ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်မှ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

ထားဝယ် အောက်တိုဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၈) ရက်နေ့၊ မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ရှိ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ထားဝယ်မြို့၌ တွေ့ဆုံ၍ တက်ရောက်လာကြသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန်‌ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများနှင့်အတူ လက်ရှိဖြစ်ပေါ်‌နေသော နိုင်ငံရေးအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက် ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

Read more

အမှန်သိမှ အသိမှန်၊ အတွေးမှန်၊ ဆုံးဖြတ်မှန်၊အလုပ်မှန်ပြီး ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်မှပါတီတာဝန်ရှိသူများနှင့်တွေ့ဆဲုံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌဦးမျိုးဇော်သိန်းပြောကြား

Read more

ဘယ်လ်ဂျီယံနှင့် ဆွီဒင်ပွဲစဉ်ကို ပြန်ကစားခွင့်မပြုဘဲ ၁ ဂိုးစီသရေရလဒ် သတ်မှတ်

အောက်တိုဘာ ၂၀

ဘယ်လ်ဂျီယံနှင့် ဆွီဒင်အသင်းတို့၏ ယူရိုခြေစစ်ပွဲစဉ်ကို ပြန်ကစားခွင့်ပြုမှာမဟုတ်ဘဲ ပွဲရပ်နားချိန်က ရလဒ်ဖြစ်တဲ့ တစ်ဂိုးစီသရေ ရလဒ်သာ သတ်မှတ်ကြောင်း ကြာသပတေးနေ့က ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘယ်လ်ဂျီယံနှင့် ဆွီဒင်အသင်းတို့၏ ယူရိုခြေစစ်ပွဲမှာ ပထမပိုင်းတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယပိုင်း၌ ဆွီဒင်ကစားသမားများက ဆက်ကစားရန် ငြင်းဆန်ခဲ့သောကြောင့် ပွဲကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

Read more

တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

Read more

ACL ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူသွားရတော့မယ့် နေမာ

အောက်တိုဘာ ၁၉

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာ ဂျုနီယာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(၄)အဖြစ် ဥရုဂွေးအသင်းနဲ့ အဝေးကွင်းတွင်သွားရောက်ရင်ဆိုင်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့သည်။ ဘရာဇီးလ်အသင်းအတွက် (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်ပြီး (၁)မှတ်သာရယူနိုင်ခဲ့သည်။

နေမာသည် အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းနားကျင်အချိန်ပိုတွင် ရရှိခဲ့သည့် ACL ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည်ဖြစ်ပြီး ခန့်မှန်းခြေ (၉)လဝန်းကျင် ကြာမြှင့်ဖွယ်ရှိနေဟု မိခင်ကလပ် အယ်လ်အာလီက ထုတ်ပြန်ထားသည်။

Read more

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်

အောက်တိုဘာ ၁၉

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့သည် ပေကျင်းမြို့တော်၌ ယနေ့ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
တရုတ်နှင့် ရုရှားနှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ တကာတရားမျှတမှုကို ထိန်းသိမ်းရန် ကမ္ဘာတစ်ဝန်း ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဟု သမ္မတရှီကျင့်ဖျင်က ဆိုသည်။

Read more

လောင်းကစားမှု့ကြောင့် ၁နှစ်အထိ ပွဲပယ်ခံရတော့မယ့် တိုနာလီ

အောက်တိုဘာ ၁၉

အီတလီလက်ရွေးစင်အသင်းနှင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနာလီသည် အောက်တိုဘာ (၁၀)ရက်တွင် တရားမဝင်လောင်းကစားပြုလုပ်သည်ဆိုသော သံသယဖြင့် အီတလီအာဏာပိုင်များ၏ စစ်ဆေးခြင်းကိုခံခဲ့ရသဖြင့် အီတလီအသင်း လူစာရင်းမှ ပြန်လွှတ်ခံခဲ့ရသည်။

Read more

တတိယအကြိမ်မြောက် ဒဂုံမြို့သစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဦးဆောင်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့်ဆန် သွားရောက်လှူဒါန်း

ဒဂုံမြိုသစ် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၆၊ ၁၅၇ ရပ်ကွက်နှင့် ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ငါးသေတ္တာဗူးများနှင့် ဆန်တိုကို သွားရောက်လှူဒါန်းခဲ့ကြသည်။

Read more

လာမယ့် ၂၉ရက်နေ့မှာ ပွဲထိုးသတ်ရမယ့် ဗရော်နီကာ

အောက်တိုဘာ ၁၈

ကယန်းတိုင်းရင်းသူ ဗရော်နီကာက လာမယ့် ၂၉ရက်နေ့ လုပူရီမှာ ပွဲထိုးရမယ်လို့ ပရိတ်သတ်တွေကို ၎င်း၏ facebook page မှ အသိပေးလာကြောင်း သိရပါတယ်။

ဗရော်နီကာဟာ နောက်ဆုံးထိုးသတ်ခဲ့တာက လွန်ခဲ့တဲ့ ၄ လကပါ။ ဒီကြားထဲမှာ သူမအနေနဲ့ မွေ့ထိုင်းနည်းစနစ်ပိုင်းနဲ့ MMA ပိုင်းကိုလည်း သေချာလေ့ကျင့်နေခဲ့ပါတယ်။

Read more