အာရှအားကစား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်

 

အောက်တိုဘာ ၃
အာရှအားကစား အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းဟာ ၂ ပွဲနိုင် ၁ ပွဲရှုံး အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ် တက်ရောက်‌လာခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို ၂ ပွဲ ၁ပွဲနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Read more

အနောက်လန်ဒန်ဒါဘီမှာ နိုင်ပွဲပြန်ရခဲ့တဲ့ ပိုချက်တီနိုရဲ့ချယ်လ်ဆီး

အောက်တိုဘာ ၃
ယနေ့နံနက်အစောပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဖူလ်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် ရမှတ်(၈)နဲ့အဆင့်(၁၁)နေရာသို့ ရောက်ရှိခဲ့ကာ ပရီးမီးယားလိဂ်တွင် သြဂုတ် ၂၅ နောက်ပိုင်း နိုင်ပွဲပြန်လည်ရရှိခြင်းလည်းဖြစ်ပါတယ်။
မူဒရစ်ခ်ရဲ့ ချယ်လ်ဆီးအတွက် ပထမဆုံးဂိုး ၊ ဘရိုဟာရဲ့ ရက်ပေါင်း (၃၅၉)ရက်အကြာမှ ပြန်လည် သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေနဲ့ လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးတို့ နိုင်ပွဲရရှိခဲ့ပါတယ်။
ထို့ပြင် အာဆင်နယ်(၁၅၁ ပွဲ)ပြီးနောက် ပရီးမီးယားလိဂ် လန်ဒန်ဒါဘီနိုင်ပွဲ ပွဲ ၁၅၀ ပြည့်ခဲ့ပြီး လန်ဒန်ဒါဘီ ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ကြောင်း သိရပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊အလုပ်သမားရေးရာကော်မတီနှင့်MYANMAR SANKOU သင်တန်းကျောင်းတို့ပူးပေါင်း၍ သင်တန်းဖွင့်လှစ်

Read more

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပေါင်းစပ်ညှိနှိုင်းရေးမှူး ပါတီဗဟိုအလုပ်အမှုဆောင်ဦးအောင်သူနှင့် (၂)ခရိုင်(၆)မြို့နယ်မှပါတီတာဝန်ရှိသူများတွေ့ဆုံ

လားရှိုး အောက်တိုဘာ ၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ရှမ်းပြည်နယ်မြောက်ပိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူးဦးအောင်သူသည် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊လားရှိုးမြို့နယ်၊တန့်ယန်းမြို့နယ်၊ကျောက်မဲမြို့နယ်၊သီပေါမြို့နယ်၊နမ္မတူမြို့နယ်နှင့်နောင်ချိုမြို့နယ် များမှ ပါတီဥက္ကဋ္ဌများအတွင်းရေးမှူးများနှင့် ပြည်နယ်ပါတီရုံး၌တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနှိုင်းရေးမှူးမှ (၁) သတ်မှတ်ပါတီဝင်အင်အား စာရင်းများ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲများသို့ အချိန်မှီ မှန်မှန်ကန်ကန်တိတိကျကျ တင်ပြနိုင်ရေး (၂) ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှု့လုပ်ငန်းစဉ်နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များနှင့် (Key Performance Index Check List) ပါအချက်(၁၇)ချက်မှန်မှန်ကန်ကန်ဖြည့်သွင်းနိုင်ရေး (၃) လူငယ်အင်အားအသစ်၊အမျိုးသမီးအင်အားအသစ်များ တိုးပွားရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (Project Circle Management) ပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် အလုပ်အကိုင်ရရှိရေး လျှောက်ထားသူလူငယ်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ အလုပ်သမားရေးရာကော်မတီနှင့် ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ချိတ်ဆက်၍​ ဧရာဝတီတိုင်း ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံ့ဖြို့ရေးပါတီတွင် ၃၀.၉.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ပြည်ခိုင်ဖြိုးသင်တန်းကျောင်း(ရေကူးကန်ဟောင်းဘေး၊ ကန်သုံးဆင့်)တွင် ဂျပန်နိုင်ငံအလုပ်အကိုင်ရရှိရေးသို့ လျှောက်ထားသူလူငယ် (၄၄၄)ဉီးကိုတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဉီးမောင်မြင့်၊ ဧရာဝတီတိုင်းပါတီဥက္ကဌ ဦးသိန်းထွန်း၊ ဂျပန်အလုပ်အကိုင်တာဝန်ခံ တို့မှ အလုပ်အကိုင်ရရှိရေးကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်များမှ ဖြေဆိုစိစစ်မှုအရ ပထမအဆင့်တွင် ကျား ၁၆၂ ဦး၊ မ ၁၀၅ ဦး ပေါင်း ၂၆၇ ဦး​ အောင်မြင်ပြီး စိစစ်မှုကို ညနေ ၁၅:၃၀ တွင် ပြီးစီးကြောင်းတင်ပြအပ်ပါသည်။

Read more

ရှမ်းပြည်နယ်(တောင်ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် Dr.ပွင့်ဆန်း ၊ ရှမ်း/တောင် ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံဟောင်း ဦးအောင်ထွန်း တို့မှ ရှမ်း/ တောင်အတွင်းရှိပါတီဝင်ဟာင်းများ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ

တောင်ကြီး စက်တင်ဘာ ၂၉
၂၉.၉. ၂၀၂၃ရက်နေ့ (၀၉:၄၅)ချိန်မှ (၁၁:၄၅)ချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ရှမ်း / တောင်ပြည်ခိုင်ဖြိုး ပါတီ နယ်မြေတာဝန်ခံ(ဟောင်) ဦးအောင်ထွန်း တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ပါတီဝင်ဟောင်းများ၊ပါတီဝန်းရံသူများ စုစုပေါင်း (၃၀)ဦးနှင့် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပါတီ​၏မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားပြီးတက်ရောက် လာသူများမှလည်း ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်မင်္ဂလာဒုံခရိုင်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

Read more

မကွေးတိုင်းဒေသကြီး ချောက်ခရိုင်ပါတီ ရုံးတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပါတီတာဝန်ရှိသူများနှင့်တွေဆုံ

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

စက်တင်ဘာ ၂၈၊ ပန်းတနော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၂၈-၉-၂၀၂၃ ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ ရွာကြီးဘက်ကမ်း စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသော လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးရေး စသည့်အချက်များအပါအဝင် ဒေသခံများ၏တင်ပြချက်များအား အပြန်အလှန် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။

Read more

NATO မဟာမိတ်တပ်ဖွဲ့ဝင်များက ဘော်တစ်ပင်လယ်ဒေသအတွင်း ရုရှားတို့၏ သြဇာလွှမ်းမိုးမှုများ အရှိန်မြင့် တင်လာ သော ကြောင့် AWACS အမျိုးအစား ထောက်လှန်းရေးလေယာဉ်များအား ဖြန့်ကြက်မှုများ စတင်ပြုလုပ်နေ

စက်တင်ဘာ ၂၉

Read more