ခရမ်းကစော့သီး က ရနိုင်တဲ့ အကျိုးအာနိသင်

ခရမ်းကစော့သီးကို အင်္ဂလိပ်လို Turkey Berry (တာခ်ကီ ဘယ်ရီ)လို့ခေါ်ပြီး သူ့ရဲ့ ရုက္ခ‌ဗေဒအမည်ကတော့ Solanum torvum (ဆိုလိမ်နမ် တိုဗမ်)လို့ခေါ်ပါတယ်။ မြန်မာလူမျိုး အများစုကတော့ ခရမ်းကစော့သီးကို ဟင်းချက်ခြင်း၊ထောင်း၍စားခြင်း၊တို့စရာအဖြစ်စားခြင်းစသဖြင့် အမျိုးမျိုး စားသုံးလေ့ရှိပါတယ်။
ခရမ်းကစော့သီးစားသုံးခြင်းက ရနိုင်တဲ့ အကျိုးအာနိသင်တွေကတော့ အအေးမိတုပ်ကွေးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း၊ ပန်းနာရင်ကျပ်ရောဂါများကြောင့် ချွဲ၊ သလိပ်များထွက်ခြင်း၊ အဆုတ်ရောင်ခြင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ ၊နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါများကို ကာကွယ်ပေးတဲ့အပြင် ဂေါက်ရောဂါရှိသူများအတွက်လည်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါ့ပြင် ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးခြင်း၊ အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ သန်ကျစေခြင်း နဲ့ အမြင်အာရုံကိုလည်း ကောင်းစေပါတယ်။ #sdtimedaily

Read more

ညွှန်ကြားချက်များအား လိုက်နာမှု မရှိသည့် လိုင်စင်ရ ကုမ္ပဏီ (၁၂၃) ခု အား လိုင်စင် ရုပ်သိမ်း

နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခွင့်ရသည့် ကုမ္ပဏီ ၁၂၃ ခုအား ယမန်နေ့ စက်တင်ဘာ ၁၉ ရက် မှစတင်ကာ လုပ်ငန်းလိုင်စင်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
အဆိုပါလိုင်စင်ရကုမ္ပဏီ ၁၂၃ ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် ဗဟိုဘဏ်၏အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ရုပ်သိမ်းကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

=============================

Read more

တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်ခဲ့

 

တောင်ကိုရီးယားနိုင်ငံကို ယခုလအတွင်း (၅)ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦးကို ယမန်နေ့က ထပ်မံစေလွှတ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါသည်။
EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၇၂ ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် ၇၆ ဦး စုစု ပေါင်း ၁၄၈ ဦး ကို ယခုလအတွင်း (၅)ကြိမ်မြောက်အဖြစ် စေခဲ့လွှတ်ခြင်းဖြစ်ပြီး ယင်းမြန်မာလုပ်သားများအနေနှင့် ရန်ကုန် လေဆိပ်မှ တစ် ဆင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို ရောက်ရှိခဲ့ရာ မြန်မာသံရုံး ၊ ဆိုလ်းမြို့က အလုပ် သမားသံအရာရှိ က အလုပ်သမားများ သိရှိရန်၊ ဆောင်ရန်/ရှောင်ရန်နှင့် လိုအပ်သည်များ မှာကြားကာ ကူညီပံ့ပိုးခဲ့သည်ဟု သိရပါသည်။

Read more


သာယာဝတီ စက်တင်ဘာ ၂၀

==============================

ပါတီဝင်အင်အားစိစစ်မှုခံယူရာတွင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ ရှင်းလင်း

သာယာဝတီ စက်တင်ဘာ ၂၀
ပဲခူးအနောက်တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ယနေ့နံနက်၈နာရီတွင်သာယာဝတီခရိုင်အတွင်းရှိ ပါတီများမှ တာဝန်ရှိသူများအား မိမိပါတီဝင်အင်အား များစိစစ်မှု ခံယူရာတွင်ကြိုတင်ပြင်ဆင်ရမည့်အချက်များအား ခရိုင်ပါတီရုံးတွင် ကြိုတင်ဆွေးနွေးခဲ့ပါသည်။

Read more

ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူရန် နည်းပြ နာဂယ်စ်မန်း သဘောတူ

စက်တင်ဘာ ၂၁
နာဂယ်စ်မန်းက ဂျာမနီလက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။
နာဂယ်စ်မန်းက ဂျာမနီအသင်းမှာ တစ်နှစ် လုပ်ခ ပေါင် ၁၇ သန်းလောက် ရရှိနိုင်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ တရားဝင်စာချုပ် ချုပ်ဆိုသွားဖို့ရှိပါတယ်။
၂၀၂၄ ယူရိုပြိုင်ပွဲကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပချိန်အထိ နည်းပြအဖြစ် တာဝန်ယူဖို့ နာဂယ်စ်မန်းနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့ကြား သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

Read more

ဖောင်ရိုးဆိပ်တံတား ချဉ်းကပ်လမ်းဆောင်ရွက်အတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်

ကျိုက်လတ် စက်တင်ဘာ ၂၀
၂၀-၉-၂၀၂၃ နေ့ နံက် ၀၈း၀၀နါရီအချိန် နေပြည်တော်(ရုံးချုပ်)၊ကျေးလက်လမ်းဖွံဖြိုးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝါ ပါ (၇)ဦးအဖွဲသည် ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြိုနယ်၊ဖောင်ရိုးဆိပ်ကျေးရွာအုပ်စုသိုရောက်ရှိလာပြီး ဖောင်ရိုးဆိပ်တံတား ချဉ်းကပ်လမ်းဆောင်ရွက်ရန်အတွက် Design တိုင်းတာခြင်း၊အထက်ဆင်ကူးနှင့်ဖောင်ရိုးဆိပ်ကျေးရွာ၊
ရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းဆောင်ရွက်ရန်အတွက် Design တိုင်းတာခြင်းများဆောင်ရွက်မှုအပေါ် မိမိပါတီကော်မတီဝင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ဦး အောင်မျိုးဝင်းနှင့်အဖွဲမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပမြို့နယ် မြို့နယ်/ရပ်ကျေးကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

တောင်ဥက္ကလာ စတင်ဘာ ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တောင်ဥက္ကလာပမြိုနယ် မြိုနယ်/ရပ်ကျေးကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးအား ယနေ့နေလည် ၁နာရီအချိန်က တောင်ဥက္ကလာပမြိုနယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်ဥက္ကဌ ဦးကျော်သီဟမှ စည်းရုံးရေးရာကိစ္စရပ်များ၊ ပါတီဝင်စီစစ်ခြင်းနှင့် မသန်စွမ်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြာခဲ့ပါသည်။
ထိုနောက် တက်ရောက်လာကြသော မြိုနယ်/ရပ်ကျေး ကော်မတီဝင်များမှာ ရေးရာအလိုက်ဆောင်ရွက်ချက်များအား တင်ပြခဲ့ကြပြီး ခရိုင်ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ နေ့လည် ၂နာရီ ၃၀မိနစ်အချိန်၌ အစည်းအဝေးပြီးဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိင်းအစည်းသို သင်္ဃန်းကျွန်းခရိုင်ဥက္ကဌ ဦးကျော်သီဟ၊ တောင်ဥက္ကလာပမြိုနယ် မြိုနယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များ၊ စုစုပေါင် (၃၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

မန္တလေးတိုင်း‌ဒေသကြီးပါတီ နှင့်ကျောက်ဆည်ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

Read more