
စက်တင်ဘာ ၁၉
ကာတာကလပ် အယ်လ်အာလီအသင်းဟာ PSG အသင်းရဲ့ ဂျာမနီ တောင်ပံကစားသမား ဂျူလီယန် ဒရက်ဇ်လာကို ပြောင်းရွှေ့ကြေး ယူရို (၉)သန်းနဲ့ (၂)နှစ်စာချုပ်၂၀၂၅ ခုနှစ်အထိ တရားဝင်ခေါ်ယူလိုက်ကြောင်း အတည်ပြုလိုက်ပါတယ်။
အသက်(၂၉)နှစ်အရွယ်ရှိ ဒရက်ဇ်လာက ကျောနံပါတ်(၇)ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

===================

ဂျာမနီတောင်ပံကစားသမား ဒရက်ဇ်လာကို အယ်လ်အာလီအသင်းက ခေါ်ယူ

Read more

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို မက်ဒီဆင်နဲ့ ပို့စ်တီကိုဂလူးတို့ရရှိ

စက်တင်ဘာ ၁၈
စပါးအသင်းမန်နေဂျာသစ်ပို့စ်တီဂလူးနဲ့ ကွင်းလယ်ကစားသမားသစ် ဂျိမ်းစ်မက်ဒီဆန်တို့က ဩဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားလည်းဖြစ်တဲ့ မက်ဒီဆင်ဟာ အခုနွေရာသီမှာ လက်စတာကနေ ပြောင်းရွှေ့လာကတည်းက စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။
မက်ဒီဆင်ဟာ သြဂုတ်လမှာကစားခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့သူ့ရဲ့စပါးကစားသမားဘဝအဖွင့်ပွဲမှာ ဖန်တီးမှု(၂)ကြိမ်လုပ်နိုင်ခဲ့သလို ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း တစ်ဂိုးသွင်းယူခဲ့ပါတယ်။
စပါးနည်းပြပို့စ်တီကိုဂလူးကလည်း ရာသီအစမှာရလဒ်ကောင်းတွေရရှိခဲ့တာကြောင့် သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
မက်ဒီဆန်ဟာ ၂၀၂၂ ခုနှစ် မတ်လတွင် ဆုရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသော ဟယ်ရီကိန်း ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံးစပါးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

Read more

အမေရိကန် နိုင်ငံသည် ၎င်းတို့နိုင်ငံထုတ် ၁၅၅ မီလီမီတာ အမြှောက်ကျည်များကို လာမည့် ၂၀၂၅ခုနှစ်တွင် ၁လလျှင် ၁၀၀,၀၀၀ထိ တိုးမြှင့်ထုတ်လုပ်သွားရန် မျှော်မှန်းထား

စက်တင်ဘာ ၁၈

Read more

first time voterများနှင့်တွေ့ဆုံ ဆွေးနွေး

လားရှိး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း )ပြည်နယ် ပါတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း ၊ အတွင်းရေးမှူး ဒေါက်တာ လဆိုင်း နှင့်ကော်မတီဝင်များ သည်စက်တင်ဘာလ ( ၁၆ )ရက်နေ့ နေ့လည် ( ၁ )နာရီ အချိန်တွင် လားရှိးမြိုဆင်တောင်ဂေါက်ကလပ် တွင် တာဝန်ထမ်းဆောင် နေသော လူငယ် ကယ်ရီ အမျိုးသားများ /first time
voter များ စုစုပေါင်း ( ၅၀ )ဦးနှင့် တွေ့ဆုံကာ ပြည်ခိုင်ဖြိုးပါတီ သမိုင်း၊ ပါတီ၏ဆောင်ရွက်ချက်များ၊ယနေ့ နိုင်ငံရေး အခြေအနေများ၊ PRစနစ် အကြောင်းနှင့် အနာဂတ် နိုင်ငံ၏ လူငယ်များ အခန်းကဏ္ဍများကို ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြပါသည်။

Read more


နမ့်ဆန် စက်တင်ဘာ ၁၇

===========================

ချိုတဲ့သည့်အသက်အရွယ်ကြီးသူများအား ထောက်ပံ့ရန်ပြင်ဆင်

နမ့်ဆန် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒေသပါတီကော်မတီဝင်ဒေါ်ရွှေဟန်ဦးဆောင်သော ကာလဒါနအမျိုးသမီးအသင်းဝင်များသည် နမ့်ဆန်မြိုပေါ်ရှိ ဆင်းရဲချိုတဲ့သည့်အသက်အရွယ်ကြီးသူများအား ဆန်ဆီဆားထောက်ပံ့နိုင်ရန်အတွက် ရံပုံငွေများကြိုတင်စုဆောင်း ကောက်ခံခဲ့ကြကြောင်းသတင်းရရှိပါသည်။

