ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း မအူပင်ခရိုင်၊ ဖျာပုံခရိုင်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

Read more


ကန်ကြီးထောင့်စက်တင်ဘာ၂၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည်တိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းအတွင်းရေးမှူးဒေါ်ခင်စောမူ၊ တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း၊ ကောင်မတီဝင်များအတူလိုက်ပါလျှက် ကန်ကြီးထောင့်မြို့နယ်၊မိချောင်းတရာအုပ်စုရွာသစ်ကုန်းကျေးရွာရှိဒေသခံပြည်သူများ နှင့်ရင်းနှီးနွေးထွေးစွာတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ဗဟိုအတွင်းရေးမှူးမှ တက်ရောက်လာသူများအားရင်တွင်းခံစားချက်များ၊ဖြစ်စေလိုမှုများရင်နှီးပွင့်လင်းစွာဆွေးနွေး ကြရန်နှင့်ပြည်သူများသိသင့်သည်များကိုရှင်းပြပါသည်။
ထို့နောက်တိုင်းပါတီဥက္ကဋ္ဌက တက်ရောက်လာသူများဝင်ငွေတိုးစေမည့်သီးနှံများစိုက်နည်းCropPatternသီးနှံပုံစံများကိုပြောပြရာတက်ရောက်လာသူများကစိတ်ဝင်စား နားထောင်၍အပြန်လှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

=================================

ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တွေ့ဆုံ

Read more

ပါတီဗဟိုအတွင်းရေးမှူး ၊တနင်္သာရီတိုင်ဒေသကြီးပေါင်းစပ်ညှိနှိင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်ပါတီဝင်များတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးတွင် ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၈ – ၉ -၂၀၂၃ ရက်နေ့ နေ့လည်၁ နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ ပါတီ၏ မူဝါဒများ ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များ၊ရက်၉၀ စီမံချက်များ၏အရေးပါပုံများနှင့်လုပ်ငန်းအောင်မြင်အောင်မည်သိုဆောင်ရွက်ရမည်များကို လမ်းညွှန်ခဲ့ပြီး ပါတီဥက္ကဌကြီး၏မိန့်ခွန်း‌ပြောကြားချက်များဗွီဒီဖိုင်အားချပြရှင်းလင်းပြီးလူငယ်/အမျိုးသမီးအင်အားစုဆောင်းခြင်းနှင့်ပြည့်မဏ္ဍိုင်၏လုပ်ငန်းစဉ်များအားအသေးစိတ်ချပြရှင်းလင်းခဲ့ပါသည်။
ကော့သောင်းခရိုင်ပါတီဥက္ကဌ ဦး‌ကျော်သူ၊ကော့သောင်းမြိုနယ် ပါတီဥက္ကဌဦးအောင်ကြူနိုင်တိုမှ ပါတီ၏လမ်းညွှန်ချက်များအားလုပ်‌ဆောင်ပြီးစီးမှုနှင့် ဆောင်ရွက်နေဆဲကိစ္စများအား တင်ပြခဲ့ပြီး တွေ့ဆုံ‌ဆွေးနွေးပွဲသည် မွန်းလွဲ၁၅း၀၀အချိန်တွင် ပြီးစီးခဲ့ပါသည်။ အဆိုပါတွေ့ဆုံ‌ပွဲသိုပါတီဗဟိုကော်မတီဝင်ဦးဝင်းဌေး၊တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးဝင်းနိုင်၊ကော့သောင်းခရိုင်/မြိုနယ်ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲဝင်များ၊ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ဝင်များစုစုပေါင်း ၆၅ ဦးတက်ရောက်ခဲ့ကြပါသည်။

Read more

မြန်မာအသင်း ဂျပန်အသင်းကို ၇ ဂိုးပြတ်အရေးနိမ့်ခဲ့

စက်တင်ဘာ ၂၉
တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစား အမျိုးသားဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ် စက်တင်ဘာ ၂၈ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၄ အသင်းက ဂျပန်ယူ-၂၄ အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ပါတယ်။ မြန်မာအသင်းဟာ ၄၉ နှစ်နီးပါးကြာမှ ၁၆ သင်းအဆင့်ကို ပြန်လည်ကစားခွင့်ရခဲ့ပေမဲ့ ဂျပန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပြီလည်းဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အိမ်ရှင်တရုတ်နှင့် လက်ရှိချန်ပီယံ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နှင့် ဆော်ဒီအာရေဗျ၊ အီရန်နှင့် ဟောင်ကောင်၊ မြောက်ကိုရီးယားနှင့် ဂျပန်အသင်းတို့ တွေ့ဆုံလျက်ရှိပြီး အောက်တိုဘာ (၁)ရက်တွင် ယှဉ်ပြိင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။

