အမရပူရခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

အမရပူရ အောက်တိုဘာ ၁၇
၁၇.၁၀.၂၀၂၃ ရက်နေ့ ၀၉:၀၀မှ ၁၀:၃၀ အချိန်ထိ အမရပူရခရိုင်/မြိုနယ်ပါတီရုံးတွင် ခရိုင်/မြိုနယ်/ရပ်ကျေး ပါတီလုပ်ငန်းညှိနှိင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးသို အမရပူရခရိုင်/မြိုနယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးဇော်အောင်ထက်၊အမရပူရမြိုနယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုးနှင့်မြိုနယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌများ ၃၅ဦးခန့်တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ  ပုံစံ(ဇ) စစ်ဆေးပြီးစီးမှုအခြေအနေများ၊စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ပြည့်မဏ္ဍိုင်ကွင်းဆင်းရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

==========================

Read more



===================

ရေဘေးသင့် ပြည်သူများအား ဆန် လှူဒါန်း

ဒဂုံမြို့သစ် အောက်တိုဘာ ၁၆
ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦမြင့်ခိုင် စစ်ပင်အောပ်ရွာရေးဘေးသင့်ပြည်သူများအား စစ်ပင်ရွာရပ်မိရပ်ဘဦးကြည်မင်းတိုနှင့်အတူ
အိမ်ထောင်စု၁၅၀ကျော်အား အိမ်ထောင်စုတစုလျှင် ဆန်၂ပြည်ဆီ၁ဘူးရေသန့်များလှူဒါန်းခဲ့ပါသည်။

Read more

ဥရုဂွေးနဲ့ပွဲရဲ့ ပထမပိုင်းမှာတင် ဒူးဒဏ်ရာ ရသွားခဲ့တဲ့ နေမာ

အောက်တိုဘာ ၁၈
ဘရာဇီးက ဥရုဂွေးအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမပိုင်းမှာ ရသွားခဲ့တဲ့ဒဏ်ရာကြောင့် တိုက်စစ်မှူး နေမာဟာ မြက်ခင်းစိမ်းကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ရပြန်ပြီဖြစ်သည်။
နေမာသည် ပထမပိုင်းပြီးဆုံးခါနီး၌ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၄၅+၄’) တွင် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ရစ်ချာလီဆန်နှင့် လူစားလဲခဲ့ရသည်။
နေမာသည် ကစားသမားဘဝတစ်လျှောက် မကြာခဏဆိုသလို ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသူဖြစ်ပြီး ယခုဒဏ်ရာအခြေအနေပြင်းထန်ခဲ့ပါက ၎င်း၏ကစားသမားဘဝအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်။

Read more

UFC-295 ပွဲစဉ်မှာ ပီရူးဖိုက်တာ Kevin Borjas နဲ့ ထိုးသတ်မယ့် Joshua Van

အောက်တိုဘာ ၁၇
လာမယ့်နိုဝင်ဘာလ (၁၂) ရက်နေ့မှာ Joshua Van သည် UFC 295 မှာ သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ကစားသွားဖို့ရှိနေသည်။

အသက် (၂၁) သာရှိသေးတဲ့ မြန်မာ ပြည်ဖွားချင်းတိုင်းရင်းသားလေး Joshua Van ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့နံပါတ်တစ်အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးပွဲဦးထွက်တင်ပွဲဆူစေခဲ့သူပါ။ Joshua Van သည် UFC မှာပွဲထွက်ခွင့်ရတဲ့ ပထမဆုံးမြန်မာ့တိုက်ခိုက်ရေး ကစားသမားတစ်ဦးလည်းဖြစ်သည်။

Read more

ဒုတိယအကြိမ်မြောက် ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဦးဆောင်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ထမင်းဗူးများနှင့် ခေါက်ဆွဲခြောက်ထုတ်များ သွားရောက်လှူဒါန်း

ဒဂုံမြိုသစ် အောက်တိုဘာလ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၅ ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၆ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ထမင်းဗူးများနှင့် အသင့်စား ခေါက်ဆွဲခြောက်ထုတ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။

Read more

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တောင်ငူမြို့နယ်တွင် လူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်

တောင်ငူ အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တိုင်းဒေသကြီးပါတီလူငယ်ရေးရာ တာဝန်ခံဒေါက်တာသန့်ဇော်လွင် ၊တောင်ငူ
ခရိုင် ကော်မတီဝင်မမျိုးသန္တာမောင်မောင်၊ တောင်ငူမြိုနယ်ပါတီဥက္ကဌဦးသန်းစိုးတိုသည် အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီခန့်က တောင်ငူ မြိုနယ်ပါတီရုံးအစည်းအဝေးခန်းမတွင် မြိုနယ်အတွင်းရှိပါတီဝင်လူငယ်မျိုးဆက်သစ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

Read more

မြန်မာနဲ့မကာအို ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယနေ့ယှဉ်ပြိုင်ကစားမယ်

အောက်တိုဘာ ၁၇

မြန်မာအသင်းနှင့် မကာအို အသင်းတို့သည် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာလ(၁၇)ရက် ယနေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီတွင် Macau Olympic Complex တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ ပထမ အကျော့အဖြစ် အောက်တိုဘာ ၁၂ ရက် က မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရထားသည်။
နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိသည့် အသင်းသည် ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

Read more