တိုင်းဒေသကြီးပါတီဥက္ကဌ မှ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

Read more

တိုင်းဒေသကြီးပါတီဥက္ကဌ မှ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

စဥ့်ကိုင် အောက်တိုဘာ ၁၆

Read more

UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာ

အောက်တိုဘာ ၁၇
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

Read more

ပဲခူးမြို့နယ်ရှိ ရေဘေးသင့် စာသင်ကျောင်းများသို့ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ရေသန့်ကဒ်များလှူဒါန်း ရေဘေးသင့်အိမ်ထောင်စုများအား ရေသန့်နှင့်ဖယောင်းတိုင်ထုပ်များလှူဒါန်း

ပဲခူး နိုဝင်ဘာ ၁၅
ပဲခူးမြိုနယ်အတွင်း ရေကြီးမှုကြောင့် ရေနစ်မြှပ်ခံရသော စာသင်ကျောင်းများနှင့် ရေဘေးသင့်အိမ်ထောင်စုများအတွက်ရေသန့်ကဒ်နှင့်ဖယောင်းတိုင်ထုပ်များအား  ပဲခူးခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးနှင့်ခရိုင်ပါတီကော်မတီဝင်များ ၊ မြိုနယ်ပါတီဥက္ကဋ္ဌဦးမင်းခန့်ကျော်နှင့်ပါတီတာဝန်ရှိသူများမှ နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းက စားသောက်ဖွယ်ရာများနှင့် ရေသန့်ကဒ်များသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
သွားရောက်လှူဒါန်းခဲ့ရာတွင် အဝိုင်းကျေးရွာ ကျောင်းအုပ်ဆရာမကြီးမှကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပြီး ကျောင်းရှိဆရာ/ဆရာမများအားပါတီတာဝန်ရှိသူများမှ ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအသင့်သောက်သုံးနိုင်ရန် ရေသန့်ကဒ်များအား ပေးအပ်လှူဒါန်းခဲ့ပြီး မွန်းလွှပိုင်းတွင် ကျွန်းသာယာရပ်ကွက်ရှိရေဘေးသင့်အိမ်ထောင်စုများအတွက် ရေသန့်ကဒ်များ အရေးပေါ်လိုအပ်နေသော ဖယောင်းတိုင်ထုပ်များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read more

အိန္ဒိယနိုင်ငံက ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် စိတ်ဝင်စားဟု ဝန်ကြီးချုပ်မိုဒီ ပြောကြာ

အောက်တိုဘာ ၁၆
အိန္ဒိယနိုင်ငံသည် ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်ဝင်စားလျက်ရှိကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲကို လက်ခံ ကျင်းပရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အောက်တိုဘာ ၁၄ ရက် ညပိုင်းက မွမ်ဘိုင်းမြို့၌ ကျင်းပသည့် (၁၄၁)ကြိမ်မြောက် နိုင်ငံတကာအိုလံပစ်ကော်မတီ အစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၉ ခုနှစ် နွေရာသီလူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် လေလံဆွဲရန်လည်း စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံအား ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအိုလံပစ်ကော်မတီ၏ ထောက်ခံမှုအပြည့် အဝရရှိလိမ့်မည်ဟုလည်း ယုံကြည်ထားကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အခိုင်အမာပြောကြားခဲ့သည်။

Read more

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်လ်ဒို သတ်မှတ်ခံရ

အောက်တိုဘာ ၁၆
၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ဦးဆောင်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်း ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာ စီရော်နယ်လ်ဒိုက အဆင့် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သူ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ လစာအပါအဝင် ၁ နှစ်ကို ပေါင် ၂၆၀ သန်းအထိ ရရှိနေတာကြောင့် အခုစာရင်းမှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Read more