ဈေးနှုန်းချိုသာစွာရောင်းချမှုတွင် ပါဝင်ကူညီဆောင်ရွက်

ပြင်ဦးလွင် အောက်တိုဘာ ၃
၃-၁၀-၂၀၂၃ ရက်နေ့ ၀၇:၃၀မှ၁၀:၀၀ အချိန်ထိ ပြင်ဦးလွင်ခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီကုန်သည်ကြီးများအသင်းတိုနှင့်ချိတ်ဆက်ကာ ပြင်ဦးလွင်မြိုနယ်၊ရပ်ကွက် ကြီး(၅) အတွင်းရှိ အိမ်ထောင်စု ၂၀၀ အား၊အိမ်ထောင်စု ၁စု လျင် စားအုံးဆီ ၁ပိသာနှုန်း၊ဈေးနှုန်း ၅၀၄၉ကျပ်ဖြင့် စားအုံးဆီ ၂၀၀ပိသာ ရောင်းချပေးခဲ့ပါသည်။ထိုသို ရောင်းချရာသို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊အတွင်းရေးမှုး ဒေါ်စံပယ်ဝင်း၊ကော်မတီဝင် ဦးကျော်သန်း၊ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဇော်၊အတွင်းရေးမှုး ဦးသိန်းဆွေနှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီကော်မတီဝင်များမှ ရောင်းချ ဆောင်ရွက်ပေးခဲ့ကြပါသည်။

Read more

ရေဘင် စမတ်မျက်မှန်သစ် မက်တာကုမ္ပဏီ ထုတ်ဖော်ပြသ

မာ့ခ်ဇူကာဘာ့ဂ်ရဲ့ မက်တာနည်းပညာကုမ္ပဏီဟာ အဆင့်မြင့်နည်းပညာသုံး အလှတပ်ရေဘင်စမတ်မျက်မှန်တစ်မျိုးကို စက်တင်ဘာ ၂၈ ရက်က ထုတ်ဖော်ပြသလိုက်ပါသည်။
မက်တာရဲ့ စမတ်မျက်မှန်ဟာ ရုတ်တရက်ကြည့်ရင်တော့ သာမန်အလှတပ်မျက်မှန်တွေလိုမျိုးပါပဲ။ ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင် မျက်မှန်ကိုင်းတံတွေပေါ်မှာ သေးငယ်တဲ့ကင်မရာတွေ တပ်ထားတာကို တွေ့ရမှာပါ။ တစ်လက်ကို အမေရိကန်ဒေါ်လာ ၃၆၄ ဒေါ်လာ တန်ဖိုးရှိတဲ့ မက်တာစမတ်ရေဘင်မျက်မှန်တွေရဲ့ ကင်မရာစနစ်ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုကို စက္ကန့် ၆၀ ကြာ လျှို့ဝှက်ရိုက်ကူးပေးနိုင်ပါတယ်။
ပြီးတော့ အသိဉာဏ်တုနည်းပညာ (AI) ကိုပါ ပေါင်းစပ်ထည့်သွင်းထားတော့ မက်တာစမတ်မျက်မှန်တွေဟာ တပ်ဆင်ထားသူ တွေ့နေရတဲ့ အရာဝတ္ထုတွေ၊ နေရာတွေကို ခွဲခြားပေးနိုင်စွမ်း၊ အချိန်နဲ့တစ်ပြေးညီဘာသာပြန်ပေးနိုင်စွမ်းတွေလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
မက်တာကုမ္ပဏီဟာ အဲသည့်စမတ်မျက်မှန်ကို စက်တင်ဘာ ၂၇ ရက်မှာ ဆီလီကွန်တောင်ကြားမှာ ကျင်းပခဲ့တဲ့ Meta connect 2023 ပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာပါ။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့် တွံတေးခရိုင်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

Read more

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေး ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်ပြောကြား

အောက်တိုဘာ ၎

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ယခုဘဏ္ဍာနှစ်အတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ နှစ်လယ်အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် သိသိသာသာရင်ဆိုင်နေရသော်လည်း တိုးတက်မှုရှိနေဆဲဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက အိန္ဒိနိုင်ငံ၏ စီးပွားရေးသည် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ခဲ့ကြောင်းသိရသည်။

Read more


တန့်ယန်း အောက်တိုဘာ ၃

=================

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဦးအောင်သူနှင့်တန့်ယန်းခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံ

