မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ပြီးနောက် ဂျပန်နိုင်ငံက ဒုံးခွင်းဒုံးအသုံးပြု စစ်ရေးလေ့ကျင့်
မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်ပြီးနောက် နာရီပိုင်းအကြာမှာ ဂျပန်လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ဒုံးခွင်းဒုံးစနစ် PAC-3 ကို အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်ခန်းကို ဒီနေ့မနက်ပိုင်းက တိုကျိုမြို့ရှိ ယိုကိုတာ အမေရိကန် စစ်အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်လေကြောင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ပတ်ထရီယော့ အဆင့်မြင့် ဒုံးခွင်းဒုံး အမှတ် – ၃ ဒါမှမဟုတ် PAC-3 လို့ အမည်ရတဲ့စနစ်ကို အသုံးပြုခဲ့ပါတယ်။
Read more