ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ဗဟို) ၌ ကျင်းပပြုလုပ်သည့် နှစ်(၃၀) ပြည့် ပုလဲရတုအခမ်းအနား၌ ရန်ကုန်တိုင်းကိုယ်စားပြု ဖျော်ဖြေခဲ့ကြတဲ့ သံချပ်အဖွဲအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

Read more

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာ

စက်တင်ဘာ ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၇၇၂၅ ဦးရှိခဲ့ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

Read more

အေဂျက်ဇ်နဲ့ ဖီယင်နုတို့ပွဲစဉ် တံခါးပိတ်ကျင်းပမည်

စက်တင်ဘာ ၂၆
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဟော်လန်လိဂ်ပွဲစဉ်မှာ ဖီယင်နုအသင်းက အိမ်ရှင် အေဂျက်ဇ်ကို ၃ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာ အေဂျက်ဇ်ပရိသတ်တွေက ကွင်းအတွင်းကို မီးရှူးမီးပန်းတွေ ပစ်ပေါက်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ပွဲချိန် ၅၆ မိနစ်မှာ ရပ်နားခဲ့ရပြီး ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အေဂျက်ဇ်အသင်းဘက်ကတော့ ပရိသတ်တွေကို မထိန်းနိုင်ခဲ့တဲ့အပေါ် တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး ဟော်လန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုလည်း ခံရတော့မှာဖြစ်ပါတယ်။
ပရိသတ်သောင်းကျန်မှုကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ အေဂျက်ဇ်အသင်းနဲ့ ဖီယင်နုအသင်းတို့ရဲ့ ပွဲကို စက်တင်ဘာ ၂၇ ရက်မှာ တံခါးပိတ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Read more

ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ် လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး-ထန်းတပင်မြိုနယ်-ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးခန်းမ၌  နံနက်( ၁၁း၀၀) အချိန်ကပါတီဥက္ကဌ ဦးသိန်းရီနှင့် နယ်မြေခံ မြိုနယ်ပါတီကော်မတီဝင်များ ရပ်/ ကျေး ပါတီဥက္ကဌများနှင့်  ပါတီဝင်စိစစ်ခြင်း မှတ်ပုံတင်လွဲမှားခြင်း အခြားပါတီများတွင်ဝင်ရောက်မှုရှိ/မရှိစိစစ်ခြင်းများပြုလုပ်ကြသည်-ဆက်လက်၍ မြိုနယ်ပါတီဥက္ကဌမှ  ပြည်ခိုင်ဖြိုးပါတီဗဟို-ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ-မှော်ဘီခရိုင်တိုမှ ပါတီ၏ရှေ့ဆက်လုပ်ကိုင်မည့်လုပ်ငန်းများ ရက်( ၉၀) စီမံချက်ရွေးကောက်ပွဲဆိုင်ရာ ပါတီဝင်အသစ်တိုးပွားရေးဆက်လက်ဆောင်ရွက်ကြရန် ဆွေးနွေညှိနှိင်းမှုများပြုလုပ်ခဲ့ကြောင်းသိရ ပြီး ပါတီဝင်စိစစ်ခြင်း ဆွေးနွေးညှိနှိင်းမှုအစည်းအဝေးအားမွန်းလွဲ( ၁း၀၀)အချိန်ပြီးဆုံးကြောင်းသိရှိရသည်။

==========================

Read more

ပြည့်မဏ္ဍိုင်ဆုံဆည်းရာစကားဝိုင်းပြုလုပ်

မန္တလေး စက်တင်ဘာ ၂၄
၂၄-၉-၂၀၂၃ ရက်နေ့ ၁၆:၀၀မှ၁၇:၃၀ အချိန်ထိ ချမ်း မြသာစည်မြိုနယ်၊သံလျက်မှော်(တောင်)ရပ်ကွက်တွင် ပြည့်မဏ္ဍိုင်ဆုံဆည်းရာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ မဟာအောင်မြေခရိုင်ပါတီအတွင်းရေးမှုး ဦးဝင်းလှိင်ငြိမ်းနှင့်ကော်မတီဝင်များ၊ချမ်းမြသာစည်မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးနှင့်ကော်မတီဝင်များ၊ရပ်ကွက်ပါတီကော်မတီဝင်များ၊ပါတီဝင်များ၊ဝါရင့်ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးက တက်ရောက်လာသည့် ခရိုင်/မြိုနယ်ပါတီကော်မတီဝင်များနှင့်မိတ်ဆက်ပေးခဲ့ပြီး ခရိုင်ပါတီအတွင်းရေးမှုး ဦးဝင်းလှိင်ငြိမ်း၊မြိုနယ်ပါတီဥက္ကဌ ဦးကိုကိုဦးတိုက တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်လက်ရှိနိုင်ငံရေး အခြေအနေများ၊၂၀၂၀ ခုနှစ်၊ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်များ၊လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်း၊ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဒေသအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါသည်။

Read more

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလို သိမ်းဆည်းရမိ

 

Read more