အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်

အောင်မြေသာစံ နိုဝင်ဘာ ၂၈

၂၈-၁၁-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၀:၄၅ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပါသည်။တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးတိုက ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးရေးရာ မူဝါဒ၊သဘောထားများ၊ပါတီမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာကဏ္ဍ လှုပ်ရှားဆောင်ရွက်နေမှုများ၊အမျိုးသမီးပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Read more

ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ် စံချိန်သစ်တင်

နိုဝင်ဘာ ၃၀

ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ယနေ့ နံနက်အစောပိုင်းက ချန်ပီယံလိဂ် ပွဲစဉ်-၅ (ဒုတိယနေ့)အဖြစ် ကစားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် နာပိုလီအသင်းတို့ ပွဲစဉ်၌ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ရာသီအစ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

Read more

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အိမ်ငါးလုံး ပြိုကျ

နိုဝင်ဘာ ၃၀

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လူစည်ကားသောနေရာတစ်ခုတွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်ငါးလုံး ပြိုကျခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြား သည်။

မွမ်ဘိုင်းမြို့ ချမ်ဘားဆင်ခြေဖုံးရှိဂေါက်ကလပ်အနီးတွင်ဟင်းချက်ဓာတ်ငွေ့ ဆလင်ဒါတစ်လုံး ပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဂက်စ်ပေါက်ကွဲမှုကြောင့် ချမ်ဘားဆင်ခြေ ဖုံး၏လမ်းကျဉ်းတစ်ခုအတွင်းရှိ နေအိမ်များကို ပြိုကျပျက်စီးစေခဲ့သည်။

Read more

အမှားများနေတဲ့ အိုနာနာဘက်ကနေ ကာကွယ် ပြောဆိုခဲ့ပြန်တဲ့ နည်းပြ တန်ဟက်ဂ်

နိုဝင်ဘာ ၃၀

မန်ယူအသင်းနည်းပြ တန်ဟက်ခ်က ယနေ့နံနက်အစောပိုင်းက ချန်ပီယံလိဂ် ပွဲစဉ်-၅ (ဒုတိယနေ့)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဂါလာတာစာရေးနဲ့ပွဲမှာ သုံးဂိုးစီသရေကျခဲ့တဲ့နောက် အသင်းရဲ့ ဂိုးသမား အိုနာနာကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ကာကွယ်ပေးသွားခဲ့ပါတယ်။

တူရကီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ မန်ယူအသင်းဟာ ဒီပွဲမှာ ၀-၂ ဂိုး၊ ၁-၃ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ ဦးဆောင်မှုတွေ လုပ်ထားခဲ့ပေမယ့်လည်း ဂိုးသမား အန်ဒရေ အိုနာနာရဲ့ အမှားအယွင်းကနေ (၃)ဂိုးစီ သရေကျသွားခဲ့ပါတယ်။

Read more

လာမည့်နှစ်တွင် ကိုရီးယားနိုင်ငံက မြန်မာအပါ အဝင် နိုင်ငံခြားလုပ်သား ၂ သိန်းခန့် ခေါ်ယူမည်

နိုဝင်ဘာ ၂၉

လာမည့် ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံခြားလုပ်သား ၂ သိန်းခန့် ခေါ်ယူသွားမည်ဟု သိရပါသည်။

ကိုရီးယားနိုင်ငံအနေနှင့် လာမည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားသားလုပ်သား ၂ သိန်းခန့်ခေါ်ယူမည်ဟု နိုဝင်ဘာလ ၂၇ ရက်က ကျင်းပခဲ့သည့် အကြိမ်(၄၀) မြောက် နိုင်ငံခြားသားလုပ်သား မူဝါဒဆိုင်ရာအဖွဲ့အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရပါသည်။

Read more

ကမ္ဘာ့ အကြီးဆုံး UAE ရဲ့ Solar Farm

နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဘဲ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ ကမ္ဘာ့ အကြီးဆုံး UAE ရဲ့ Al Dhafra Solar Farm ဟာ စတင် လည်ပတ်ပြီ ဖြစ်ပါတယ်။

Read more

ပဉ္စမအကြိမ်မြောက် စုပေါင်းဘုံကထိန်တွင် ပါဝင်ကုသိုလ်ပြုလှူဒါန်း

တာချီလိတ် နိုဝင်ဘာ ၂၇

၂၇_၁၁_၂၀၂၃ ရက်နေ့တွင်၊တာချီလိတ်မြို၊လွယ်တော်ခမ်းအုပ်စု ကုသိန္နာရုံကျောင်းတိုက်(အိုဆဲဗင်း)တွင် (၃၈)ကြိမ်မြောက်စုပေါင်းဘုံကထိန်ကျင်းပရာသို ခရိုင်/မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပဉ္စမအကြိမ်မြောက်စုပေါင်းလှူဒါန်းမှုဖြင့် ငွေပဒေသာပင်၊ အလှူပစ္စည်းပဒေသာပင်တိုကိုပါဝင်ကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။

ကထိန်ခင်းသည့်ကျောင်းတိုက်သို ခရိုင်ပါတီဥက္ကဌဦးဘိုစံ၊ခရိုင်အတွင်းရေးမှူးဦးဟန်ဦး၊မြိုနယ်ပါတီ ဥက္ကဌဦးကျော်ငြိမ်းအောင်၊မြိုနယ်အတွင်းရေးမှူး ဦးစိုးကျော်အောင် တိုနှင့်အတူမြိုနယ်ကော်မတီဝင်များ၊ပါတီလူငယ်ရေးရာနှင့်မြိုနယ်အမျိုးသမီးရေးရာတာဝန်ခံနှင့်ပါတီလူငယ်များအမျိုးသမီးအဖွဲများပါဝင်၍ ကျောင်းတိုက်သိုမော်တော်ယာဉ်များဖြင့်တစ်ပျော်တစ်ပါးသွားရောက်၍ ပဒေသာပင်များအားရေစက်ချလှူဒါန်းခဲ့ကြပါသည်။

ယနေ့တွင်ခရိုင်နှင့်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေဖြင့်ပဉ္စမအကြိမ်မြောက်စုပေါင်းလှူဒါန်းခြင်းမှာ ငွေသားကျပ်(၁၃)သိန်း(၂)သောင်း၊ငွေသာဘတ်(၁)သောင်း(၈)ထောင်(၄)ရာ၊ပစ္စည်းတန်ဘိုးမှာဘတ်(၈)ထောင်၊(၃)ရာဖြစ်သဖြင့် အားလုံးစုစုပေါင်းလှူဒါန်းငွေမှာ ကျပ်(၁၃)သိန်း(၂)သောင်းနှင့်ဘတ်(၂)သောင်း၊(၆)ထောင်(၇)ရာတိတိဖြစ်ကြောင်းသတင်းရရှိပါသည်။

Read more

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသည့် ဆောက်လုပ်ရေးလုပ်သားများကို ကယ်ဆယ်နိုင်ခဲ့

နိုဝင်ဘာ ၂၉

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်ရှိ Silkyara ဥမင်လှိုင်ခေါင်းအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် ဆောက်လုပ်ရေး လုပ် သားများကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

Read more

လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

နိုဝင်ဘာ ၂၉

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်း ထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေပါ သည်။

Read more