မြန်မာ အမျိုးသား ဘော်လီဘော အသင်း အိမ်ရှင်မလေးရှားကို အနိုင်ယူ

ရန်ကုန် သြဂုတ် ၂၃

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသား ဘော်လီဘော အသင်းသည် အုပ်စု (က)ပွဲစဉ် တစ်ပွဲအဖြစ် အိမ်ရှင်မလေးရှားအသင်းနှင့် ယမန်နေ့က ယှဉ်ပြိုင်ကစားရာ အနိုင်ရရှိခဲ့ သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းများ ရရှိပြီဖြစ်ကြောင်း သိရသည်။

Read more

နိုင်ငံအား တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေသည်ဆိုကာ ကာတာ၏ သံရုံးအား ချတ်နိုင်ငံ ပိတ်သိမ်း

အင်ဂျာမီးနား၊ သြဂုတ် ၂၄ ။               ။ လစ်ဗျားနိုင်ငံမှတစ်ဆင့် ချတ်နိုင်ငံအား တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေသည်စွပ်စွဲလျက် မြို့တော် အင်ဂျာမီးနားရှိ ကာတာသံရုံးကို ချတ်နိုင်ငံက ပိတ်သိမ်းကြောင်း ကြေညာကာ သံရုံးဝန်ထမ်းများကိုလည်း နိုင်ငံတွင်းက ထွက်ခွာရန် အချိန် ဆယ်ရက် ပေးလိုက်သည်။

Read more

ဆူဒန်ရှိ သံအမတ် သေဆုံးကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး အတည်ပြု

မော်စကို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Mirgayas  Shirinsky သေဆုံးမှုအား ရုရှား နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၂၃ ရက်တွင် အတည်ပြုပြောကြားလိုက်ကြောင်း သိရသည်။

Read more

တောင်အာရှ ရေကြီးမှုတွင် ရေဘေးဒုက္ခသည် ၂၄ သန်းကျော် ရှိနေ

တောင်အာရှဒေသတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ရေကြီးရေလွှမ်းမှုများ ဖြစ်ပေါ်နေရာ ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့နေရသူ ၂၄ သန်းကျော်ထက်မနည်းရှိကြောင်း ကြက်ခြေနီအသင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှ အာဏာပိုင်များက မုတ်သုံရာသီ ဝင်ရောက်ချိန်မှစကာ ရေလွှမ်းမှုများ ဖြစ်ပွားသည့် သြဂုတ် ၁၀ ရက်က စပြီး သေဆုံးသူဦးရေ ၇၅၀ ကျော်သွားပြီဖြစ်ကြောင်း ပြောသည်။

Read more

အမေရိကန် ထောက်ပံ့ပေးထားသော အမျိုးသား ဒီမိုကရက်တစ် အဖွဲ့ နိုင်ငံအတွင်းမှ ထွက်ခွာရန် ကမ္ဘောဒီးယား အမိန့်ပေး

ဖနွမ်းပင် သြဂုတ် ၂၃

ကမ္ဘောဒီးယား အာဏာပိုင်များသည် သြဂုတ် ၂၃ ရက်တွင် နိုင်ငံအတွင်း၌ အမေရိကန်ထောက်ပံ့ပေးထားသော အမျိုးသားဒီမိုကရက်တစ်အဖွဲ့အစည်း (NDI) ၏ လုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပြီး ယင်းအဖွဲ့အစည်းအား ယခုရက်သတ္တပတ်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။

Read more

မြန်မာ-အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

Read more

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုဖီအာနန် တွေ့ဆုံ

ရန်ကုန် ၊ သြဂုတ် ၂၄ ။          ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်တို့ ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ တင်သွင်းသည့် အစီရင်ခံစာပါ အကြောင်းအရာများနှင့် အစီရင်ခံတွင် ပြင်ဆင်ထည့်သွင်းရန် လိုအပ်သည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ သတင်းထုတ်ပြန်ခြင်း မရှိပေ။

Read more

မလေးရှားနိုင်ငံ မြန်မာသံရုံး၏ အသိပေးကြေညာချက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ၂၁-၈-၂၀၁၇ ရက်နေ့ ညပိုင်း၌ ကျင်းပခဲ့သည့် မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်အား လာရောက်ကြည့်ရှုအားပေးခဲ့ကြသည့် မြန်မာနိုင်ငံသားအချို့ Stadium Shah Alam ဘောလုံးကွင်းအနီးတွင် ရိုက်နှက်ခံရခြင်း လုယက်ခံရခြင်းများ ဖြစ်ပွားခဲ့ပါသည်။

Read more

မြိတ်တွင် ၈ လအတွင်း ငါးခိုးဖမ်းသည့်လှေ ၃၈ စီး ဖမ်းမိ၊ ထိုင်းလှေ ၅ စီးပါဝင်

မြိတ်ကျွန်းစုရေပြင်မှာ ဇန်န၀ါရီကနေ သြဂုတ်အထိ ၈ လတာအတွင်း ထိုင်းနိုင်ငံက ငါးဝင်ရောက်ခိုးဖမ်းတဲ့ ငါးဖမ်းလှေ ၅ စီးအပါဝင် စုစုပေါင်း ၃၈ စီးကို မြန်မာ့ရေတပ်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

မြန်မာ့ရေပိုင်နက်အတွင်း လာရောက်ငါးခိုးဖမ်းနေတဲ့ ထိုင်းနိုင်ငံက လှေတွေအပါအ၀င် မြန်မာနိုင်ငံက စည်းပျက်၊ တရားမ၀င်လှေတွေကိုလည်း စစ်ဆေးအရေးယူကာ သက်ဆိုင်ရာ ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနဲ့ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Read more

ပြည်နယ်ပါတီအတွင်းရေးမှူး ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့နယ်/ရပ်ကွက် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ ရှေ့လုပ်ငန်းစဉ်များရှင်းလင်းမှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မွန်ပြည်နယ်ပါတီအတွင်းရေးမှူးသည် ယမန်နေ့ နံနက် ၁၁ နာရီက ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ   ၌မော်လမြိုင် ခရိုင် ချောင်းဆုံမြို့နယ်မှ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်းရုံးရေးမှူး များအားတွေ့ဆုံကာ ရှေ့ဆက်လုပ် ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ နှင့်     စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

Read more