ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ ဦးဝဏ္ဏမောင်လွင် တိုင်းဒေသကြီး ခရိုင်မြို့နယ်ကော်မတီဝင် များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီ၊ မန္တလေးခရိုင် ပါတီကော်မတီနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
Read more