Read more


ကျုံပျော် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်း​ဒေသကြီး၊ကျုံပျော်ခရိုင်ပါတီရုံးခန်းမ၌ (၂၇.၉.၂၀၂၃)နေ့နံနက် (၀၉:၃၀)နာရီ အချိန်တွင်ခရိုင်အတွင်းရှိကျုံပျော်၊ကျောင်းကုန်း၊ရေကြည်မြို့နယ်များမှဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ကော်မတီဝင်များနှင့်ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း(တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး)နှင့်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာကျုံပျော်ခရိုင်ပါတီပါတီဥက္ကဋ္ဌဦးမြင့်ကြိုင်မှခရိုင်ပါတီစတင်ဖွဲ့စည်းခဲ့သည်မှယနေ့ထိခရိုင်တွင်းရှိမြို့နယ်များနှင့်ချိတ်ဆက်၍ အထက်ပါတီအဆင့်ဆင့်မှလမ်းညွှန်ချက်များ ဆောင်ရွက်ချက်များရှင်းလင်းပါသည်။
ယင်းနောက် တိုင်းပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းမှUECသို့တင်ပြထားသောပါတီဝင်အင်အားစာရင်းများပြန်လည်စိစစ်တင်ပြနိုင်ရေး၊ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်ဆုံဆည်းရာတွေ့ဆုံမှုအစီအစဉ်လွဲမှားမှုများကိုရှင်းလင်းဆွေးနွေး​​ပါသည်။
ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း(တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး)မှတိုင်းပါတီဥက္ကဋ္ဌ၊ခရိုင်ပါတီဥက္ကဋ္ဌများ၏တင်ပြချက်များကိုဖြည့်စွက်ရှင်းလင်းပြီးပါတီဗဟိုမှလအလိုက်ချမှတ်ဆောင်ရွက်နေသောရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ၊ပြည့်မဏ္ဍိုင်အစီအစဉ်ဆုံဆည်းရာကိုအားထည့်လိုက်ပါ အကောင်အထည် ဖော်ဆောင်ရွက်ကြရန်၊မြို့နယ်အလိုက်UECသို့တင်ပြထားသောပါတီဝင်အင်အားစာရင်းများလွဲချော်နေမှုကိုသတ်မှတ်ချိန်အပြီးစိစစ်တင်ပြနိုင်ရန်စသည်များကိုတက်ရောက်လာသောမြို့နယ်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ကော်မတီများနှင့်ရင်းနှီးနွေးထွေးစွာဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ဗဟိုပါတီအတွင်းရေးမှူးဦးသန်းထွန်း(တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး)၊တိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ကော်မတီဝင်ဒေါက်တာထိန်ဝင်း(ကျုံပျော်ခရိုင်ပါတီတာဝန်ခံ)၊ကျုံပျော်ခရိုင်ပါတီဥက္ကဋ္ဌဦးမြင့်ကြိုင်၊အတွင်းရေးမှူးဦးသန်းဝင်း၊ကျုံပျော်ခရိုင်အတွင်းရှိကျုံပျော်၊ကျောင်းကုန်း၊ရေကြည် မြို့နယ်များမှ ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား(၄၅)ဦးတက်ရောက်ခဲ့ကြပြီးမွန်းလွဲ(၁၃:၀၀)နာရီတွင်တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။

=========================

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့် ကျုံပျော်ခရိုင် ပါတီတာဝန်ရှိသူများတွေ့ဆုံ

Read more

မာဆေးလ်နည်းပြသစ်အဖြစ် ဂတ်တူဆိုကိုခန့်အပ်

စက်တင်ဘာ ၂၉
ပြင်သစ်ထိပ်သီးကလပ် မာဆေးလ်အသင်းက အသင်းနည်းပြသစ်အဖြစ် အီတလီလူမျိုးနည်းပြ ဂတ်တူဆိုကို တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။
အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂတ်တူဆိုဟာ အေစီမီလန်နှင့် နာပိုလီအသင်းများကို ကိုင်တွယ်ခဲ့ပြီး ယခုနှစ်အစပိုင်းက ဗလင်စီယာနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်ပါတယ်။
မာဆေးလ်အသင်းက ဂတ်တူဆိုကို ယခုရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လည်း ထည့်သွင်းထားကြောင်း သိရပါတယ်။

=======================

Read more

ပြည်သူများအား ဆန်၊ဆီဈေးနှုန်းချိုသာစွာရောင်းချပေး

သပိတ်ကျင်း စက်တက်ဘာ ၂၇
၂၇-၉-၂၀၂၃ ရက်နေ့ ၀၈:၃၀ အချိန်မှစတင်ကာ သပိတ်ကျင်းခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် သပိတ်ကျင်းခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူလူထုအား မဂျမ်းတောဆန် ၁ပြည် ၅၈၀၀ကျပ်၊စားအုံးဆီ ၁ပိသာ ၅၈၀၀ကျပ်၊ကြက်ဥ ၁လုံး ၂၅၀ကျပ် ဈေးနှုန်းဖြင့် အိမ်ထောင်စု ၁ စုလျင် မဂျမ်းတောဆန် ၁ပြည်၊စားအုံးဆီ ၅၀ကျပ်သား၊ကြက်ဥ ၄လုံးနှုန်း ရောင်းချပေးခဲ့ပါသည်။ယနေ့ရောင်းချရာတွင် သပိတ်ကျင်းခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များမှ မဂျမ်းတောဆန် ၂၄၀ပြည်၊စားအုံးဆီ ၂၀၀ပိသာ၊ကြက်ဥ ၆၀၀လုံးတိုအား ပြည်သူလူထုသို ရောင်းချပေးခဲ့ပါသည်။

Read more