Read more


လှိုင်သာယာ စက်တင်ဘာ ၁၇
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ခရိုင်/မြိုနယ်/မြိုနယ်ပါတီကော်မတီဝင်များသည်မသန်စွမ်းသူများတွေ့ဆုံပွဲနှင့်ပတ်သတ်၍လုပ်ငန်းညှိနှိင်းအစည်းအဝေးကိုတိုင်းပါတီဥက္ကဌဦးခင်မောင်စိုး၏ညွှန်ကြားချက်အတိုင်းလှိင်သာယာမြိုနယ်ပါတီရုံးတွင်နံနက်(၁၀:၀၀)ချိန်မှ(၁၁:၄၅)ချိန်ထိခရိုင်အတွင်းရှိပါတီဝင်များနှင့်ပြုလုပ်ခဲ့သည်။အစည်းအဝေးတွင်အင်းစိန်ခရိုင်ပါတီဥက္ကဌဦးမင်းသူထွန်းမှလုပ်ငန်းစီမံချက်အတိုင်းဆပ်ကော်မတီဖွဲစည်းမှုအလိုက်အသေးစိတ်ဆောင်ရွက်ရမည်များကိုမှာကြားဖြည့်ဆည်းညှိနှိင်းဆောင်ရွက်တာဝန်ပေးအပ်ခဲ့သည်။ထိုနောက်ဌာနချုပ် ဒုတိယ ဥက္ကဌ အား တင်ပြနိုင်ရေးpower point ပြင်ဆင်ထားရှိမှုနှင့်တင်ပြချက်များအားအင်းစိန်မြိုနယ်ဥက္ကဌ၊လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ်ဥက္ကဌနှင့်လှိင်သာယာ(အနောက်ပိုင်း)မြိုနယ်ပါတီဝင်များကတင်ပြရာ တင်ပြချက်များကိုခရိုင်ဥက္ကဌကအသေးစိတ်စစ်ဆေးပြီးလိုအပ်ချက်အနည်းငယ်အားထပ်မံလမ်းညွှန်ပေးခဲ့သည်။ထိုနောက်အင်းစိန်ခရိုင်ဥက္ကဌသည်လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ် ဥက္ကဌ ဦးကြည်စိုးနှင့်မြိုနယ်ပါတီကော်မတီဝင်များနှင့်အတူ မသန်စွမ်းသူများတွေ့ဆုံပွဲနေရာတွင်လှူဒါန်းရန်ပစ္စည်းများထားရှိမှုနှင့်တွေ့ဆုံပွဲနှင့်ပတ်သတ်၍လိုအပ်ချက်မရှိစေရေးအသေးစိတ်သွားရောက်ကြည့်ရှုခဲ့ကြသည်။

==========================

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ခရိုင်/မြို့နယ်နှင့် မြို့နယ်ပါတီကော်မတီဝင်များအပတ်စဉ်လုပ်ငန်းညှိနှိင်းအစည်းအဝေးနှင့်မသန်စွမ်းသူများတွေ့ဆုံပွဲအတွက် အသေးစိတ်ညှိနှိင်း အစည်းအဝေးပြုလုပ်

Read more

ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ကစားလာတဲ့ ဂရင်းဝုဒ်

စက်တင်ဘာ ၁၈
မန်ယူအသင်းကနေ ဂီတာဖေးအသင်းဆီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ် ဟာလည်း မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး အနိုင်ဂိုး ဖြစ်လာစေမယ့် ထောင့်ကန်ဘောကို ရယူပေးသွားခဲ့ပါတယ်။
ဒီပွဲမှာ ပြိုင်ဘက် အိုဆာဆူနာ ပရိသတ်တွေဟာ ဂရင်းဝုဒ် သွေးပူလေ့ကျင့်နေစဉ် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စကားလုံးတွေကို အော်ဟစ် ပြောဆိုခဲ့တာကြောင့် လာလီဂါအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်က သူ ပါဝင်ကစားရချိန်အတွင်း ဂိုးကန်ချက် တစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြိုင်ဘက် ကစားသမားရဲ့ block လုပ်မှုနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

Read more