တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေ့လာရေးခရီးသွားရောက်

စက်တင်ဘာ ၁၁၊ ရန်ကုန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော ကိုယ်စားလှယ် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ချင်းဟိုင်ပြည်နယ်များသို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် လေယာဉ်အမှတ်၊ MU 2032 ဖြင့် ၁၀-၉-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆၁၀)အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
ထိုသို့ထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ၊ ရန်ကုန်ရုံးခွဲ နိုင်ငံတကာရေးရာကော်မတီတာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် မှော်ဘီ စန္ဒကူးမြိုင် ရိပ်သာဆရာတော် အရှင်ပညာဝံသ၏ ဓမ္မသဘင် ကျင်းပ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာချောင်ချိရေး ဆန်ထောက်ပံ့

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင်များနှင့် ဗိုလ်တထောင်ခရိုင် ခရိုင်/မြို့နယ် ကော်မတီဝင်များအားတွေ့ဆုံ

 

Read more

ဆာကာက အင်္ဂလန်အသင်းရဲ့အကောင်းဆုံး ကစားသမားဆုကို (၂)နှစ်ဆက်တိုက် ဆွတ်ခူး

အင်္ဂလန်လက်ရွေးစင်အသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို တောင်ပံ ကစားသမား ဆာကာက (၂)နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့ပါတယ်။
အသက်(၂၂)နှစ်ရှိ ဆာကာက ဘယ်လင်ဟမ်နဲ့ ဟာရီကိန်းတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ဆာကာဟာ အင်္ဂလန် အသင်း အတွက် (၁၀)ပွဲ ကစားခဲ့ပြီး (၇)ဂိုး သွင်းယူထားပါတယ်။

============================

Read more

ဘက်ဆစ်တက်အသင်းကို မန်ယူ နောက်ခံလူဘိုင်းလီ ပြောင်းရွှေ့

တူရကီကလပ် ဘက်ဆစ်တက်အသင်းက မန်ယူအသင်းမှ ခေါ်ယူထားသည့် အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်းလီကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဘိုင်းလီဟာ ဘက်ဆစ်တက်အသင်းနဲ့ တစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ကွင်းလယ်လူ ဖရက်ကို ဖီနာဘာချီအသင်းက ခေါ်ယူထားတာကြောင့် ဘိုင်းလီဟာ နွေရာသီအပြောင်းအရွှေ့မှာ တူရကီ စူပါလိဂ်ကို ရောက်ရှိတဲ့ ဒုတိယမြောက် မန်ယူကစားသမားဖြစ်လာခဲ့ပါတယ်။

Read more


မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမား အမ်မရာဘတ်ဟာ မန်ယူအသင်းသို့ ယူရို(၁၀)သန်းနဲ့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာမှုအား တရားဝင်လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။
အသက်၂၇ နှစ်ရှိ အမ်မရာဘတ်က မန်ယူအသင်းတွင် ကျောနံပတ် ၄ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

=====================================

အမ်မရာဘတ်ကို ခေါ်ယူမှု မန်ယူ အတည်ပြု

Read more

စပိန် ဝါရင့် နောက်ခံကစားသမားကြီး ရာမို့စ်ကို ဆီဗီလာအသင်းက ခေါ်ယူ

အသက် (၃၇)နှစ်အရွယ်ရှိ စပိန် ဝါရင့် နောက်ခံကစားသမားကြီး ဆာဂျီယို ရာမို့စ်ဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရာ ကလပ်အသင်းဖြစ်သော ဆီဗီလာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ရာမို့စ်ဟာ ၁၈ နှစ်ကြာမှ အသင်းဟောင်းကို ပြန်လာခြင်း ဖြစ်ပြီး ဆီဗီလာနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကာ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပါတယ်။

Read more