စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ၄၇၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ

အောက်တိုဘာ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေး နှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေ ခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

Read more

ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘော တူညီရန် အခွင့်အလမ်းများစွာရှိသော်လည်း ငြိမ်း ချမ်းရေးဆွေးနွေးရန် အမေရိကန်က သဘောတူညီမှုမရှိ

အောက်တိုဘာ ၂၄

ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘောတူညီရန် အခွင့်အလမ်းများစွာ ရှိသော် လည်း ၂၀၂၂ ခုနှစ် မတ်လတွင် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်ရန် ယူကရိန်းကို အမေရိကန်နိုင်ငံက တားမြစ်ထားကြောင်း ဂျာမနီအဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ပြော ကြားသည်။

Read more

အေဂျက်အသင်းက နည်းပြစတိန်ကို ရာထူးမှ ထုတ်ပယ်

အောက်တိုဘာ ၂၄

တန်းဆင်းဇုန်ထဲရောက်နေတဲ့ အေဂျက်အသင်းသည် နည်းပြမော်ရိစတိန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

ပြိုင်ပွဲစုံမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ အေဂျက်အသင်းသည် ဟော်လန်လိဂ် ၁၈ သင်းမှာ အဆင့် ၁၇ နေရာအထိ ကျဆင်းသွားခဲ့ရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုလူငယ်ရေးရာတာဝန်ခံ နှင့် ရန်ကုန်တိုင်းဒေသကြီး၊လှည်ကူးမြို့နယ်မှ ပါတီဝင် လူငယ်များနှင့်စကားဝိုင်းပြုလုပ်

Read more


လှည်ကူး အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တာဝန်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးနှင့်အောက်မြန်မာပြည် လူငယ်တာဝန်ခံဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေတို့သည်(၂၃.၁၀.၂၀၂၃)နေ့နံနက်ပိုင်းတွင်၊ရန်ကုန်ကုန်တိုင်းဒေကြီး၊လှည်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌လှည်းကူးမြို့နယ်ပါတီမှ Project Cycle Management အကောင်အထည်ဖော်ဆောင်ရွက်နေမှု့အပေါ် KPI(Check List)ဖြင့် အကဲဖြတ်ကြည့်ရှု စစ်ဆေးပြီး ခရိုင် ၊မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံကာ အားသာချက်၊အားနည်းချက်များအား သုံးသပ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

=======================

Project Cycle Management အကောင်ထည်ဖော်ဆောင်ရွက်နေခြင်းအပေါ် အားသားချက်၊အားနည်းချက်များအားသုံးသပ် ဆွေးနွေး

Read more

ပြည်ခိုင်ဖြိုးပါတီဗဟို လူငယ်ရေးရာတာဝန်ခံ နှင့် ရန်ကုန်တိုင်းဒေသကြီး မှ တိုင်း၊ခရိုင်၊မြို့နယ်ပါတီဝင် လူငယ်တာဝန်ခံများတွေ့ဆုံဆွေးနွေး

Read more

ဂါဇာကမ်းမြောင်ဒေသကို အစ္စေရး၏လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၄၆၀၀ ကြော် သေဆုံး

အောက်တိုဘာ ၂၃

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စေရး၏လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား သေဆုံးမှုသည် အောက်တိုဘာ ၂၂ ရက်တွင် ၄၆၅၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မွ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသအတွင်း ပါလက်စတိုင်း ၁၄၂၄၅ ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါ ဝန်ကြီး ဌာန၏ ထုတ်ပြန်ခက်ြတွင် ဖော်ပြထားသည်။ သေဆုံးသျူမားထဲတွင် ကေလး ၁၈၇၃ ဦးနွင့် အမြိုးသမီး ၁၀၂၃ ဦးပါဝင်ကြောင်းလည်း သိရသည်။

Read more

ပီအက်စ်ဂျီအသင်းမှာ ဂျာစီရောင်းချမှု အများဆုံးဖြစ်နေတဲ့ အာရှသားလီကန်အင်

အောက်တိုဘာ ၂၃
ယခုနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့ ဂျာစီရောင်းချမှုမှာ ကီလီယန် အမ်ဘာပေ ဂျာစီထက် ပိုမိုရောင်းအားကောင်းနေတာ ကစားသမားသစ် လီကန်အင်ရဲ့ ဂျာစီရောင်းချမှု ဖြစ်တယ်လို့ သိရပါတယ်။

မာယော့ကာအသင်းမှ ပေါင်း(၁၉)သန်းနဲ့ ပြောင်းရွှေ့ရှောက်ရှိလာသူ တောင်ကိုရီးယား ကွင်းလယ်နှင့်တောင်ပံကစားသမား လီကန်အင်က ဘာပေထက်ကို ကျော်လွန်ပြီး ပီအက်စ်ဂျီအသင်းမှ ပေါ်ပြူလာ ဖြစ်နေရသလို သူ့နာမည်နဲ့ ကြောနံပါတ် ပါဝင်တဲ့ ဂျာစီရောင်းချမှုကလည်း ဘာပေ ဂျာစီ ရောင်းချမှုထက်ပင် များပြားနေကြောင်းသိရပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်မှ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

မြိတ် အောက်တိုဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသအကျိုးလိုလားသည့်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြိတ်မြို့၌ နေ့လည်စာ အတူတကွသုံး‌ဆောင်၍ ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြားလိုအပ်သည်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန်‌ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဌများနှင့်အတူ လက်ရှိဖြစ်ပေါ်‌နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

မိမိတို့ပါတီသည် ပြည်သူထဲမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး ပြည်သူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်၍ နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒေသအရေးကို အစဉ်ရှေ့ရှူ့၍ ဆောင်ရွက်သည့် အစဉ်အလာရှိသည်နှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်မှပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းပြောကြား

Read more