နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင်ပြုလုပ်သည့် သံဃာတော်အပါး (၄၅၀)အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်

Read more

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပညာရေးထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းပါတီဥက္ကဋ္ဌတက်ရောက်

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြိုနယ်ပြည်ခိုင်ဖြိုးပါတီပညာရေးထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ဝေါမြိုနယ် ပါတီရုံးအစည်းအဝေး ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊တိုင်းပါတီ အတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုးနှင့်ခရိုင်ပါတီကော်မတီဝင်များ၊မြိုနယ်ပါတီဥက္ကဋ္ဌဦးမောင်ယုနှင့် မြိုနယ်ပါတီကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊မြိုမိ/ မြိုဖများ ကျောင်းသား/ ကျောင်းသူ မိဘများ၊အလှူရှင်များ၊ ပါတီဝင်များတက်ရောက်ကြပြီး တိုင်းပါတီဥက္ကဌမှ နှုက်ခွန်းဆက်စကားပြောကြားခဲ့ပြီးကျောင်းသား/သူများအား ပညာကြိုးစားသင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များလူငယ်များ၏ လိုအပ်ချက်များအား တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများအားပညာသင်ထောက်ပံ့ ချီးမြှင့်ငွေ ကြေးများပေးအပ်ချီးမြှင့်ခဲ့သည်။

Read more

ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများမှ ပါတီဝင်များ၊ ရပ်မိရပ်များနှင့် တွေ့ဆုံ

ရန်ကုန်တိုင်း၊ ဒဂုံတောင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများမှ ပါတီဝင်များမှ စ.ထ.ဟ ရပ်ကွက်၊ သုံးခွ ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်ရှိ ပါတီဝင်များ၊ ရပ်မိရပ်များနှင့် ယနေ့ နေ့လည် ၁ နာရီတွင် စ.ထ.ဟ ရပ်ကွက်တွင် စုစည်းကာ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဒဂုံမြိုသစ်ခရိုင်ဥက္ကဌ ဒေါ်စမ်းစမ်းဌေး ၏ လမ်းညွှန်မှာကြားချက်များကို မြိုနယ်ပါတီအတွင်းရေးမှူး ဦးမြင့်အောင်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် နယ်မြေတာဝန်ခံ ဦးသိန်းဇော်တိုမှ တက်ရောက်လာသော ရပ်မိရပ်ဖများနှင့် ပါတီဝင်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြည့်မဏ္ဍိုင်၏ အခန်းကဏ္ဍကို ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
နေ့လည် ၂ နာရီနှင့် ၃၅ မိနစ်အချိန်တွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဖာနန်ဒို ဆန်းတို့စ်

ပိုလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဖာန်ဒို ဆန်းတို့စ်ကို နည်းပြရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆန်းတို့စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ ပိုလန်လက်ရွေးစင်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
ပေါ်တူဂီ နည်းပြဟောင်း ဆန်းတို့စ်ဟာ ပေါ်တူဂီနဲ့ လမ်းခွဲခဲ့ပြီးနောက် ပိုလန်အသင်းနည်းပြအဖြစ် စုစုပေါင်း (၆)ပွဲ ကိုင်တွယ်ခဲ့ရာ (၃)ပွဲနိုင် (၃)ပွဲရှုံးခဲ့ပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာလည်း ချက် မော်လ်ဒိုဗာ နဲ့ အယ်လ်ဘေးနီးယားတို့ကို ရှုံးနိမ့်ထားခဲ့သေးတာကြောင့် အခုလို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်လိုက်ရတာပဲ ဖြစ်ပါတယ်။

