Author: USDP 2016
ဂျပန်ကလပ်သို့ ပြောင်းရွှေ့သွားတဲ့ မာတာ

စက်တင်ဘာ ၎
ချယ်လ်ဆီး နဲ့ မန်ယူအသင်းတို့ရဲ့ ကစားသမားဟောင်း စပိန် ဝါရင့် ကွင်းလယ်ကစားသမားကြီး ဟွမ်မာတာက ဂျပန် ဂျေလိဂ်ကလပ် Vissel Kobe အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ မာတာအနေဖြင့် ဆော်ဒီ၊ ယူအေအီးကလပ်များ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဂျပန်သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။
မာတာ၏ စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရုံးအုပ်နှင့်စာရေးများ ကွန်ပျူတာ အဆင့်မြင့်သင်တန်းအမှတ်စဉ်(၁) အား ပါတီဥက္ကဋ္ဌနှင့် အဖွဲ့စစ်ဆေးကြည့်ရှု







နေပြည်တော်၊ ဩဂုတ် ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ရုံးအုပ်နှင့် စာရေး များကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၁)ကို (၂၁-၈-၂၀၂၃)ရက်နေ့တွင် ဦးစီးရုံးအဖွဲ့ဝင်များသင်တန်းအခန်းတွင် ဖွင့်လှစ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ (၂၃)ရက်နေ့၊ (၁၅၃၀)အချိန်တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တို့နှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ပြီး သင်တန်းတက်ရောက်နေသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပါသည်။
Read moreအကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးနည်းပြဆု အတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်


(2022-23) UEFA Awards ဆုပေးပွဲအတွက် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးနည်းပြဆု အတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် မက်ဆီ(အာဂျင်တီးနား၊ အင်တာမိုင်ယာမီ)၊ ဒီဘရိုင်းနား(ဘယ်လ်ဂျီယံ၊ မန်စီးတီး)၊ ဟော်လန်း(နော်ဝေ၊ မန်စီးတီး)တို့ ဖြစ်ပြီး အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ဂွါဒီယိုလာ(မန်စီးတီး)၊ အင်ဇာဂီ (အင်တာမီလန်)၊ စပယ်လက်တီ(နာပိုလီ)တို့ ဖြစ်ပါတယ်။
ဆုပေးပွဲအခမ်းအနားကို သြဂုတ်(၃၁)ရက်နေ့တွင် ပေးအပ်ချီးမြှင့်သွားမည်။

(17.8.23) လှည်းကူး
ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးခရိုင်၊ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစီစစ်ခြင်း၊ ကွင်းဆင်းပြီးဖြစ်သော ပါတီဝင်များ ၏ ပုံစံ (ဇ)ပါ အချက်အလက်များကို Application သွင်းခြင်းများကို ဆောင်ရွက်လျှက်ရှိနေပါကြောင်း သတင်း ရရှိပါသည်။
USDP-YGN
လှည်းကူး usdp မီဒီယာ
===============================
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင် အင်အား စီစစ်ခြင်း၊ပုံစံ-(ဇ)ဖြည့်သွင်းခြင်းများ၊ Application သွင်းခြင်းများ ဆောင်ရွက်
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရို င်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံများ ကွင်းဆင်း

လှည်းကူး (17.8.23)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးခရိုင် ဥဣဌ ဦးအောင်မျိုးနိုင် ၏ ညွှန်ကြားမှုဖြင့်လှည်းကူးခရိုင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးဗိုလ်စိုးသိန်း ၊မြိုနယ် တာဝန်ခံဦးဝင်းဌေးတို့သည် အောင်နိုင်ရေး နယ်မြေအမှတ် (၆)၊ လှည်းကူးမြိုနယ်၊ဘိုးရင်ကလေးကျေးရွာ၊ ဂျုံးဂျုံးဂျ အုပ်စုရှိ တောင်သူ ဦးချမ်းမင်း၏ လယ်ထဲသိုတောင်သူလယ်သမားများ အခက်အခဲရှိပါက အကူအညီ ပေးနိုင်ရေးအတွက် ကွင်းဆင်း တွေ့ဆုံ ခဲ့ကြပါသည်။
တောင်သူ ဦးချမ်းမင်းဦး အပါအဝင် အနီးဝန်းကျင်လယ်သမား (4)ဦး ၊စုစုပေါင်းတောင်သူ (5)ဦး နှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
USDP-YGN
လှည်းကူး usdp မီဒီယာ

ကွမ်းလုံ ဩဂုတ် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်းသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့တွင် ကွမ်းလုံမြိုနယ်ပါတီအတွင်းရေးမှူးဦးဆောင်သော မြိုကနယ်ကော်မတီဝင်များမှ ပြည့်မဏ္ဍိုင်စီမံချက်အကောင်အထည်ဖော်ဆောင်ရာ ညောင်ကုန်းကျေးရွာအုပ်စု၊ဟဲဟော်ရွာသို့ သွားရောက် အားပေးပြီး လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့်စနစ်အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
==================================
ပြည့်မဏ္ဍိုင်စီမံကိန်း အကောင်အထည်ဖော်ရာသို့ သွားရောက်အားပေး
ကွမ်းလုံ ဩဂုတ် ၁၇
Read more














