မြေပုံကျေးရွာ၌ ပြုလုပ်ကျင်းပ သော စုဒ္ဒသမအကြိမ်မြောက် သောတာပန် ဆီအလှူတော်သို့ ဆီပိဿာ အချိန် (၄၀) အား လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ဇနီး​ ဒေါ်မြတ်​​ငွေ (မိသားစု)နှင့် ပြင်ဦးလွင်ခရိုင် မြို့နယ်ပြည်​ခိုင်​ဖြိုးပါတီတို့မှ (၂၈-၈-၂၀၁၇) ရက်​​နေ့  နံနက်  (၁၀း၀၀) နာရီ အချိန်တွင်​ ဓမ္မဒုတဗုဗ္ဗာရုံ တောရ၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာဒေသ၊ မြေပုံကျေးရွာ၌ ပြုလုပ်ကျင်းပ သော စုဒ္ဒသမအကြိမ်မြောက် သောတာပန်ဆီအလှူတော်သို့ ဆီပိဿာ အချိန် (၄၀) အား လှူဒါန်းကာ ရေစက်ချတရားနာခဲ့ပါသည်။

Read more

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်နေသော မြို့နယ်ပါတီ ကော်မတီဝင်များ အစားထိုးရွေးချယ်ခြင်း ကျင်းပ

 

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်​၊ နတ်​​မောက်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လစ်​လပ်​​နေ​သော မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အစားထိုး​ရွေးချယ်​ခြင်း ကို ၂၉.၈.၂၀၁၇ ရက်​​နေ့ နံနက်​ ၁၀း၄၀နာရီအချိန်တွင်​ နတ်​​မောက်​မြို့နယ်​ ပါတီရုံး၌ ကျင်းပပါသည်​။

ရွေးချယ်​ပွဲသို့ မ​ကွေးတိုင်း ပါတီ​ကော်​မတီ ဘဏ္ဍာ​ရေးမှူး ၊​ရွေးချယ်​​ရေး အဖွဲ့​ခေါင်း​ဆောင်​ ဦးကြည်​ထွန်း၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​၊မ​ကွေးခရိုင် ​ပါတီ​ကော်​မတီဝင်​ ဦး​အောင်​နိုင်​တို့ တက်​​ရောက်​ခဲ့ကြောင်း သိရှိရပါသည်​။

Read more

ပင်းတယမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​အစည်းအ​ဝေးကျင်းပ

ဓနုကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ပင်းတယမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို မြို့နယ်​ပါတီရုံးခန်းမ၌ ၂၈.၈၂၀၁၇ရက်နေ့ နံနက်​ ၁၀း၀၀နာရီအချိန်​တွင်​ ကျင်းပရာ ​ရှမ်းပြည်​နယ်​ အရန် ပါတီ​ကော်​မတီ၊ ​တောင်​ကြီးခရိုင်​ ပါတီ​ကော်​မတီ နယ်​​မြေတာဝန်​ခံမှ တက်​​ရောက်​ အမှာစကား​ပြောကြားခြင်း၊ မြို့နယ်​ပါတီ ဥက္ကဌမှ ​ရှေ့လုပ်​ငန်းစဉ်​များ​ ဆွေး​နွေးခြင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေသဦးစီးအဖွဲ့ဝင်​ ဦး​ကျော်​ငြိမ်း၊ ဦးထွန်း​မောင်​တို့မှ ​ဆွေး​နွေးခြင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များမှ စည်းရုံး​ရေးရာကိစ္စများ တင်​ပြခြင်း၊ ရပ်​စည်းများမှ ပါတီဝင်​ ရရှိထားမှု၊ အမာခံများ လုပ်​ရှား​ဆောင်​ရွက်​စည်းရုံး​နေမှုများကို တင်​ပြ​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိခဲ့ရပါသည်​။

Read more

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ စုပေါင်းသွေးလှူဒါန်း

 

မန္တလေးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ အစီ အစဉ်ဖြင့် Youth Day လူငယ်လှုပ်ရှားမှုအဖြစ် ပါတီဝင်လူငယ်များ စုပေါင်းသွေးလှူဒါန်းခြင်းကိုယမန် နေ့နံနက် ၈ နာရီက ဗဟိုအမျိုး သမီးဆေးရုံကြီး(မန္တလေး)သွေးလှူ ဘဏ်တွင် ဆောင်ရွက်ခဲ့ကြသည်။

သွေးလှူဘဏ်အတွင်း ပါတီဝင်လူငယ်မောင်မယ်များ သွေးလှူဒါန်းမှုဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ သွားရောက်အားပေးခဲ့ကြသည်။

Read more

ဒေးဒရဲပြည်ခိုင်ဖြိုးပါတီမှ ဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၌ တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် သြဂုတ် ၂၇ ရက် မွန်းတည့် ၁၂ နာရီမှစတင်ကာ ဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ဖျာပုံမြို့နယ် ‘မြတ်နိဗ္ဗာန်’ ဘုရား သန့်ရှင်းရေးကုသိုလ်တော်အဖွဲတို့ပူးပေါင်း၍ အင်အား ၁၃ဝ တို့သည် စေတီတော်ကြီး၏ အရံစေတီတော်များနှင့်        ရင်ပြင်တော်တစ်ဝိုက်ကပ်ငြိနေသော ရေညှိများ၊ အမှိုက်သရိုက်များ ကိုစုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရသည်။

Read more

ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီမှ ပင့်သံဃာအရှင်သူမြတ်များအား ဝါဆို သင်္ကန်းနှင့်ဆွမ်း ဆက်ကပ်လှူဒါန်း       ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံးအပေါ်ထပ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာကဏ္ဍတာဝန်ခံနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်လူငယ်ရေးရာကဏ္ဍတာဝန်ခံများတွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဒေါက်တာ အောင်မြတ်ဦးနှင့် တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်များမှလူငယ်ရေးရာကဏ္ဍတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

Read more

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအား ခရိုင်ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၆ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။

Read more

နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် နိုင်ငံရေးပါတီများ စုပေါင်း တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ယနေ့         ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ အခြေအနေများအား ယင်းအခြေအနေများထက် ပိုမိုဆိုးရွားသော အကြမ်းဖက်တိုက်ခိုက်         သတ်ဖြတ်ခံရမှုများအပေါ် ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

Read more