လမ်းညွန် ညှိနှိင်းပေါင်းစပ်ခြင်းနှင့် ပါတီဝင်အင်အားစာရင်း မှတ်တမ်းထားရှိရန်ကိစ္စရပ်များ လမ်းညွန်မှာကြားမှုဆောင်ရွက်

Read more

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

အမရပူရ ဩဂုတ် ၁၇
(၁၇.၈.၂၀၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အမရပူရမြိုနယ်၊ ငယ်တိုးကျေးရွာအုပ်စုရှိ ရွှေဘိုကျောင်းတိုက်၌ အမရပူရခရိုင်/မြိုနယ်မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ရှေးဦးစွာ ရွှေဘိုကျာင်းဆရာတော် ဦးရသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တ်ာပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာယူခဲ့ကြပါသည်။ ထိုနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို အမရပူရခရိုင်/မြိုနယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်၊ မြိုနယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ ခရိုင်/မြိုနယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read more

ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲပြုလုပ်

ကျောက်ဆည် ဩဂုတ် ၁၇
(၁၇-၈-၂၀၂၃)ရက်နေ့ ၁၂:၃၀မှ၁၄:၃၀ အချိန်ထိ ကျောက်ဆည်မြိုနယ်၊ကုလကျေးရွာတွင် ပြည့်မဏ္ဍိုင်ဆုံဆည်းရာ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ကျောက်ဆည်မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့် ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ပါတီဝင်များ၊ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ရပ်မိ/ရပ်ဖများ၊First Time Voters များ စုစုပေါင်းအင်အား ၂၅ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် မြိုနယ်ပါတီဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးတိုက တွေ့ဆုံပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ၊၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်များ၊ ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ စိုက်ပျိုးရေရရှိရေး၊ဓါတ်မြေသြဇာဝယ်ယူရာတွင် ဈေးနှုန်းမြင့်မားနေမှုအခြေအနေများ၊ First Time Voters များ နိုင်ငံသားစီစစ်ရေးကဒ်ရရှိရေးကိစ္စများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Read more

လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

အောင်လံ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ပါတီခရိုင်ဥက္ကဌ ဦးစန်းလွင်၊မြိုနယ်ဥက္ကဌ ဦးသက်ချို ၊ခရိုင် ပါတီကော်မတီဝင်များ၊ မြိုနယ်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြိုနယ်ကော်မတီများ နှင့်ဒုရင်္ဂဗိုလ် အခြေစိုက် ကသစ်ကန် ကျေးရွာ ရပ်မိရပ်ဖများ ၊ပါတီ စည်းမှူးအမှုဆောင် များ နှင့် ရပ်ရွာဖွံဖြိုးတိုးတက်ရေးနှင့် ပါတီလုပ်ငန်းများညှိနှိင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

====================================

Read more

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ က ၎င်းတို့နိုင်ငံ ပိုင်နက်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး တတိယနိုင်ငံသို့ ခိုလှုံရန် ဆန္ဒရှိနေသည့် အမေရိကန် စစ်သည် ကို ပထမဆုံး အကြိမ် လူသိရှင်ကြား တရားဝင်ထုတ်ပြန်ကြေညာခဲ့

သြဂုတ် ၁၇
မြောက်ကိုရီးယားနိုင်ငံ သည် ၎င်း၏ ပိုင်နက်မြေအတွင်းသို့ အမေရိကန်စစ်တပ်၏ စစ်သည် Travis King ဆိုသူသည် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ပထမဆုံး အကြိမ် လူသိရှင်ကြား အတည်ပြုခဲ့ တာဖြစ် ပါတယ်။
ထို့နောက် အမေရိကန် စစ်သည်တစ်ဦးဖြစ်သည့် king သည် မြောက်ကိုရီးယား သို့မဟုတ် တတိယနိုင်ငံသို့ ခိုလှုံရန် ဆန္ဒရှိနေကြောင်း နိုင်ငံ၏ အစိုးရထိန်းချုပ်ထားသော မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီမှ ပြီးခဲ့သည့် သြဂုတ် ၁၆ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့တာဖြစ်ပါတယ်။
“အမေရိကန် စစ်တပ်အတွင်း လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စစ်တပ်အတွင်း လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် ဆိုးရွားသောခံစားချက်များ ဖြစ်ပေါ်လာကာ ဘုရင်သည် မြောက်ကိုရီးယားသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်” လို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာမှ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Read more

ပါတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ၌ အနိုင်ရသည့်အသင်းက မာရဝိဇယဘုရားကြီးသို့ သွားရောက်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၂၀၂၃ ခုနှစ်၊ ပါတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ တွင် အနိုင်ရရှိခဲ့သည် (ခ)အသင်းမှ အသင်းသားများသည် ပထမဆုရရှိခဲ့သော ဆုကြေးငွေ (၃)သိန်းကျပ်အား ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော် မာရဝိဇယဘုရားကြီးသို့ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

=================================

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (ဗပဆ) တွေ့ဆုံပွဲအကြို လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ

ရန်ကုန် သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ ဗဟိုသင်တန်းဆင်းများ (ဗပဆ) တွေ့ဆုံပွဲ အကြိုလုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့ ၁၆.၈.၂၀၂၃ အင်္ဂါနေ့ နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။
၎င်းအကြိုညှိနှိင်းအစည်းအဝေးသို့ ရန်ကုန်တိုင်ဒေသကြီး ပါတီအတွင်းရေးမှုး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင် (၁၄) ခုမှ ခရိုင်ပါတီဥက္ကဌများ ၊ မြိုနယ်များမှ ပါတီဥက္ကဌများနှင့် ဗပဆ သင်တန်းဆင်းများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်၌ တွေ့ဆုံပွဲ ရုတ်သိမ်းခဲ့ကြပါသည်။

Read more


မိုးမိတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြိုနယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဥက္ကဋ္ဌ ဦးကျော်စိန်နှင့် မြိုနယ်ကော်မတီဝင် များသည်သည် ၂၀၂၃ ခုနှစ်၊ဩဂုတ် လ(၁၆)ရက်နေ့တွင်၊ မိုးမိတ်မြို မြောက်ပိုင်း ရပ်ကွက်အတွင်းရှိ ပျက်ဆီးယိုယွင်းနေသော ရေလွှတံခါးအား ပြန်လည်ပြုပြင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ထံသို အလှူငွေကျပ်(၂)သိန်းထောက်ပံ့လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိပါသည်။

============================

ရေလွှတံခါးပြုပြင်ရန် ထောက်ပံ့ လှူဒါန်း

 

Read more

မင်္ဂတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ဥယျာဉ် ရပ်ကွက် သို့ နယ်မြေကွင်းဆင်း ဆောင်ရွက်

တောင်ညွန့်။ ။ သြဂုတ်လ (၁၅)
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင် မင်္ဂလာတောင်ညွန့် မြိုနယ် ပြည်ထောင်စုခိုင်ရေးနှင့်ဖွံဖြိုးပါတီ မှ မြိုနယ် ပါတီ အတွင်းရေးမှုးဦးတင်ရှိန်၊နယ်မြေတာဝန်ခံ ဗိုလ်ဗိုလ်ခင်မောင်တင့် ၊မြိုနယ်ကော်မတီဝင် ဒေါ်စန်းကြည် တို သည်ဥယျဉ် ရပ်ကွက် ပါတီဥက္ကဌ ဦးမျိုးဝင်းဦးဆောင်သော ရပ်ကွက်ကော်မတီဝင်များ ၊အမာခံလူငယ် ဖြင့်ယနေ့ (၁၅.၈..၂၀၂၃) အဂ်ါနေ့ ညနေ (၃)နာရီက ဥယျာဉ် ရပ်ကွက်သို ထပ်မံ ကွင်းဆင်း၍ ပါတီလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ များကိုဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

Read more