တန့်ယန်း အောက်တိုဘာ ၃
၃. ၁၀. ၂၀၂၃ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင်တန့်ယန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ၊ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဦးအောင်သူနှင့်တန့်ယန်းခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ တန့်ယန်းခရိုင်၊တန့်ယန်းမြို့နယ်ပြည့်ခိုင်ဖြိုးပါတီ၊ပြည်နယ်ပါတီကော်မတီဝင်ဦးစိုင်းဆန်စိန်၊ခရိုင်ပါတီကော်မတီဝင်များနှင့်တန့်ယန်းမြို့နယ်ပါတီဥက္ကဋ္ဌဒေါ်နန်းခမ်း ခေါင်၊မြို့နယ်ပါတီအတွင်းရေးမှူးဦးကျော်လှိုင်၊မြိုနယ်ပါတီကော်မတီဝင်များအားလုံး(၃၇)ဦး၊နှင့်မိုင်းရယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ကော်မတီဝင်(၇)ဦး၊စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ် ကျောက်ဆည်ခရိုင်အမျိုးသမီးရေးရာကော်မတီများ၊ ပါတီဝင်အမျိုးသမီးများနှင့် တွေ့ဆုံ

Read more

ပိုက်ကြော်ခြင်းမြန်မာအမြိုးသား (၄) ယောက်တွဲအသင်း ရွေရပြီ

အောက်တိုဘာ ၎
တရုတ်နိုင်ငံ၊ ဟန်ကြိုးမြို့မွာ ကျင်းပတဲ့ (၁၉) ကြိမ်မြောက် အာရွအားကစားပြိုင်ပွဲမွာ မြန်မာပိုက်ကြော်ခြင်း အမြိုးသား (၄) ယောက်တွဲအသင်းဟာ ယေန့ နံနက် ၇ နာရီအေစာပိုင်းအခြိန်မွာ အင်ဒိုနီးရွားကို အသာအယာကစားပြီး ၂ – ၀ ရလဒ်နဲ့ ရွေတံဆိပ်ဆုကို ရယူဆွတ်ခူးခဲ့ပါပြီဖြစ်ပါတယ်။
မြန်မာအမြိုးသား (၄) တွဲအသင်းမွာ ဇင်မင်းဦး(အားထစ်)၊ ဇင်ကိုကို၊ ရွိန်းဝဏ္ဏေဇာ် (ရွိန်းလေး)၊ အောင်ခန့်သူ (ဘားသက်)၊ သန့်ဇင်ဦး(ဘောစိ)၊ သန့်ဇင်ထွန်းတို့ ပါဝင်ကစားတာဖြစ်ပါတယ်။
နောက်ထပ် မြန်မာအမြိုးသား၊ အမြိုးသမီး (၃) ယောက်တွဲပွဲစဉ်တွေကို အောက်တိုဘာ ၅ ရက်နေ့မွာ စတင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။

Read more

မန်ယူပရိသတ်များ၏ လှောင်ပြောင်မှုကို မိမိနားလည်တယ်ဆိုတဲ့ တန်ဟက်ဂ်

အောက်တိုဘာ ၃
ကလပ်သမိုင်းတစ်လျှောက် ၃၄ နှစ်အတွင်း အဆိုးရွားဆုံးသော ရာသီအစနှင့်ကြုံတွေ့နေရမှုကြောင့် မန်ယူပရိသတ်များ၏ လှောင်ပြောင်မှုကို နားလည်ကြောင်း မန်ယူ နည်းပြ တန်ဟတ်က ပြောဆိုပါတယ်။
အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း မန်ယူပရိသတ်များအား အသင်းအား ပြန်လည်အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
တန်ဟတ်က “ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက အရမ်းခက်ခဲပြီး အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ပရိသတ်တွေက နိုင်ပွဲကို မျှော်လင့်ထားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ရှုံးနိမ့်ခဲ့ပါတယ်။ အခုထက်ပိုပြီး ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ပါပဲ”ဟု ပြောဆိုခဲ့ပါတယ်။
နည်းပြ တန်ဟက်ဂ်ရဲ့ မန်ယူအသင်းဟာ အိမ်ကွင်း၌ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂလာတာစရေးအသင်းနဲ့ ယနေ့ညမြန်မာစံတော် နံနက်(1:30 AM )အချိန်တွင် ယှဉ်ပြိုင်ကစားသွားဖို့ရှိပါတယ်။

Read more

တရုတ်နှင့် ဂျာမနီတို့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ

အောက်တိုဘာ ၃

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် အောက် တိုဘာ ၁ ရက်က ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီခဲ့ကြကြောင်း ယမန်နေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်နှင့် ဂျာမနီနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန်လင်ဒါတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Read more