အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း သတင်း ထောက် ၄၂ ဦး ထက်မနည်း သေဆုံး

နိုဝင်ဘာ ၁၇

အစ္စရေးတပ်မတော်နှင့် ဟားမတ်စ်အဖွဲ့တို့ကြား ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်နွှဲမှုများတွင် သတင်း ထောက်များနှင့် မီဒီယာလုပ်သား ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နယူးယောက်အခြေစိုက် သတင်း ထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီက ယနေ့ပြောသည်။

Read more

ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများ ကို ကန့်သတ်နေဆိုသည်ဆိုသည်မှာ သတင်းမှားများဖြစ် ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

နိုဝင်ဘာ ၁၆

အချို့ပုဂ္ဂလိကဘဏ်များတွင်ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများနှင့် ဘဏ်များရှိ အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည်မဟုတ်မမှန်သော သတင်းမှားများ ဖြစ်ကြောင်း ဗဟိုဘဏ်မှ ငြင်းဆိုထားသည်။

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုးစီးပွားပျက်စီးစေရန် မသမာသူလူတစ်စုကလူမှုကွန်ယက်စာမျက်နှာ များတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း ဗဟိုဘဏ်မှပြောသည်။

Read more

ရှမ်းမြောက် ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီမြို့နယ်တို့တွင် ည(၆) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်

Read more

ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲကျင်းပမည်

နိုဝင်ဘာ ၁၆

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံ စီးပွား ရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုနှစ် စက်တင်ဘာလတွင် ရုရှားနှင့် မြောက်ကိုရီးယားခေါင်းဆောင်များအကြား လေးနှစ်အတွင်း ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

Read more

အီတလီကလပ် ကိုမိုအသင်း၏ ယာယီနည်းပြချုပ်အဖြစ် ဖာဘရီဂတ်စ်ကို ခန့်အပ်

နိုဝင်ဘာ ၁၅

စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ အီတလီစီးရီးဘီကလပ် ကိုမိုအသင်းရဲ့ ယာယီ နည်းပြချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်။

အာဆင်နယ်၊ ဘာစီလိုနာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ (၂၀၂၂)ခုနှစ်မှာ မိုနာကိုအသင်းကနေ ကိုမိုအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ကိုမိုအသင်းမှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိ ဖာဘရီဂတ်စ်ဟာ ကိုမိုလူငယ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး ကိုမိုစီနီယာအသင်း နည်းပြ လက်မဲ့ဖြစ်နေချိန်မှာ ယာယီနည်းပြဖြစ်လာခဲ့ပါတယ်။

Read more

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် လေ့ကျင့်နေ

နိုဝင်ဘာ ၁၅

မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားရန် ဂျပန်တွင် လေ့ကျင့်နေပြီဖြစ်ပါသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်လက်ရွေးစင်အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရန် မနေ့က ဂျပန်နိုင်ငံ အိုဆာကာ မြို့ သို့ ရောက်ရှိလာခဲ့ပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်ကို ညပိုင်းတွင် စတင်ပြုလုပ်နေခဲ့ကြောင်း သိရသည်။

Read more

နေရပ်စွန့်ခွာလာရသူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး အလှူငွေ လှူဒါန်း

လားရှိး နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အတွင်းရေးမှူးဒေါက်တာလဆိုင်းသည် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက်နေ့တွင် လားရှိးမြို့ အမှတ်(၅)ရပ်ကွက်၊(Edin Buga)ခရစ်ယာန်ကျောင်းဝန်းနှင့် အမှတ်(၁)ရပ်ကွက်၊မြိုမနှစ်ချင်းခရစ်ယာန်ကျောင်းဝန်းအတွင်းသို့ နေစွန့်ခွါထွက်ပြေးလာကြသူများအား သွားရောက်အားပေး၍ အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ သွားရောက်လှူဒါန်းရာသို ပြည်နယ်ကော်မတိဝင်ဦးကျော်ဇောဝင်းနှင့်လားရှိးခရိုင်ပါတီဥက္ကဋ္ဌဦးတန်ဂွန်းတိုပါ လိုက်ပါ၍ အားပေးစကားများပြောကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။

အဆိုပါခရစ်ယာန်ကျောင်းဝန်းအတွင်းသို့ နေရပ်စွန့်ခွါ ထွက်ပြေးလာသူ (၈၅၃)ဦးရှိကြောင်းသိရပါသည်။

Read more