SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်

စက်တင်ဘာ၂၆
SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့်လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမည်ဟု ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ ရက်က အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ SIM Card များအားမှတ်ပုံတင်ခြင်းမပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales(POS)များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့်လမ်းဘေးဆိုင်များနှင့် Online တို့တွင်ဆက်လက်ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။

Read more

အမှတ်(၁)တပ်မတော်ကုတင် (၇၀၀)ဆေးရုံးသို့ အလှူငွေ ငါးသိန်းလှူဒါန်း

ပြင်ဦးလွင် စက်တင်ဘာ ၂၆
၂၆-၉-၂၀၂၃ ရက်နေ့ ၉:၃၀ အချိန်တွင်ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ကုတင် ၇၀၀ ပြင်ဦးလွင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ဆေးပဒေသာပင် သွားရောက်လှူဒါန်းခဲ့ပါသည်။ထိုသို့ လှူဒါန်းရာတွင် ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊အတွင်းရေးမူး ဒေါ်စံပယ်ဝင်း၊ကော်မတီဝင် ဦးကျော်သန်း ၊ပြင်ဦးလွင်မြိုနယ်ပါတီ ဥက္ကဌ ဦးဝင်းဇော်၊အတွင်းရေးမူး ဦးသိန်းဆွေတိုမှ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ကုတင်(၇၀၀)သို့ ဆေးပဒေသာပင် ငွေ ၅ သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

Read more

တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့စစ်တပ် တည်ထောင်ခြင်း ၇၅နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ်ချီတတ်လမ်းလျှောက်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပြီ တောင်ကိုရီးယား လုပ်ငန်းစုကြီးများက ထုတ်လုပ်ထားသည့် စစ်လက်နက် အများအပြား ပါဝင်ပြသခဲ့

Read more

ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ပဲခူးအနောက်နယ်မြေ တွေ့ဆုံ

ပြည် စက်တင်ဘာ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယနေ့ နေ့လည် ၂နာရီတွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည့်မြို့ရှိ တိုင်းပါတီရုံးခန်းမတွင်ပြုလုပ်သည့် ပဲခူးတိုင်း​ဒေသကြီး(အနောက်) တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းပါတီကော်မတီဝင်များ ပြည်ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပါတီဝင်များအား တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးက တိုင်းဒေသကြီးပါတီ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီးပြည်ခရိုင်ဥက္ကဋ္ဌနှင့် ရွှေတောင်မြို့နယ် ဥက္ကဋ္ဌများက တင်ပြလိုသည့်အချက်များကို တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးက ပါတီလုပ်ငန်းစဉ်များ ရေတို ရေရှည်ဆောင်ရွက်ချက်များ ရက်၉၀စီမံချက်အပါအဝင် ပါတီ ဆောင်ရွက်ချက်များအားအသေးစိတ်ရှင်လင်းဆွေးနွေးခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုး​ပါတီ တွဲဘက်အထွထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်တို့မှပါတီတာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများနှင့်တွေ့ဆုံဆွေးနွေး

အောင်လံ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် နှင့် အောင်လံခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ဆင်ပေါင်ဝဲမြို့နယ် ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ အောင်လံမြို့ပေါ်ရပ်ကွက်စည်းမှူး၊အမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို နေ့လည်၁၁နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်မှ ပါတီ၏ မူဝါဒများ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များ၊ရက်၉၀ စီမံချက်များ၏အရေးပါပုံများနှင့်လုပ်ငန်းအောင်မြင်အောင်မည်သို့ဆောင်ရွက်ရမည်များကို လမ်းညွှန်ခဲ့ပြီး အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ချို၊ဆင်ပေါင်ဝဲမြို့နယ် ပါတီဥက္ကဋ္ဌတို့မှ လုပ်ငန်းများပြီးစီးမှု့နှင့် ဆောင်ရွက်နေဆဲကိစ္စများအား တင်ပြခဲ့ပြီး တွေ့ဆုံ‌ဆွေးနွေးပွဲသည် နေ့လည်(၁၂.၃၀) အချိန်တွင် ပြီးစီးခဲ့ပါသည်။
ဆက်လက်၍တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြို့ပေါ် ရပ်ကျေးစည်းမှူးအမှု့ဆောင် ၂၉ဦးအား တစ်ဦးလျှင် ဆန်၂ပြည်စီကူညီထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ ဥက္ကဌများ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့် တွေ့ဆုံ

Read more

အာဆင်နယ်အသင်း၏ လစာအများဆုံးကစားသမားဖြစ်လာတဲ့ အော်ဒီဂွါ

ST ALBANS, ENGLAND – SEPTEMBER 01: of Arsenal during the Arsenal Training Ground at London Colney on September 01, 2023 in St Albans, England. (Photo by David Price/Arsenal FC via Getty Images)

စက်တင်ဘာ ၂၆
အာဆင်နယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်သည့် အသင်းခေါင်းဆောင် အော်ဒီဂွါ(၂၄ နှစ်)က အသင်း၏လစာအများဆုံးကစားသမား ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
နော်ဝေကွင်းလယ်ကစားသမား အော်ဒီဂွါသည် မူလက အာဆင်နယ်အသင်းတွင် တစ်ပတ်ပေါင်(၁၂၀၀၀၀)ဝန်းကျင်သာရရှိနေခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်ပေါင်(၂၈၀၀၀၀)ကျော်အထိ ရရှိမည်ဟု သိရပါတယ်။
အော်ဒီဂွါအနေဖြင့် အသင်း၏လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော ဟာဗက်ဇ်၏ လစာနှုန်းထားထက် သာလွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Read more

အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အတွက် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည်သာမန်ကိစ္စတစ်ခုသာဖြစ်ဟု ကင်မ်ဆို

ဆိုးလ်၊စက်တင်ဘာ ၂၅
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်၏ ရုရှားခရီးစဉ်အပေါ်ဝေဖန်ခဲ့သည့် တောင်ကိုရီးယားသမ္မတအား မြောက်ကိုရီးယားကဝေဖန်ရှုံ့ချခဲ့သည်။
ရုရှားနှင့် ၎င်းတို့သည်အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းသည် သဘာဝဖြစ်သည်ဟု မြောက်ကိုရီးယားကဆိုခဲ့သည်။
ယူကရိန်းစစ်အတွက်ရုရှားအား မြောက်ကိုရီးယားကလက်နက်ကူညီပြီး မြောက်ကိုရီးယားနျူဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ရုရှားဘက်ကနည်းပညာပြန်ကူညီပေးနိုင်သည်ဟုလည်း မစ္စတာယွန်းကယူဆထားပြီး ယင်းသို့အမှန်တကယ်လုပ်ခဲ့ပါက တိုက်ရိုက်ရန်စခြင်းပင်ဖြစ်သည်ဟုလည်း မစ္စတာယွန်းကကုလအထွေထွေညီလာခံ၌ဆိုခဲ့သည်။
KCNA သတင်းဌာန၏ဖော်ပြချက်တစ်ခု၌မူ မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ချစ်ကြည်ရင်းနှီးမှုအပေါ် ဆိုးဆိုးရွားရွားဝေဖန်ခဲ့သည့် တောင်ကိုရီးယားအား မြောက်ကိုရီးယားဘက ဝေဖန်ရှုံ့ချခဲ့ပြီး တောင်ကိုရီးယားသည်အမေရိကန်၏လက်ကိုင်တုတ်အဖြစ် အမေရိကန်အာဘော်လိုက်နေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။
Source : Reuters

Read more