Read more

PSG ရဲ့ကစားသမား ဗာရက်တီကို အယ်လ်အာရဘီအသင်းက ခေါ်ယူ

ကာတာကလပ် အယ်လ်အာရဘီအသင်းက PSG မှ ခေါ်ယူထားသည့် အီတလီကွင်းလယ်လူ ဗာရက်တီအား အသင်းကစားသမားသစ်အဖြစ် စက်တင်ဘာလ ၁၃ ရက်က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ဗာရက်တီက အယ်လ် အာရဘီအသင်းမှာ ကျောနံပါတ် (7)ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။
ဗာရက်တီဟာ PSGအသင်းမှာ (၁၁)နှစ်ကြာ ပါဝင်ကစားခဲ့ပြီး ဆုဖလားပေါင်း (၃၀)ခုထိ ဆွတ်ခူးခဲ့ရင်း ပြင်သစ် လီဂူး သမိုင်းတစ်လျှောက် ဆုဖလား အများဆုံး ကစားသမားအဖြစ်နဲ့ပါ စံချိန်တင်ထားခဲ့ပါသေးတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ ဗာရက်တီ၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၄၅ သန်းဖြစ်ပြီး ၎င်းအနေဖြင့် တစ်နှစ် ယူရို ၃၅ သန်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

Read more

မန်ယူကို စပွန်ဆာပေးမယ့် Snapdragon

မန်ယူအသင်းဟာ အမေရိကန်နည်းပညာကုမ္ပဏီ Snapdragonနဲ့ ဂျာစီစပွန်ဆာစာချုပ်သစ်တစ်ရပ်ကို သဘောတူညီမှုရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လက်ရှိ မန်ယူအသင်းကို စပွန်ဆာပေးထားတဲ့Team Viewer နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် မန်ယူဘက်က စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။
ထို့ကြောင့် လာမယ့်၂၀၂၄-၂၅ ရာသီကနေစပြီး မန်ယူအမျိုးသားနဲ့ အမျိုးသမီးအသင်းဂျာစီမှာ Snapdragon အမှတ်တံဆိပ်ကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

==================================

Read more

တားမြစ်ဆေး သုံးစွဲသည့် ပေါ့ဘာ နှစ်ရှည်ပွဲပယ်ခံရဖွယ်ရှိ

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာတားမြစ်ဆေးသုံးစွဲကြောင်း စွဲချက်တင်ခံထားရလို့ပွဲကစားခွင့်ဆိုင်းငံ့ခံထားရပြီး ပြစ်မှုထင်ရှားရင် နှစ်ရှည်ပွဲပယ်ခံရဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂၀ ရက်မှာ ဂျူဗင်တပ်က အူဒီးနိစ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အီတလီ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး ပေါ့ဘာကို စစ်ဆေးခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ပေါ့ဘာဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်ကို တိုးမြှင့်စေတဲ့ စတီးရွိုက်စ်ဟော်မုန်းတစ်ခုဖြစ်တဲ့ တက်စ်တိုစထရုန်း အသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

Read more

US Open ဖလားကို (၄)ကြိမ်မြောက် ရရှိသွားတဲ့ ဂျိုကိုဗစ်

စက်တင်ဘာ ၁၁
ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်က မက်ဗီဒက်ဗ်ကို ၆-၃၊ ၇-၆ (၇-၅)၊ ၆-၃ ဖြင့် အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ သြစတြေးလျ Legend တင်းနစ်မယ် မာဂရက်ကော့ရဲ့ ဂရင်းစလင်း ဆုဖလားအများဆုံးစံချိန်ကိုလည်း မီလိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ယူအက်စ်အိုးပင်းမှာ ၄ ကြိမ်မြောက်ဗိုလ်စွဲပြီး အသက်အကြီးဆုံး ဂရင်းစလင်း ချန်ပီယံလည်း ဖြစ်လာပါတယ်။
အသက် (၃၆)နှစ်အရွယ် ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်း ၁၀ ကြိမ်၊ ဝင်ဘယ်လ်ဒန် ၇ ကြိမ်၊ ယူအက်စ်အိုးပင်း ၄ ကြိမ်နဲ့ ရိုလန်ဂါရော့စ် ၃ ကြိမ် ပိုင်ဆိုင်ထားပါတယ်။

Read more